MSU မှ သူငယ်ချင်း အားလုံးပဲ မင်္ဂလာပါခင်ဗျာ
အခုတစ်ခါ ကျနော်တင်ပြပေးမှာကတော့ upvote boost အကြောင်းလေးပဲ ဖြစ်ပါတယ်....။
ကျနော်လေ့လာသိရှိရသလောက် steemit တွင် လူသစ်တွေအနေနဲ့ postတင်တဲ့အခါ လာဗုတ်တဲ့သူများပေမယ့်လည်း $တွေကမတက်တော့... ဒီတော့ ကျနော်တို့တွေက မိမိတင်ထားသော postများအား $တွေ များများရအောင် ဘယ်လိုလုပ်ရမလဲ...? ဟုတ်ကဲ့ steem to sbd ပေးပြီး upvote booster ရောင်းစားသူများထံမှ ဝယ်ယူ သုံးစွဲမှပဲ ရပါမယ်ခင်ဗျာ...။
ကျနော်ယခုတင်ပြပေးမယ့် upvote boost အကြောင်းလေးအား ထုံးစံအတိုင်း ဆရာသမားတွေကတော့ ကျော်သွားနိုင်ပါတယ် ဘဝတူ ကျနော့်လို လူသစ်လေးတွေအတွက်ကတော့ အထောက်အပန့်ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ...။
ပုံလေးတွေနဲ့ တစ်ဆင့်ချင်းစီ ပြပေးပါမယ် မသိသေးတဲ့ ကျနော့်လို လူသစ်လေးတွေကတော့ သေချာလေး ဖက်ကြည့်ပေးကြပါခင်ဗျာ မရှင်းတာများ ရှိရင်လည်း comment မှာ မေးမြန်းနိုင်ပါတယ်။
Upvote boost သုံးမယ်ဆိုရင်တော့ မိမိရဲ့ wallet ထဲတွင် steem to sbd ရှိဖို့တော့ လိုပါတယ်ခင်ဗျာ...။
Steemit တွင် မိမိတင်ထားသော postအား $များများ ရအောင် upvote boost သုံးမယ်ဆိုတော့ အောက်ပါလင့်ခ်မှာဝင်ပါ👇👇
https://steembottracker.com 👈
အခုလို ဆိုဒ်ထဲဝင်ရောက်တာနဲ့ upvote boost ရောင်းစားသူများအား တွေ့ရှိရမှာ ဖြစ်ပါတယ်ခင်ဗျာ ...
အောက်ပါပုံအားကြည့်ပါ ကျနော်ကတော့ upvote ရောင်းသူများထဲက တစ်ယောက်ကို ရွေးလိုက်ပါတယ် သူနဲ့ boost လုပ်ဖို့အတွက် ပုံပါမြှားပြထားတဲ့ Actions အဝါရောင်အတုံး နေရာလေးကို နိုပ်လိုက်ပါမယ်။
အခုလို Actions နေရာလေးကို နိုပ်လိုက်ရင်တော့ အောက်ပါပုံအတိုင်း ပေါ်လာရင် Send Bid ဆိုတဲ့ နေရာလေးကို နိုပ်လိုက်ပါမည်
ဒါဆိုရင် ခုနက ကျနော်ရွေးချယ်ထားသူနဲ့ upvote boost လုပ်ဖို့အတွက် ဖောင်ဖြည့်ရမယ့် အပိုင်းကို ရောက်လာပါမယ်။ အောက်ပါပုံအားကြည့်ပါ
Your steemit auccont name ဆိုတဲ့ အပေါ်ဆုံး ကွက်လပ်ထဲတွင် မိမိရဲ့ steemit နာမည်အား ဖြည့်ပေးပါ။
Bid Amount ဆိုတဲ့နေရာတွင် မိမိအနေနဲ့ steem နဲ့ boost မှာလား sbd နဲ့ boost မှာလား ရွေးချယ်ပေးပါ။ပြီးရင်တော့ မိမိအနေနဲ့ မိမိရဲ့ postအား steem to sbd ဘယ်လောက်ပေး၍ boost မှာလည်းဆိုတာ ထပ်၍ဖြည့်ပေးပါ။
(ဒီနေရာမှာ ပြောစရာရှိတာက upvote ရောင်းစားတဲ့သူတွေက တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး တစ်ချို့က သူတို့ရဲ့botကို steem to sbd = 0.01 မှ 5 အထိ ထား၍ သက်မှတ်ပြီးတော့ အမျိုးမျိုးရောင်းကြပါတယ် သူတို့သက်မှတ်ထားတဲ့ ပမာဏထပ် ပိုပြီးပို့ရင် ပို့ရပါတယ် လျှော့ပြီးတော့ ပို့မရပါ)
Your post URL ဆိုတဲ့ အောက်ဆုံးကွက်လပ်ထဲတွင် မိမိ upvote လုပ်မယ့် post link အား ဖြည့်ပေးပါ။
ပြီးရင်သေချာပြန်စစ်ဆေးပါ မှန်တယ်ဆိုရင်တော့..
Check and Submit ဆိုတဲ့ ဘုလေးကို နိုပ်လိုက်ပါ
ဒါဆိုရင် အောက်ပါပုံအတိုင်း ထပ်၍ပေါ်လာမည်
CONTINUE ဆိုတဲ့ ဘုလေးကို နိုပ်လိုက်ပါ
ဒီလိုဆိုရင် အောက်ပါပုံအတိုင်း ဆက်ပေါ်လာပါမည်
steemit SIGN IN တာနဲ့ အောက်ပါပုံအတိုင်း ပေါ်လာရင်တော့ ကျနော်တို့ upvote boost လုပ်တာ ပြီးသွားပါပြီ
တစ်ဖန်ပြန်၍ မိမိwalletထဲသို့ သွားရောက်၍ History မှာ ကြည့်ပါ ငွေလွှဲထားတာကို တွေ့ရပါလိမ့်မယ်။အောက်ပါပုံအတိုင်း👇
အခုလို မိမိရဲ့ post အား upvote boost လုပ်ထားပြီးပါက မိမိpostအား နှစ်နာရီ မှ သုံးနာရီအတွင်း လာရောက် upvote ပေးပါလိမ့်မည်။ အောက်ပုံပါအားကြည့်ပါ
ကျနော်upvote boost လုပ်ထားတာ sbd0.5 နဲ့ပါ သူလာပြီး upvote ပေးတာ sbd 1.15 ရပါတယ်။
နောက်ထပ်လည်း upvote boost နဲ့ ပက်သက်ပြီးတော့ အသေးစိတ်ကို ထပ်မန်တင်ပြပေးပါမည်။ အခုတော့ ဒီလောက်နဲ့ ရပ်နားပါစေခင်ဗျာ....
အားလုံးကို ကျေးဇူးတင်ပါတယ်။
MSU 050
Author @onedee