ကျနော့်ကိုမြင်ရင် ပုံမှန်လည်ပတ်နေတဲ့ သူ့နေ့ရက်လေးတွေ အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ ကျနော်သူ့အကောင့်လေးကို follow တောင်မလုပ်နိုင်ခဲ့ပါဖူး။
သူပင်ပန်းနေတဲ့အခါ အနားကိုချက်ချင်းသွားချင်ခဲ့ပေမယ့် မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုအတွက် ရင်နာနာနဲ့ရပ်ကြည့်ရင်းဆုတောင်းပေးရုံပဲတတ်နိုင်ခဲ့ပါတယ်။
ကျနော့်အတွက်တော့ သူက ခလေးလေးတစ်ယောက်လိုပါပဲ။
အရာရာမှာ ဘယ်လိုပဲစိတ်မချဖူးဆိုပေမယ့် ကျနော် တစ်သက်လုံးဘေးနားရှိနေပေးဖို့ဆိုတာထက် သူကိုယ်တိုင်ရင့်ကျက်တည်ငြိမ်လာတာလေးပဲ တကယ်လိုအပ်တယ်လို့ထင်ပါတယ်။ ဒါကြောင့်မျက်စိမှိတ်ပြီး လွှတ်ထားပေးရတာလေးတွေရှိလာတဲ့အခါ ကျနော် အဲဒီအချိန်တွေကို အမြန်ကုန်ဆုံးစေချင်ခဲ့တယ်။
ကျနော်က သူ့အတွက် အရာရာတာဝန်ယူပေးတဲ့ သက်ဆိုင်သူဖြစ်ချင်ခဲ့ပေမယ့် ခုလက်ရှိ သူတာဝန်ယူပေးထားတဲ့ မိသားစုလေးက ရှိနှင့်နေပြီလေ။ ကျနော်က သူ့အတွက် လူကြီးတစ်ယောက်ဖြစ်ပေးဖို့အဆင့်သင့်ရှိနေချင်ခဲ့ပေမယ့် သူလူကြီးလေးအဖြစ်နေပေးရမယ့်ဘဝက သပ်သပ်ရှိနေခဲ့တယ်။
ကံတရားကိုကျနော်အပြစ်မတင်ပါဖူး။
ဒါ ကျနော်တို့လုပ်ခဲ့တာမို့ပြန်ရခဲ့တာပါ။
သူ့ကိုပိုပြီးအပြစ်မတင်ရက်ပါဖူး။
တကယ်လည်းသှူုမှာဘာအပြစ်မှမှမရှိခဲ့တာလေ။
ပျံသန်းပါတော့ဌက်ကလေးရယ်။ ဟိုးဝေးဝေးအမြင့်တစ်နေရာကနေ မင်းသတိရလို့ငုံ့ကြည့်လိုက်တဲ့အခါ နာနာကျင်ကျင်နဲ့အဝေးကနေလှမ်းမျှော်ကြည့်နေတဲ့ငါကိုမြင်တွေ့နိုင်မှာပါ။
ငါ့ရဲ့နာကျင်ခြင်းတွေအရာထင်အောင် အကောင်းဆုံးဘဝလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့သာဖြတ်သန်းသွားလိုက်ပါ။
ငါက ဒီလောက်ဆို ကျေနပ်နေပါပြီ :')
ခုလက်ရှိရင်ထဲကခံစားချက်လေးက တစ်ခုတည်းပါ..
ငါ နင့်ကို အရမ်းလွမ်းတယ်……
@paingphyothu
MSC-201