အမေများနေ့' ၏ ထူးခြားအရေးပါသောလုပ်ဆောင်ချက်မှာ နံနက်စောစောထ၍ သားသမီးများကိုယ်တိုင်ချက်ပြုတ်ကာ မိခင်များအား ကျွေးမွေးပြုစုချင်ပဲဖြစ်ပါတယ်။မိခင်များအား သန့်ရှင်းစင်ကြယ်ရန် ရေချိုးပေးခြင်း အိမ်သန့်ရှင်းရေးပြုလုပ်ပေးခြင်း မိခင်များ သက်တောင့်သက်သာနေထိုင်ရန် စားသောက်နေထိုင်မှုအတွက် ပြင်ဆင်မွမ်းမံပေးခြင်းများပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။မိခင်များအတွက် ထိုနေ့၌ ကောင်းစွာအနားယူခြင်းသည်ပင်လျှင် အမေများနေ့၏ အကောင်းဆုံးလက်ဆောင် ဖြစ်ပါတယ်။
ထိုနေ့တွင် မိသားစုတွေ့စုံပွဲပြုလုပ်သည့် အရေးပါသောအချိန်အခါတစ်ရပ်လည်ဖြစ်ပါတယ်။အချို့မိသားစုများမှာ ဂုဏ်ပြုပူဇော်ထိုက်သည့် မိခင်များ အဖွားအိုများ ဒေါ်ကြီး ဒေါ်လေးများ အစ်မကြီးများနှင့် ဝမ်းကွဲညီအမများပါ ခေါ်ယူစုစည်းပေးကြပါတယ်။
အာလပ်ရက်တွင် မိခင်များနှင့်ဆုံဆည်းခွင့် မရနိုင်သည့်သူများက မိခင်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုကြပါတယ်။အမေရိကန်နိုင်ငံရှိ တယ်လီဖုန်းကုမ္ပဏီများအနေဖြင့် အဆိုပါ 'အမေနေ့'သည် အလုပ်များဆုံးနေ့ဟုပင် ဆိုရပါတယ်။၁၂၅သန်းမျှမကသော သားသမီးများသည် မေ၁၃ရက် တနင်္ဂနွေနေ့တွင် သူတို့၏ အမေများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုကြပါတယ်။
အချို့သော မိသားစုများမှာ မိခင်များနှင့်အတူ စားသောက်ဆိုင်ခန်းသို့ သွားရောက်စားသောက်ကြပါတယ်။ဤသည်ပင် ထူးခြားသည့် မိခင်နေ့၌ မိခင်များအတွက် မီးဖိုချောင်ဝင်ရန်မလိုအပ်ကြောင်း ဖော်ညွှန်လိုခြင်းဖြစ်ပါတယ်။အပြင်ထွက်၍ မိသားစုလိုက် ညစာစားသုံးခြင်းမှာ အမေများ၏ အခန်းကဏ္ဏတစ်ရပ်ပင် ဖြစ်ပါတယ်။၃၀%အောက်နည်းသော အမေရိကန်ပြည်သူများမှာ ဤသို့ လုပ်ဆောင်ခဲ့ကြပါတယ်။ထိုနေ့သည် အမေရိကန်တစ်ဝန်းလုံးရှိ စားသောက်ဆိုင်များအားလုံး အစည်းကားဆုံးနေ့တစ်နေ့ဖြစ်ပါခဲ့ပါတယ်။
'အမေများနေ့'၏အခြားသော လုပ်ဆောင်မှုတစ်ရပ်မှာ တေးဂီတဖျော်ဖြေပွဲများသို့ သွားရောက်ခြင်း ဖြစ်ပါတယ်။လူကြိုက်အများဆုံးတေးတစ်ပုဒ်မှာ မေမေသင်ပေးသော သီချင်းတစ်ပုဒ်(Song My Mother Taught Me)ပဲဖြစ်ပါတယ်။၎င်းသီချင်းမှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံသား တေးရေးဆရာအင်တိုနင်ဒဗိုရက်စ် (Anton In Dvorak)ရေးစပ်ခဲ့ပြီး တယောပညာရှင် အက်ဇက်ပါမင် (Itzhakperlman)က မွမ်းမံပေးထားပါတယ်။
မိခင်များနေ့အနေဖြင့်သာမက ဖခင်များနေ့(Father's Day)ကိုလည်း ၂၀၀၁ခုနှစ် ဇွန်လမှစ၍ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။အမေများနေ့ရှိလျှင် အဖေများနေ့လည်းရှိရမည်မှာမဆန်းပါ။သမ္မတကြီး ရစ်ချရှ်နစ်ဆင်ကလည်း လွန်ခဲ့သော ၁၉၇၀ပြည့်နှစ်ကတည်းကပင် ဖခင်များနေ့ကို တစ်မျိုးသားလုံးလေးစားလိုက်နာကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဒါတင်သာမက အမေရိကန်နိုင်ငံတွင် ဘိုးဘွားများကို ဂုဏ်ပြုသော နေ့တနေ့လည်း အလားတူ ရှိပါသေးသည်။ထိုနေ့က စက်တင်ဘာလဖြစ်ပါတယ်။ အဆိုပါနေ့တွင် သက်ကြီးဝါကြီးမိဘများထံမှ သြဝါဒစကားများနာယူမှတ်သားကြသည့် သက်ကြီးပူဇော်ပွဲပင်ဖြစ်ပါတယ်။'မိဘများနေ့'ဟူ၍လည်း ခေါ်ဆိုနိုင်မည်ထင်ပါတယ်။