တခုခုကို အာရုံစိုက်တာများလာရင်လည်း ကျလိ ကျလိ အသံက နားထဲကတဆင့် နားထင်အထိ လေတိုးဝင်လာသလို ဖြေးညှင်းစွာ မြည်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာတာ အကြိမ်ကြိမ်ရှိနေခဲ့ပါတယ် ။
မခံမရပ်နိုင်အောင် တခါတလေ ခံစားမိသလို တခါတလေကျတော့လည်း ကျလိ ကျလိမြည်သံကို နားထင်ကနေဘယ်ထိသွားမလဲဆိုတာ မျက်စိကိုမှိတ်ပြီး သေသေချာချာ လွှတ်ထားရင်း အာရုံထဲမှာ စူးစူးစိုက်စိုက်ခံစားကြည့်ပစ်လိုက်ပါတယ် ။ ကျလိကျလိ မြည်သံရဲ့ အပျော့ အပြင်း အလိုက် ပေါ့ ။
နားအူလို့  တဝှီဝှီ မြည်သံမျိုးကို online အသုံးများလို့  အိပ်ရေးပျက်သူတိုင်း ကြုံဘူးမှာပါ ။ ထို feel လို တကျစ်ကျစ်မြည်ရင်း တခါတရံဖြစ်ပေါ်လာတာပါ ။
B Pyae အိမ်နဲ့ သူငယ်ချင်းတွေကိုပြောပြတော့ အရူးတယောက်လိုအကြည့်နဲ့ အထူးအဆန်းဆိုပြီး အဟား ခံရပါသေးတယ် ။
ကိုယ့်မှာက သူတို့ နဲ့မတူတဲ့ အကြောင်းအရာတွေက ရှိနေလို့ ပါလားဆိုတဲ့ စိတ်ကို ဖြည့်တွေးပြီး စိတ်ညစ်စရာများကို အတတ်နိုင်ဆုံး ဥပေက္ခာပြုထားလိုက်ပါတယ် ။ အဲလိုဆင်ခြင်မနေရင် ကျစ်ကျစ် ကျစ်ကျစ်နဲ့ အစပျိုးပြီး ကျလိကျလိ အသံက ဦးနှောက်ထဲထိ ထိုးဖောက်တော့မလို ခံရခက်အောင် နှိပ်စက်တတ်လို့ ပါဘဲ ။
အဲ့လိုဖြစ်လာပြီဆို B Pyae က ချက်ချင်းအာရုံကို လွှဲပြီး တွေးလက်စအတွေးတွေကိုဖြတ်ပြီး steemit post တွေကို vote / ment ပေးတာတို့  စာရေးတာတို့  ဂိမ်းဆော့တာတို့ ကို ပြောင်းပြီး အာရုံလွှဲလိုက်တာပါဘဲ ။
B Pyae တခါတခါစဉ်းစားမိတာက နားေးသွားတဲ့လူကြီးတွေတပ်သလို နားကြပ်တခုလောက်သာ ကျလိကျလိမြည်နေတုန်းမှာ တပ်ထားလိုက်ရင် အကျယ်ကြီးမြည်ပြီး အိမ်ကလူတေများကြားဖူးအောင် ပြချင်မိတယ်လို့  စဉ်းစားမိတာပါ ။
MSC က အကိုအမတွေလဲ B Pyae စာကိုဖတ်ပြီး အထူးအဆန်းလို ဖြစ်နေမယ်ဆိုတာ နားလည်ပါတယ် ။ ဒါပေမယ့် B Pyae တကယ်အဲ့လို အခုဖြစ်လို့ စာ ထရေးပြီး အာရုံလွှဲလိုက်တာပါဘဲ ။
မယုံရင် ပုံပြင်တပုဒ်လို မှတ်ပြီး B Pyae ဟာသရေးသွားတယ်လို့ ဘဲ မှတ်ပါ ။ နေမကောင်းဖြစ်ချိန်မို့  ဒီလို ဖြစ်တာလားလို့  ကိုယ့်ဘာသာလဲ တွေးမိပါတယ် ။ B Pyae စာကိုဖတ်ပေးတာဘဲ ကျေးဇူးတင်လှပါပြီ ။ နေသာမကောင်းတာ B Pyae စာရေးအပြီးပုံတင်ဘို့  ဓာတ်ပုံရိုက်ကြည့်တာ လှတယ်တော့ ခ်ခ် ။
MSC021