မျှော်လင့်ခဲ့ဖူးတယ်
နင်ပြန်လာမယ်ဆိုပြီး
ပေးခဲ့တဲ့ကတိတွေအပေါ်
မျှော်လင့်မိဖူးတယ်
ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို စိတ်ကြည်လင်နေတယ်ထင်ပြီး
ရေတစ်ပေါက်လောက်မိုးရွာချပေးဖို့
မျှော်လင့်မိဖူးတယ်
အချစ်ကိုမျက်နှာဖုံးစွပ်ပြီး မျက်နှာဖုံးနောက်ကွယ်မှာ
မုန်းတယ်လို့ အကြိမ်ကြိမ်ပြောနေတာတောင်
မျက်နာဖုံးလေးများကိုယ်ဖြစ်လာမလားဆိုပြီး
မျှော်လင့်မိဖူးတယ် . . .
သူ့မျှော်လင့်ချက်တွေအောက်မှာ
ကိုယ့်အိပ်မက်တွေ အသိုက်ဖွဲ့နိုင်ဖို့
မျှော်လင့်မိဖူးတယ်
အချစ်ကဗျာတွေနဲ့ happy ending တွေချရေးဖို့
သူ့အချစ်တွေက ကျွန်တော့်ဖောင်တိန်အတွက်
မှင်ဖြစ်လာမလားဆိုပြီးတော့
ယုံကြည်ခဲ့ဖူးတယ်
ငါကလွဲပြီး ဘယ်သူမှမချစ်ဘူးဆိုတဲ့
ကတိစကားအပေါ်
ရင်ထဲကထိ ချစ်ခဲ့ဖူးတယ်
နောက်တစ်ယောက်ဆိုတာ
နောက်ဘဝမှာတောင်မရှိဘူးဆိုခြင်းအနေနဲ့
လွမ်းဆွတ်ခဲ့ဖူးတယ်
နင်ပေးခဲ့တဲ့
အကြင်အနာယုယပေါ်
သတိရဖူးတယ်
နင်နဲ့နှစ်ယောက်အတူသွားခဲ့
ဖူးတဲ့နေရာတွေအပေါ်
မျှော်လင့်မိဖူးတယ်
သူ့ရှိရာဆီမိုးရေစက်တွေရွာချပေးနိုင်ဖို့ . .
ဒါပေမယ့် မိုးရေစက်တွေရွာမချနိုင်ခင်မှာ
ကောင်းကင်ကြီးတိမ်ညိုတွေလွှမ်းသွားခဲ့သလို
ကိုယ့်နှလုံးသားမည်းပြာသွားခဲ့တယ် . . . .
သူ့ရဲ့အရာအားလုံးကို ဆေးကျောဖို့အတွက်
အရာရာကို မိုးအဖြစ်ရွာသွန်းလိုက်တော့
အရာအားလုံးသန့်စင်သွားပေမယ့်
ကျွန်တော့်နှလုံးသားမည်းပြာသွားခဲ့တယ်
ကောင်းကင်ကြီးဘယ်လောက်ပဲကြီးမားကျယ်ပြန့်နေပါစေ. . .
ကိုင်မရလို့ပုံရိပ်ယောင် . .
ကြယ်စင်ကမှ တကယ့်အမှန်တရားတဲ့ . . .
်ကျွန်တော်သူ့ကို ကြယ်စင်လိုချစ်တဲ့ အချစ်နဲ့ချစ်တာပေမယ့်
တစ်ခါတရံမှာ အချစ်ဟာ ကောင်းကင်ဖြစ်သွားတတ်တယ် . . .
အခုလည်း ကောင်းကင်ကြီးကိုကြည့်နေမိတယ် . .
ကောင်းကင်ထဲက ကြယ်လေးတွေကိုရေတွက်ရင်း . . .
အချစ်ဟာ ကောင်းကင်လား ကြယ်စင်လား
မပြန်လာတော့မှန်းသိနေပေမဲ့ ဒီနှလုံးသားလေးကညာနေတယ်ဟာ
သူပြန်လာမယ်ဆိုပြီး😢
အရင်လိုပြန်မချစ်နိုင်တော့မှန်းသိနေသော်လည်း ဒီနှလုံးသားလေးကထပ်ညာတယ်
သူမင်းကိုအရမ်းချစ်နေတယ်တဲ့😢
ချစ်ခဲ့ဖူးသူဆိုတဲ့ ရင်ခွင်တောင်သူသတိမရပေမဲ့ ဒီနှလုံးသားလေးက ညာနေသေးပြန်တယ် သူမင်းရင်ခွင်ထဲပြန်လာမယ်တဲ့😢
လွမ်းဆွတ်မှုဒဏ် ကြောင့်အိပ်ပျက်ညတွေရယ်💤💢
တချိန် ကအဖြစ်ပျက်တွေရဲ့ တိုက်ဆိုင်မှုတွေရယ်😞
နင်ပြန်လာမယ်ဆိုတဲ့ ကတိတွေရယ်😔
နာကျင်မှု အချို့အချို့ကိုမျိုသိပ်ရင်း😓
နေ့စဉ် အတူရှိခဲ့ဖူးလေတဲ့အမှတ်တရတွေ
အခုလိုချိန်မှာ ရက်စက် နာကျင် လွမ်းဆွတ်မှုအဖြစ်ကြုံရမယ်ဆိုရင် ငါလေအစောကတည်းကရှောင်ချင်ခဲ့တာပေါ့.....
မကြုံတော့မှန်း မဆုံတောမှန်း သိလေသော်ညား သံယောဇဉ် ကြိုးလေးရယ်ကြောင့် ညှိတွယ်မိလေဆဲပါ.....
ကောင်းကင်ယံမှာတိမ်တိုက်ကြီးတွေအုန်းမှိုင်ခဲ့တယ်....
ကောင်းကင်ယံမှာ နေပူပြင်းခဲ့တယ်...
ကောင်းကင်ယံမှာ ကြည်လင်ခဲ့ တဲ့ အချိန်စက်ဝန်း တိုင်းမှာ သတိရလေခြင်း တန်ဆာဆင်နေရတဲ့ ငါ့အဖြစ်.....
မလိုပါဘူး မလိုအပ်လေဘူး တွေးပြီး အနားမှာမရှိတဲ့ နင့်အကြောင်းတွေးလေတိုင်း ရင်နာဖူးပြီ......
မပြတ်သားတဲ့ နှလုံးသားအပေါ် နင်ညာသွားတဲ့ အရာကို ဦးနှောက်ကသိပေမဲ့ နှလုံးသားလေးက ယုံပေးတယ်......
တစိမ့်စိမ့်တွေး တမြေ့မြေ့ဆွေး အခန်းထောင့်တစ်နေရာ နဲ့ အေးစက်စက်ကြမ်းပြင်က အလွမ်း ဒဏ်ခက်နေသလားထင်မှတ်မိတယ်........
မတွေးခဲ့ ဖူးလေဘူး အချစ်ရူး ရူးရမယ်ဆိုတာ ဘုရားရောက်တိုင်း တောင်းတဲ့ဆုက ချစ်ရသူနဲ့ ဘဝတိုင်း ပေါင်းဖက်ရပါလို့၏....
ဘဝကံကြမ္မာ မျက်နှာသာမပေးလေတော့
ငါ့ဘဝအကြောင်း ငါ့ကံကြောင့်လို့သာ ပုံချချင်မိပါတယ်.......
ချစ်ခဲ့တဲ့နှလုံးသား ကိုအပြစ်မတင် စက်ဝန်းအပိုင်းခြားတွေ ဒေသတွေ အပြစ်မပါ😔
ကိုယ့်ဘဝအကြောင်း ကို့ကံသာ အပြစ်ရဲ့ဒဏ်ခတ်မှု ဝဋ်ကြွေးရှိသမျှ ဤဘဝ၌ ကြေရပါစေကြောင်း ဆုတောင်းမိဆဲပါ......
တစ်ကြိမ်တစ်ခါ ချစ်မိခြင်းအပေါ် မဖြစ်နိုင်လေတော့တဲ့ ချစ်ခြင်း ကိုတမ်းတနေဆဲအခြေနေဟာ ဝဋ်လိုပါပဲ......
နင်မလိုအပ်မှန်းသိနေသော်လည်း....
ချိုမြိန်တဲ့ အရင် ကကတိ တွေ ကအခုချိန်မှာ ငါ့အတွက်ခါးသီးနေခဲ့ပြီ......
မျှော်လင့်သူတစ်ယောက်သာမို့........
နင်နာကျင် ခါတိုင်းပြန်ခဲ့ဖို့ ပါခွင့်ပြုထားတယ်......
အဓိပ္ပါယ် မဲ့တဲ့ စွဲလမ်းမှုအပေါ်တူညီတဲ့ ကောင်းကင်ယံက ကြယ်တွေရေတွက်ရင်းငါ့စောင့်နေမှာဟ.......
ဦးနှောက်ကြီးက မဖြစ်နိုင်လေတော့မှန်းသိနေသော်လည်း မျှော်လင့်ချက်တစ်ခုနဲ့ အသက်ဆက်နေတဲ့ ငါ့အဖို့ နင်ငါ့နံဘေးမရှိပေမဲ့ ကမ္ဘာကြီး ရဲ့တစ်နေရာရာမှာ နင်ပျော်နေပါစေလို့ ငါ့ဆုတောင်းရင်း🙏
နင်ပြန်လာမဲ့ ရက်ကိုမျှော်လင့်လျက်ပေါ့...........
လေးစားလျက်
@saihack
MSC No.152
Long poem Photo crd from Google