MSC group4 family.
Msc ရပြီးဒုတိယ post ကနေ ပြန်တွေ့ရတဲ့ msc member ဝင်တွေကို မင်္ဂလာပါလို့။ msc ရဲ့နောင်တစ်ချိန်ကြယ်ပွင့်တစ်ပွင့်ဖြစ်အောင်ကြိုးစားနေပါတယ်။
ပထမဆုံး ကျွန်တော် MSC ရတုန်း post တင်တုန်းက msc group 4 က ညီအကိုမောင်နှမတွေကို အရမ်းကျေးဇူးတင်ပါတယ်။အဖွဲ့ဝင် အသစ်ပင်မဲ့နွေးထွေးစွာ ကြိုဆိုကြတယ်။ အမှားပါရင်အမှားကိုထောက်ပြကြတယ် အမှန်ဖြစ်အောင်။ msc ကနေဖွဲ့ပေးလိုက်တဲ့ group တွေဆိုတာလဲ မိသားစုတစ်စုအဖြစ်ပေးလိုက်တဲ့သဘောပါပဲ။ မိသားစု ဆိုတာက တစ်ဦးနဲ့တစ်ဦးကူညီကြတယ်လေ။ ကျွန်တော်က msc group 4ကိုစစရောက်ခြင်းမှာပဲ bro @htetwaihin ကmsc ရဲ့အကြောင်းကိုသေသေချာချာရှင်းပြာတယ်။ တခြား msc group 4 member ဝင်တွေကလဲ သေချာလေးအမှားထောက်ပြပါတယ်။msc group 4 member တွေနဲ့ တွေ့ဆုံခွင့်ရတာ အတိုင်းမသိဝမ်းသာမိပါတယ်။
ကျွန်တော် msc မရခင်တုန်းကဆို Msc ရဖို့အတွက် အမြဲကြိုးစားခဲ့ရတယ်။ Msc group ရဲ့ admin တွေဖြစ်တဲ့ @donjaun နဲ့ @thatkozaw တို့အများကြီးကူညီပေးခဲ့ပါတယ်။ msc ရဖို့အတွက် msc ရဖို့အရည်အချင်းတွေမှီအောင်လဲ သွန်သင်ဆုံးမခဲ့ပါတယ်။ အဲ့လို သဘောကောင်းပြီး msc ရအောင်လဲ အစအဆုံးသေချာ လိုက်လုပ်ပေးတဲ့ အကိုတွေကိုလဲ အရမ်းကျေးဇူးတင်ပါတယ်။
ဒီလိုပါပဲ MSC group တွေထဲမှာ ရှိတဲ့ မိသားစုဝင်တွေကလဲ တစ်ယောက်နဲ့တစ်ယောက် ကူညီကြ ဖေးမကြပါတယ်။ဆိုပါစို့ လူတိုင်းက မွေးကတည်းက တတ်တယ်ဆိုတဲ့ပညာမရှိသလို MSC စရတဲ့သူတွေကလဲ MSC ရဲ့အကြောင်းကိုနားမလည်ကြပါဘူး။ မွေးဖွားလာတဲ့လူတိုင်းကို မိဘတွေက ဆိုဆုံးမ အတတ်ပညာတွေသင်ပေးသလိုမျိုးပဲ MSC group မှာရှိတဲ့ ဝါရင့်တဲ့သူတွေကလဲ အဖွဲ့သားအသစ်တွေကို MSC ရဲ့အကြောင်းတွေရှင်းပြ အမှားပါရင် အမှားထောက်ပြကြပါတယ်။ ပြီးတော့ MSC ရတဲ့အခါ ဘယ်လိုကျင့်ကြံကမလဲပေါ့။ မိဘတွေက သားသမီးတွေကို ဆုံးမတဲ့အခါ ကောင်းတဲ့အရာအတုယူပြီး မကောင်းတဲ့အရာကိုတော့ စွန့်လွှတ်ခိုင်းပါတယ်။ ဒီလိုပါပဲ MSC ဆိုတဲ့ group တွေမှာလဲ copy post တွေမတင်ရ ကိုယ့်အတွေ့အကြုံ ကိုယ့်အတွေးတွေကို ပဲမျှဝေစေချင်ပါတယ်။
MSC ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ steemit user တွေကို အတွေ့အကြုံဖလှယ်ခြင်းအားဖြင့် အတွေးအခေါ်အသစ်တွေကိုဖော်ထုတ်ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ လူတိုင်းလိုလို အခုခေတ်မှာ စာဖတ်ခြင်းထက် ပျော်ပါးခြင်းကိုပိုမိုစိတ်ဝင်စားကြပါတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို Myanmar Steemit Community ဆိုတဲ့အဖွဲ့အစည်းက ပြသခဲ့ပါတယ်။ myanmar နိုင်ငံအတွင်း steemit user အချင်းချင်းအတွေးအခေါ်ဖလှယ်ကြပါတယ်။ steemit user တွေအားလုံးက နေတဲ့နေရာတွေ မတူသလို ဖြတ်သန်းလာရတဲ့ဘဝတွေ ဖြတ်သန်းလာရင်းရခဲ့တဲ့ ဘဝသင်ခန်းစာတွေ လေ့လာခဲ့တဲ့အတွေ့အကြုံတွေ သင်ဆရာ မြင်ဆရာ ကြားဆရာတို့ရဲ့ ဆုံးမစကားတွေ ၊ steemit user တွေထဲမှာ အသက်အရွယ်ကြီးတဲ့သူတွေရဲ့ဘဝဖြတ်သန်းလာပုံ ငယ်ရွယ်သူတို့ရဲ့ဘဝဖြတ်သန်းပုံမတူတာတွေ ကို ကျွန်တော်ဖတ်ရပါတယ်။
ကျွန်တော်တို့နေတဲ့နေရာက ရန်ကုန်မြို့ထဲမှာဆိုရင် တခြားနေရာတွေကိုရောက်ဖူးတာရှိချင်ရှိမယ် မရောက်ဖူးတာတွေလဲရှိမယ်လေ။ ကျွန်တော်တို့ msc member တွေနေထိုင်တဲ့ပြည်နယ်တွေ၊တိုင်းတွေမှာရှိတဲ့ အထင်ကရနေရာတွေ၊ဘုရားစေတီတွေ၊ရှုခင်းတွေ၊ ကမ်းစပ်တွေ၊ ပင်လယ်ပြင်ရဲ့အလှအပတွေ၊တောင်တန်းတွေ၊ဒီလိုနေရာတွေကိုမရောက်ဖူးပင်မဲ့ msc member တွေရဲ့ post တွေမှာဖတ်ခြင်းအားဖြင့်လဲ msc member ဝင်တွေနေထိုင်တဲ့နေရာ အရပ်တွေရဲ့ အကြောင်းအရာတွေကို ကိုယ်မရောက်ဖူးပင်မဲ့လဲ သိရှိခွင့်ရခဲ့တယ်လေ။
Msc member ဝင်တွေထဲမှာလဲ ဘဝကိုအနိုင်မခံအရှုံးမပေးရုံန်းကန်နေရတဲ့သူတွေရှိသလို ဘဝကိုအေးဆေးဖြတ်သန်းပြီးလာရတဲ့သူတွေလဲရှိပါတယ်။msc member ဝင်တွေရဲ့ post တွေဖတ်ခြင်းအားဖြင့်လဲ ဘဝကိုဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေရရှိပြီး ကိုယ့်ဘဝကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာလဲနားလည်လာပါတယ်။
Msc member ဝင်တွေထဲမှာလဲ ငယ်စဉ်အရွယ်ကနေ ယနေ့ထက်တိုင်မှာပင်ရှိတဲ့ ရည်ရွယ်ချက် ရည်မှန်းချက် လေ့လာလိုက်စားမှု ပညာသင်ယူမှုတွေက တစ်ယောက်နဲ့တစ်ယောက်တူချင်လဲတူလိမ့်မယ် မတူတဲ့သူတွေလဲမတူနိုင်ပါဘူး။ တစ်ယောက်ရဲ့ရည်မှန်းချက်ကြောင့်ဖြစ်လာတဲ့ အရာတွေကို ဖော်ပြခြင်းအားဖြင့် ကိုယ်လဲသူ့လိုဖြစ်အောင်ကြိုးစားချင်စိတ်တွေဖြစ်လာပါလိမ့်မယ်။ဥပမာအနေဖြင့် msc member ဝင်တွေလဲ ကိုယ့်ထက် sp များတဲ့သူကို အားကျပြီးကြိုးစားမယ်ဆိုရင်ဖြင့် ကိုယ်လဲတစ်နေ့သူ့လိုပဲဖြစ်လာနိုင်တယ်လို့ယုံကြည်လိမ့်မယ်။
ယနေ့ခေတ် 2018 ခုနှစ်မှာဆိုရင်ဖြင့် တစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲ လာပုံတွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာတဲ့ ဘဝတွေကိုပြန်သုံးသပ်ကြည့်ကြပါစို့။ Msc member ဝင်တွေထဲမှာ မိမိထက်အသက်ကြီးသူတွေကော မိမိထက်အသက်ငယ်သူတွေပါရှိနိုင်ပါတယ်။ လူတိုင်းကအမှားနဲ့မကင်းကြတာသိကြပါတယ်။ လူကြီးတွေက သူတို့ဘဝအကြောင်းရေးတဲ့အခါ ဖတ်ကြည့်လိုက်ရင်ဖြင့် ကိုယ်ကိုယ်တိုင်လူကြီးတစ်ယောက်အနေနဲ့ဝင်ပြီးစဉ်းစားကြည့်လိုက်ပါ။ အဲ့ဒါမှ လူကြီးသူမတွေ ရေးသားတဲ့ post ရဲ့ အနှစ်သာရဆိုတာ ဘာကိုလဲဆိုတာကိုသိနိုင်ပါတယ်။ ဒါမှသာ မိမိဘဝကို ဖြတ်သန်းတဲ့အခါ အမှားနည်းနေလိမ့်မယ်။
တစ်ချို့ဘုရားအကြောင်းတွေ စေတီသမိုင်းကြောင်းတွေရေးရင် အလွန်ပင်ဖတ်လို့လဲကောင်း ဝမ်းလဲဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိမရောက်ဖူးသော ဘုရားစေတီအကြောင်းကိုသိရသဖြင့် ကိုယ်ကမရောက်ဖူးရင်တောင်မှ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အဲ့ဒီနေရာကိုများရောက်ခဲ့လို့ရှိရင် ဒီဘုရားစေတီက ဘယ်နေရာမှာ ဘယ်လောက်မှမဝေးဘူး ဒီဘုရားစေတီသမိုင်းက ဘယ်လိုဆိုပြီးပြောပြနိုင်ပါတယ်။ ဒါတွေကလဲ msc member ဝင်တွေရဲ့ post တွေကြောင့်သာသိရှိခဲ့ရခြင်းဖြစ်ပါတယ်။
တစ်ချို့ကြတော့လဲ ဝတ္ထုတွေပုံပြင်တွေရေးသားကြပါတယ်။ အလွန်ပင်ဖတ်လို့ကြောင်းပြီး ဒီဝတ္ထု ဒီပုံပြင်ထဲမှာပါတဲ့ ရသတွေ ၊သဘာဝဆန်တာတွေ၊ ဟာသတွေ ၊အသိပညာတွေ ၊ရေးသားပုံတွေကိုပါ တွေ့ရှိရပါတယ်၊
ကျွန်တော် msc ကို စတင်တည်ထောင်ပေးခဲ့ msc ရဲ့ leader ကြီးဖြစ်တဲ့ @kachinhenry ကိုအလွန်ပင်ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာ msc ဆိုတဲ့ မိသားစုတစ်စုကိုဖွဲ့စည်းနိုင်ခဲ့တာပါ။ မိသားစုအချင်းချင်း ကူညီမှုတွေ၊ နွေးထွေးမှုတွေ ၊သွန်သင်ဆုံးမမှုတွေကိုလဲရရှိခဲ့ပါတယ်။ msc ကြီးရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ကျွန်တော်တို့ msc member တွေကလဲ အစွမ်းကုန်းကြိုးစားပြီး ဘဝတစ်လျှောက် ဖြတ်သန်းရင်းရရှိခဲ့တဲ့ အတွေးအခေါ်တွေ အသိပညာတွေ ဗဟုသုတတွေကိုလဲ ဝေမျှသွားပါမယ်။
နှလုံးသားလှတဲ့ ဒို့ MSC
ရိုးသားလှတဲ့ ဒို့ MSC
ကူညီမှုနဲ့ ဒို့ MSC
လက်တွဲမှုနဲ့ ဒို့ MSC
ကြိုးစားမှုနဲ့ ဒို့ MSC
တစ်နေ့တစ်ချိန်
ထွန်းပေါက်လာမဲ့
ကြယ်ပွင့်လေးတွေရဲ့
MSC (Myanmar Steemit Community)
You love MSC
I love MSC
Moving forward together.
Crd facebook photo
MSC-255
@smileking