super8ball
ဘိယိယက်ဂိမ်းတွေထဲမှာ ကျနော် ဒီဂိမ်းလေးကို အတော်နှစ်သက်မိတယ်ဗျ....။ ဘာလိုလဲဆိုတော့ ဒီဂိမ်းလေးက ကစားရုံ အပျင်းပြေရုံသက်သက်မဟုတ်ဘဲ တစ်ဘက်ကနေ ဖုန်းဘေလ်လည်းရှာလို့ရနိုင်တာကြောင့်ပေါ့...။ steemit အကောင့်တစ်ခုရှိရုံနဲ့ လွယ်ကူစွာ ဆော့စကားနိုင်ရုံသာမက sbd,steem စတဲ့ tokenတွေကိုလည်း rewardတွေအဖြစ် ကစားသမား(player)တွေကို အချိုးကျပြန်လည် ခွဲဝေပေးနေတယ်လေ....။ ကစားရတာလည်းပေါ့ပေါ့ပါးပါးနဲ့မို့ အင်တာနက်ဘေလ်လည်း သိပ်မစားဘူးဗျ....။ အဲ့...ဒါပေ့မယ် mi ဖုန်းတွေနဲ့ဆိုရင်တော့ ဖုန်းနဲနဲပူတာကလွဲလို့ ကျန်တာအကုန် အဆင်ပြေတယ်ဗျ....။ ဘိလိယက်ထိုးတဲ့နေရာမှာ အစပိုင်းတော့ ထိုးတိုင်းရှုံးတယ်လေ...။ အဲ့...နောက်ပိုင်းကျတော့ ထိုးရင်းထိုးရင် စွမ်းရည် (skill)ထက်လာတာနှင့် နိုင်ပွဲတွေဆက်လာခဲ့တာဗျ....။ အစပိုင်းဆော့လို့ အမြဲရှုံးနေရင်လည်း စိတ်မပျက်စေချင်ဘူးဗျ.....။ ဘာလို့လဲဆိုတော့ ဘယ်သူမှ မွေးကတည်းက ဘိလိယက်ထိုးတက်လာတာမဟုတ်လေ။ ဒါကြောင့် တဖြည်းဖြည်းချင်း ပုံမှန်ဆော့ကစားသွားမယ်ဆိုရင် နောက်ပိုင်း နိုင်ပွဲတွေရရှိလာပါလိမ့်မယ်။
နောက်ပြီး တစ်ခုပြောချင်တာက ဂိမ်းဆော့ရာမှာ (ဘယ်ဂိမ်းပဲဆော့ဆော့) အလုပ်ပျက်အကိုင်ပျက် ထမင်းမေ့ဟင်းမေ့ဖြစ်လောက်တဲ့အထိ မဆော့သင့်ဘူး။ ခဏတစ်ဖြုတ် အပျင်းပြေ စိတ်ပြေရုံလောက်ပဲ ဆော့ပါလို့ ကျနော်အကြံပေးပါရစေ....။
ဘိလိယက်ထိုးပြီး sbd,steemတွေရချင်ရင်တော့ အခုပေးထားတဲ့ linkမှာ ဒေါင်းယူပြီး ဆော့ကစားနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.creativestudio.super8ballclub