zawgi;
မဂၤလာပါ ခင္ဗ်။
https://www.mail.com/int/
@thantzin(moehlaing)
-----*****-----*****-----*****-----*****
unicode;
မင်္ဂလာပါ ခင်ဗျ။
ဒီနေ့တော့ မိတ်ဆွေတို့ကို Domain Name ၂၀၀ ကျော် အခမဲ့ ရယူနိုင်တဲ့ Email တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။
Email လို့ဆိုလိုက်တာနဲ့ အခမဲ့ ဝန်ဆောင်မှုပေးတဲ့အထဲမှာ Gmail ကတော့ ထိပ်ဆုံးကပါပဲ။ဒါပေမယ့် အခုအခါမှာတော့ Gmail Account အသစ်ဖွင့်တဲ့အခါ ဖုန်းနံပါတ်မဖြစ်မနေ ထည့်ခိုင်းတဲ့အတွက် Sim Card အနည်းငယ်သာ ရှိတဲ့သူတွေအတွက် Gmail Account အများကြီး ဖွင့်ဖို့ဆိုတာ သိပ်အဆင်မပြေတော့ပါဘူး။ဒါ့ကြောင့် Email အများအပြား ပိုင်ဆိုင်ထားချင်သူတွေအတွက် Gmail အပြင် အခြားသော အခမဲ့ပေးတဲ့ Email တွေကိုလည်း သိဖို့လိုလာပါတယ်။ကျွန်တော်တို့ နေ့စဉ် အခမဲ့ သုံးနေတဲ့ Email တွေက @gmail.com,@yahoo.com,@zoho.com,@yandex.com အစရှိတဲ့ Domain Name တွေနဲ့ သုံးနေရတာပါ။ကြာလာတော့ Email တွေကို ဒီ Domain တွေနဲ့ မသုံးချင်တော့ပါဘူး။Bussiness Domain Name တစ်ခုကိုဝယ်သုံးဖို့ဆိုပြန်တော့လည်း ကိုယ်တွေက အာဒကေ မတတ်နိုင်။ဒါ့ကြောင့် ကျွန်တော့လို ကိုယ်သုံးနေကြ Domain Name နဲ့မဟုတ်ပဲ အခြား Domain Name အသစ်တွေနဲ့ အခမဲ့ သုံးချင်သူတွေအတွက် အခု ဒီ Email လေးကို မျှဝေပေးရခြင်း ဖြစ်ပါတယ်။
အခု ကျွန်တော် မျှဝေပေးချင်တဲ့ Email ကတော့ Mail.com ဆိုတဲ့ Email ဖြစ်ပါတယ်။
Mail.com ဆိုတဲ့ Email ဝန်ဆောင်မှုကို Web မှ သော်လည်းကောင်း၊ Application မှ သော်လည်းကောင်း အခမဲ့ အသုံးပြုနိုင်ပါတယ်။
ပထမဦးဆုံး Mail.com ဆိုတဲ့ Application ကို Download ဆွဲပါ။
Mail.com Application Pcloud Link;
https://my.pcloud.com/publink/show?code=XZerLy7ZR27w6sTJWohIXSdMzCEjj8OyUdCX
Web မှတဆင့် သုံးချင်တယ် ဆိုရင်တော့ ဒီlink ကနေ သွားပါ။
https://www.mail.com/int/
ကဲ-----Mail.com Account ဖွင့်ရအောင်ဗျာ။
ပထမဦးဆုံး Application ကို install လုပ်ပြီး ဖွင့်လိုက်ပါ။
Account အသစ် ဖွင့်မှာ ဖြစ်တဲ့အတွက် ''Free SignUp'' ကို နှိပ်ပါ။
အဲဒီနောက် browser ပွင့်သွားပြီး Mail.com Account ဖွင့်တဲ့ စာမျက်နှာကို ရောက်သွားပါမယ်။
First Name,Last Name,Gender,Date Of Birth,Country ထည့်ပါမယ်။
Country မှာ မြန်မာနိုင်ငံ မပါ,ပါဘူး။
ကိုယ်ကြိုက်တဲ့နိုင်ငံ ထည့်ပေးလိုက်ပါ။
ကျွန်တော်ကတော့ Japan ထည့်ပေးလိုက်ပါတယ်။
Desired Email Address မှာ ကိုယ်လိုချင်တဲ့ Email Address ထည့်ပါ။ကျွန်တော်ကတော့ steemit လို့ ရွေးလိုက်ပါတယ်။
Email Address ရဲ့ ညာဘက်က အကွက်လေးထဲမှာ Domain Name စုစုပေါင်း 200 ကျော်ထဲက ကိုယ်လိုချင်တဲ့ Domain Name ရွေးပေးပါ။ကျွန်တော်ကတော့ europe.com ကို ရွေးလိုက်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်အခမဲ့ ရယူမယ့် Email Address က ''steemit@europe.com'' ဖြစ်ပါတယ်။
ညာဘက်က အမှန်ခြစ်လေးကို နှိပ်ပြီး ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ Domain Name Valid ဖြစ်/မဖြစ် စစ်လို့ရပါတယ်။
ကျွန်တော်ရွေးလိုက်တဲ့ Email Address''steemit@europe.com'' ကတော့ Valid ဖြစ်ပါတယ်။
ကဲ-----အဲဒီနောက် pageကို Scroll Up လုပ်လိုက်ပါ။
''Choose a Password'' မှာ Password ထည့်ပေးပါ။
''Re-type Password'' မှာ Password ထပ်ထည့်ပေးပါ။
''Contact Email'' မှာ ကျွန်တော်တို့ Password မေ့သွားရင် ပြန်ယူဖို့ ''Recovery Email'' ထည့်ခိုင်းတာပါ။
လက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ Email တွေထဲက လုံခြုံ စိတ်ချရတဲ့ Email တစ်ခု ထည့်ပေးလိုက်ပါ။
အဲဒီနောက် ''Security Question'' ရွေးပါ။
''Your Answer'' မှာ ကိုယ်ဖြေချင်တာဖြေပေးလိုက်ပါ။
Security Question နဲ့ ကိုယ်ဖြေခဲ့တဲ့ အဖြေကို မပျောက်ပျက်အောင် သေချာမှတ်ထားပါ။
အဲဒီနောက် ''I'm not robot''ဘယ်ဘက်ဘေးက အကွက်လေးကို နှိပ်၊ Captcha ဖြည်ပြီးရင် အောက်ဆုံးက ''I Accept.Creat My Account'' ကို နှိပ်လိုက်ပါ။
နောက်စာမျက်နှာ ကျွန်တော်တို့ ဖွင့်လိုက်တဲ့ Email Account ရပြီ ဆိုတဲ့အကြောင်း စာရေးထားတာ တွေ့ပါမယ်။
အဲဒီနောက် Mail.com Application ထဲမှာ
Email Address နဲ့ Password ထည့်ပြီး Log in ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ ခင်ဗျာ။
ဟုတ်ကဲ့။စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။
ကျွန်တော့ရဲ့ post ကို ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေအပေါင်း ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
@thantzin(moehlaing)
-----*****-----*****-----*****-----*****