မနက်မိုးလင်းလို့ မကြာခင်မှာဘဲ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ ရပ်သူရွာသားများ၏ နှုတ်ဖျားတွင်ရေပန်းစားနေသော စကားတစ်ခုသည် အခုတစ်လောအတော်ပင် ဟော့လျက်ရှိနေပါတော့သည်။ဘယ်လောက်တောင်မှ ဟော့သလဲဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း အိပ်ယာမှထပြီး များမကြာခင်မှာပင် ထိုစကားလုံးသည် ကျွန်တော်၏ နှုတ်ဖျားတွင် လာရောက်ခိုကပ်ပါတော့သည်။ထိုစကားလုံးသည် ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ လူသားများတမ်းတနေသော အရာတစ်ခုဖြစ်သောကြောင့် ပို၍ပင်ရေပန်းစားနေခြင်းဖြစ်ပါသည်။
Image Credit Source
ကျွန်တော်တို့ မနက်မိုးလင်းလို့ တစ်ခုခုလုပ်မိပြီဆိုလျှင် အကျီ င်္တစ်ခုလုံး စိုရွှဲသွားရပါတော့သည်။အလုပ်လုပ်ချိန်များသည်လည်း အရင်ကလောက်ပင် မလုပ်နိုင်ကြတော့ပေ။တစ်ကိုယ်လုံးချွဲများဖြင့် စိုရွှဲသွားကာ ခန္ဓာကိုယ်လည်း နုံးချိနေရပါတော့သည်။သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနဲ့အတူ လိုက်ပါလာသော ဆိုးကျိုးတစ်ခုဖြစ်သည့် အပူချိန်လွန်ကဲမှုတစ်ခုကို ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ ရပ်သူရွာသားများအားလုံး ခံစားနေရပါတော့သည်။
Image Credit Souce
ရပ်သူရွာသားများ၏ နှုတ်ဖျားတွင်တော့ ပြောနေကျစကားလေးကလည်း ဒီနှစ်ရာသီဥတု တော်တော်ပူတာဘဲ ဟူ၍ပင်ဖြစ်နေကြပါတော့သည်။တကယ်ပါဗျာ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိလူသားများသည် အပူချိန်မြင့်လွန်းလို့ အပူဒဏ်ကိုရှောင်ရှားနိုင်ဖို့ရန် အိပ်ယာမှ မနက်အစောကြီးထကာ လုပ်စရာရှိသည်များကို ပြီးပြတ်အောင်လုပ်ထားရပါတော့သည်။အကယ်၍သာ အချိန်မှီသာ မပြီးစီးနိုင်ပါက ညနေ နေအေးမှ ပြန်လည်လုပ်ကိုင်ရပါတော့သည်။
မပြီးမချင်းသာလုပ်မည်ဆိုက လူတိုင်းနီးပါးအပူလွန်ကဲမှုကြောင့်တစ်ခုခုတော့ ဖြစ်သွားလိမ့်မည်ဟု သူတို့၏ အတွေ့အကြုံအရခန့်မှန်းကြသောကြောင့် နည်းနည်းလေးပူလာပြီဆိုတာနဲ့ အလုပ်နားလိုက်ရသည်က များနေပါတော့သည်။
Image Credit Source
ရပ်သူရွာသားများသည် တစ်နိုင်တစ်ပိုင်ခြံစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသူများဖြစ်သည်နှင့်အညီ မနက်အစောကြီးထကာ အပင်များရေလောင်းသူလောင်းကြဖြင့် အချိန်လုကာ ပြင်ဆင်ကြရပါတော့သည်။ထိုသို့အချိန်လုကာ ပြင်ဆင်ကြသော်လည်း ရာသီပြင်းသောဒဏ်ကြောင့် ရေများဆုတ်ကာ အကုန်မပြီးစီးနိုင်ဘဲ တစ်ဝက်တစ်ပြက်ဖြင့် နားလိုက်ရသူများလည်း ရှိပါတော့သည်။
Image Credit Source
ပတ်ဝန်းကျင်ရှိသူများသည် နေ့လည်စာထမင်းစားပြီးလျှင် အပြင်ကိုသွားရောက်ခြင်းများကို ရှောင်ရှားလာကြကာ အရိပ်ရရှိသော အိမ်နီးနားများသို့ အလိုလိုစုဝေးရောက်ရှိသွားကြပါတော့သည်။ပူပြင်းသော ရာသီဥတုဒဏ်ကို ခုခံကာကွယ်ကြရင်း သူတို့တမ်းတလာသည်က “ကိုရွှေမိုးကြီး ဘယ်ကိုများသွားနေလဲ” ဆိုသောစကားပင်ဖြစ်လာရပါတော့သည်။သူတို့တမ်းတနေသည်ကတော့ မိုးသာတစ်ကြိမ် နှစ်ကြိမ်လောက်ရွာလိုက်လျှင် မြေပြင်များစိုစွတ်သွားကာ ဤလောက်ပူတော့မည်မဟုတ်တော့ဟု ထင်မြင်နေကြပါတော့သည်။ကိုရွှေမိုးကလည်း သူတို့တမ်းတနေသည်ကို သိသောကြောင့်များလားမသိ ယောင်လို့ပင် ရောက်ရှိလာခြင်းမရှိတော့ပါ။
ကိုရွှေမိုးအား တမ်းတနေသူများထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ်နေပါတော့သည်။ကျွန်တော်လည်း မနက်မိုးလင်းပြီဆိုလျှင် ပူလွန်းသောအခုလို ရာသီဥတုဒဏ်ကို ခံစားနိုင်ခြင်းမရှိပါ။ထို့ကြောင့်ကျွန်တော်တို့အားလုံးရဲ့ ကယ်တင်ရှင်ကြီး ကိုရွှေမိုးရယ် ကြားရာအရပ်က အမြန်ပြန်လာပါတော့ဟုပြောကြားကာ ကျွန်တော်တို့ပတ်ဝန်းကျင်၏ ရပ်သူရွာသားများကို အပူဒဏ်လေးမှ ကာကွယ်ပေးပါတော့ဟု တောင်းဆုတစ်ခုပြုလိုက်ပါရစေ။
Myanmar Steemit Community မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများအားလုံး Steemit တွင် အောင်မြင်နိုင်ကြပါစေဗျာ။
Writter @theinzawlin
MSC - 128