အချစ်အကြောင်းတွေ အလွမ်းအကြောင်းတွေ ဖတ်လာရတာများတော့လည်း
ကိုယ်တောင် လွမ်းတတ် ချစ်တတ်လာတာဟာ ဟိုးအဝေးကြီးလောက်ကို ကျန်ရစ်သွားခဲ့ရသလိုပါဘဲ ။
သူတို့ တွေကိုယ့်ထက်ချစ်တတ်ကြပါလားလို့ဖြည့်တွေးကြည့်မိတယ် ။
ဒါကြောင့်လည်း ကိုယ့်ထက်ပိုတဲ့ဝေဒနာကို ခံစားရလေသည်လား ?
ချစ်တိုင်းလည်းမညား
ညားတိုင်းလည်းမချစ်
ဆုတောင်းတိုင်းလည်း မပြည့် ……
ဟူသောစကားများကြောင့် ချစ်သူတိုင်းညားကြပါစေလို့ ဆုတောင်းပေးချင်သော်လည်း ဆုတောင်းမပြည့်မှာစိုးရိမ်မိသလို ကိုယ်ဆုတောင်းပေးလိုက်လို့  ချစ်သူတွေ ပေါင်းဖက်ညားကြပြီး မချစ်ကြတော့မှာလဲ ပူပန်ရ၏ ။ ကိုယ်ဆုတောင်းပေးတိုင်းကလည်း ပြည့်ချင်မှ ပြည့်မှာလေလို့  ဖြည့်တွေးကြည့်လိုက်မိပါတယ် ။
၅၂၈ချစ်လို့ ဖြစ်ဖြစ်
၁၅၀၀ချစ်လို့ ဖြစ်ဖြစ် ……
ချစ်လာကြတာနဲ့ ပူပင်စိုးရိမ်မှုတွေက နောက်ကတသီကြီး ကပ်ပါလေတော့ သောကတွေပွားကြရပါတယ် ။
ကျမတို့အမေက ကျမတို့ အတွက် မိဘဖြစ်တော့ ပူသလို
ကျမကအမဆိုတော့ အငယ်ဖြစ်တဲ့ ညီမနဲ့မောင်လေးအတွက်ထပ်ပူ
အဲ့ဒီလိုပါဘဲ ကျမညီမလေးကလဲ သူ့ ထက်ငယ်တဲ့ မောင်လေးအတွက်ထပ်ပူပြီး
အကြီးတွေက အငယ်အတွက်သလို အငယ်တွေကလဲ အကြီးအတွက်ပူပန်ရင်း
အပူသံသရာတွေ လည်ပြီးရင်းလည်နေတော့တာပါ ။ဒါကတော့ မိသားစုအချစ် ၅၂၈ ဆိုတော့ ပူပန်ပြီး စိုးရိမ်တာကလွဲလို့ အမုန်းတရားမရှိဘဲ မခေါ်တော့ဘဲ မနေတဲ့ အချစ်ပေါ့ ။
၁၅၀၀အချစ်ဆိုတဲ့ ချစ်သူရီးစား လင်နဲ့မယားတွေမှာကြတော့ စိုးရိမ်ပူပန်မှုတွေကတဆင့် သောကတွေဖြစ် သံသယတွေဝင်လာတတ်ကြပြီး ရန်သူကြီးတွေလိုဖြစ်ကုန်တတ်ကြပြီး မခေါ်တာမျိုး အမုန်းတရားပွားထားပြီး အညှိုးထား ပြတ်သွားကြတာမျိုးတွေရှိလာတတ်ကြပါတယ် ။
အကြောင်းကြောင်းကြောင့် ဒီအချစ်၂မျိုးကို ဂဏန်းအရေအတွက်နဲ့ သတ်မှတ်ခဲ့လဲဆိုတာ ကျမ သေချာမပြောပြတတ်ပေမယ့် ၅၂၈ ထက် ၁၅၀၀ က တမ်ဘိုးပိုများလေတော့ များတဲ့အချစ်နဲ့ချစ်ကြသူတွေက များများပိုပူပန်ရလို့  ပြတ်တဲ့အထိဖြစ်ကုန်ကြလေသည်ဟုသာ ဖြည့်တွေးလိုက်ပါတယ် ။
photo credit # facebook
မင်္ဂလာပါ စတီးမစ်သူငယ်ချင်းများရှင် ။
၁၅၀၀ ဆိုတဲ့အချစ်နဲ့ ချစ်နေကြတဲ့သူငယ်ချင်းတွေလည်း ဆင်ခြင်ချစ်နိုင်ကြပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ် ။ ခိုင်ခိုင်မြဲမြဲလက်တွဲသွားနိုင်ကြရန်အတွက် တဦးနှင့်တဦး ခွင့်လွှတ်နားလည်နိုင်သောသူများလည်း ဖြစ်ကြပါစေရှင် ။
MSC 027