ညီမလေးရေ …
စိတ်ထားတတ်ရင် မြတ်ပါတယ်…
ဘယ်သူတွေက စိတ်ဆိုးအောင်ပြောနေပါစေ မင်းစိတ်ဆိုးဟန်မပြလေနဲ့
ချစ်လို့ စတယ်မှတ်လိုက်ပါ…
ညီမလေးရေ …
ဘယ်သူမပြု မိမိမှု တဲ့ …
ဘယ်သူတွေက စိတ်ညစ်အောင်ပြောနေပါစေ မင်းစိတ်တွေမညစ်လိုက်ပါနဲ့
နေပြလိုက်ပါ ပျော်ပျော်လေး …
ညီမလေးရေ …
တီထွင်ကြံဆ နည်းလမ်းရ တဲ့…
စိတ်ဆိုး စိတ်ညစ်တာတွေပျောက်အောင် အာရုံတခု စူးစိုက်လိုက်ပါ
မင်းလုပ်ပြနိုင်ပါတယ် …
ညီမလေးရေ …
ငယ်ရွယ်စဉ်ခါ ပညာရှာပါ …
အချိန်တန်ဘွဲ့တွေရလို့  အရွယ်ရောက်ရင် မင်းဆန္ဒတွေပြည့်မှာပါလေ
စာကိုကြိုးစားသင်နိုင်ပါစေ …
ညီမလေးရေ …
အမကြီးတော့ အမိနေရာ တဲ့
စေတနာရှေ့ထား ဆုံးမစကားပြောနေရတာ လိမ်မာသည်ထက် လိမ်မာစေချင်လို့ ပါလေ
မင်းနာလည်နိုင်ပါစေ …
ညီမလေးရေ …
အချိန်ရှိခိုက် လုံ့လစိုက် တဲ့
စိတ်ညစ်စိတ်ဆိုးနေလို့ ကုန်သွားတဲ့အချိန်တွေအတွက် နှမြောတသမဖြစ်ရလေအောင်
မင်းတွေဝေ လွမ်းပြမနေနဲ့တော့လေ …
photo credit # facebook
ညီမလေးရေ …
စိတ်ကို တည်ငြိမ်အောင်ထားပါ ပြင်ပါ
အလိုမကျတာတခုခုနဲ့ကြုံလာတိုင်း သူတပါးကိုအပြစ်မမြင်မိအောင်ကြိုးစားပါ
မိမိကိုယ်မိမိ ဆင်ခြင်နေထိုင်ပြီး အမှားကို အမှားလို့ မြင်နိုင်အောင်ကြည့်ပါ
အရာရာသတိထားလို့  အရာရာကိုလုပ်သမျှ အမှန်ဖြစ်အောင်ဆောင်ရွက်နိုင်ပါစေ ညီမလေးရေ ………
MSC 027