photo #facebook search
ညကမိုးကတဖွဲဖွဲကျပီး လကလဲသာနေလိုက်တာ မီးပျက်သွားမှသတိထားမိတော့တယ် စာကျက်တာခနရပ်ပီး မီးအလာစောင့်ရင်း အတွေးက ရွာက အမေနဲ့အကိုဆီရောက်သွားတယ်
သတိရလာပီး လွမ်းလာမိတယ်
ကျမက အဝေးသင်စာမေးပွဲဖြေဘို့ လာတာကြောင့် မန်းတလေးက အဒေါ်အိမ်မှာတည်းပြီး အနီးကပ်ကျူရှင်တက်နေတာပါ
ကျမတို့ အရင်က အဖေအမေ အကိုနဲ့ကျမ မိသားစု၎ဦးပေါ့
အဖေက အဆုတ်ကင်ဆာကြောင့် မနှစ်ကဆုံးသွားတော့ မိသားစု၃ဦးဘဲရှိတော့တာပါ အကိုက ထန်းတက် ထန်းလျက်ချက်ရင်းတမျိုး အိမ်ကလယ်ယာမြေကို စိုက်ပျိုးပီးလုပ်ကျွေးတာတမျိုးပေါ့ ဒီကြားထဲအားတဲ့အချိန်မျိုးမှာ ဆိုင်ကယ်ကယ်ရီဆွဲပီး ရှာဖွေကျွေးတာပါ
ကျမကတော့ စာကျက် အဝတ်လျော်နေ့စဉ်အလုပ်ပေါ့ လယ်ပျိုးတဲ့အခါတွေတော့ အကိုကို ကူပါတယ်
အမေကတော့ ထမင်းချက်တဲ့အလုပ်နဲ့ အကို့ ထမင်းထုပ်ပို့ တဲ့အလုပ်ကိုလုပ်ရင်း အသီးသီး တာဝန်ယူကြပါတယ်
ကျမတည်းတဲ့မန်းလေးအိမ်က မန်းလေးရဲ့ယနေ့ ချိန်ထိဓလေ့မပျက်သေးဘဲ စီးနေကြဆဲဖြစ်တဲ့ စက်ဘီးလေးကို ကျူရှင်တက်ဖို့ ခနပေးထားတော့ အနီးကပ်ကျူရှင်သွားတက်ရတာ အဆင်ပြေတာပေါ့ ကျမလိုတခြားလာဖြေကြတဲ့သူတွေကတော့ အဆောင်မှာငှားနေကြပီး သူတို့ရဲ့ကြွယ်ဝမှုအလိုက် ကားတို့ဆိုင်ကယ်တို့ပါယူလာပြီး စာမေးပွဲဖြေရန်အတွက် ကျူရှင်လာတက်ကြတာ ကျမမြင်မိတာပေါ့
ပြည့်စုံတဲ့သူတို့ ဘဝကိုမြင်ပီး မပြည့်စုံတဲ့ကိုယ့်ဘဝအခြေအနေကြောင့် တခါတခါမှာ အားငယ်မိတယ်
သူတို့ ဘာတွေလုပ်လို့  ကြီးပွားသလဲ မတွေးတတ်ပေမယ့် လုပ်နေကိုင်နေတဲ့ ကျမအကိုအကြောင်းတွေးမိပီး သနားလာခဲ့မိတယ်
အကိုက ထန်းတက်ခတနေ့၂ထောင်နဲ့ရှာကျွေးတာတမျိုး
သူများထန်းပင်တွေတက်ပီးရင် ကိုယ့်အိမ်က ထန်းပင်ကိုတက် ထန်းလျက်ချက် စုထားပီး ထန်းလျက်လာဝယ်ရင်ရောင်းပီးရှာကျွေးတာကတမျိုးနဲ့ဒီကြားထဲ ဆိုင်ကယ်ကယ်ရီပြေးလို့ နေ့စဉ်အသုံးစရိတ်ရအောင် ရှာကျွေးပါသေးတယ် ထန်းတက်ခနဲ့ထန်းလျက်ရောင်းရတာတွေကို ဆီဝယ်ဆန်ဝယ်ဘို့ စု နဲ့ မအားရဘူး ရှာကျွေးတာပါ
ကျူရှင်လာတက်ရင်း ဆုံကြတော့ သူငယ်ချင်းတွေက ကျမကိုစကားစကြတယ် ကျူရှင်ဆင်းရင် လျှောက်လည်ကြဖို့ပေါ့
စက်ဘီးနဲ့ကျမက သူတို့ဆိုင်ကယ်တွေနဲ့အတူသွားဘို့မဖြစ်နိုင်တော့ ငြင်းခဲ့ပီး ကျမရွာက အကို့ဆိုင်ကယ်လေးတောင် ယူချင်မိတဲ့စိတ်က ပေါ်လာသေးတာ ကျမဆိုင်ကယ်ယူလာပြန်ရင်လည်း ကယ်ရီဆွဲခမရမှာတွေးမိရင်း နောက်ဆုံးကျဝမ်းနည်းမိတာဘဲအဖတ်တင်တယ်
ရွာမှာက ကျမတို့မိသားစုနေမှုထိုင်မှုက ရိုးရှင်းပါတယ် ကိုယ့်အိမ်ကထန်းပင်မှာရှိတဲ့ထန်းရွက်ကိုခုတ်ယူပြီး အမိုးအကာလုပ်နေကြတယ် တောကအပြန်လမ်းမှာတွေ့တဲ့စားလို့ရတဲ့အရွက်ကို အကိုကခူးလာ အမေကဟင်းချိုတခွက်ဖြစ်အောင်ချက်ပီး အကိုမွေးထားတဲ့ ကြက်တွေဘဲတွေကလည်းရှိပြန်တော့ ဟင်းအတွက်ကလဲ မပူရပါဘူး
မြို့လာစာမေးပွဲမှ သတိထားမိတဲ့ ကိုယ့်ဘဝအဆင်မပြေမှုလေးတွေ မြင်လာတော့တယ် ပင်းပန်စွာရှာကျွေးနေတဲ့အကို့ကိုလည်း သနားမိလာတယ်
သူတယောက်ထဲရှာနေလို့ ကျမတို့မိသားစုမငတ်ပေမယ့် ကျမအားကျမိတဲ့ သူငယ်ချင်းတွေလို ဆိုင်ကယ်စီးပြီး ဆိုင်ကယ်ယူလာပြီး အဝေးသင်စာမေးပွဲဖြေ အနီးကပ်ကျူရှင်တက် လျှောက်လည်စတဲ့အရာတွေကို သူတို့လို သွားဖို့ စားဖို့ပျော်ပါးဖို့သုံးဖို့တွေကျ အကိုအလုပ်လုပ်တာတင်မကပါဘူး ကျမပါအလုပ်လုပ် ပက်ဆံရှာမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်မိတယ်
photo# facebook search
မီးပြန်လာတော့ မီးအလင်းကြောင့် ကျမအတွေးလဲပြတ်သွားတယ် စာမေးပွဲဖြေဘို့က၂ရက်သာလိုတာကြောင့်စာပြန်ကျက်ဖို့ စာအုပ်ကိုလှမ်းယူရင်း တွေးမိတယ် မနက်မိုးလင်းရင် အမေ့နဲ့အကိုဆီဖုန်းဆက်ပါတော့မယ် မန်းလေးအိမ်မှာ ကျမနေပြီး ဘွဲ့မရခင်အချိန်ထိ ဖုန်းဆိုင်တခုမှာ ကျမအလုပ်လျှောက်ပီး အလုပ်လုပ်တော့မယ်ဆိုတာရယ် သူများတွေလိုဆိုင်ကယ်လေးစီးပြီးကျောင်းတက်ချင်တာရယ်
ကျမလုပ်အားခကို အမေနဲ့အကို့ထံပို့ပီး လိုအပ်ရင်လည်းသုံးကြပါ
မလိုအပ်ရင်လည်းစုပီး ကျမကိုဆိုင်ကယ်လေးတစီးဝယ်ပေးဘို့ ဖုန်းဆက်ပြောပြမယ်လို့ စိတ်ကူးထားမိတာပေါ့ Steemit မှာလည်း ကျမစာရေးမယ် ကြိုးစားမယ် ရလာတဲ့ပက်ဆံကို စုမယ်လေ နဲတာများတာထက် အလုပ်မလုပ်ဘဲနေတာကမှ ရှက်စရာပါ ခုတော့စာကျက်ရအုံးမယ်လေ
Steemit လုပ်ကြတဲ့ သူငယ်ချင်းများလည်း အောင်မြင်ကြပါစေ ကျမလိုဘဝတူတွေရှိခဲ့ရင်လည်း အားမငယ်ဖို့အားပေးရင်း ကျမကိုလဲ steemit မှာလက်တွဲခေါ်ကြပါလို့ အကြံပေးကြပါလို့ ပြောပါရစေရှင်