ကျွန်မတို့တွေ လူလားမမြောက်ခင် ဟိုအရင် သန္ဓေတည်ကတည်းက ကျွန်မတို့နဲ့ပတ်သက်ပြီး အချစ်တွေ မေတ္တာ တွေပေးထားခဲ့ကြတာ အဖေနဲ့အမေပါ။ ငါ့သားလေး၊ငါ့သမီးလေး သဲသဲကွဲကွဲ မသိခင်ကတည်းက အလုပ်တွေကြိုးစားရှာနေတာ အဖေပါ။ သူများနဲ့ယှဉ်မျက်နှာမငယ်ရအောင် စီးပွားရေးပြေလည်ဖို့ အတွက်နေပူမရှောင်၊မိုးရွားမရှောင် ရှာဖွေခဲ့တာ အဖေပါ။ အစားအသောက်၊အနေအထိုင် မသက်သာပေမယ့် နေ့တိုင်းမေတ္တာတွေပို့ အချစ်တွေနဲ့ လူလောကအလယ်ကိုရောက်လာမယ့် ကျွန်မတို့တွေကိုအပြုံးမပျက်ကြိုဆိုနေတာ အမေပါ။
လူလားမြောက်လို့ အရွယ်မရောက်သေးသော ကျွန်မတို့တွေကို အစစအရာရာ အသေးစိတ်ဂရုစိုက်ပြီး ကြီးပြင်းသည်အထိ ဆုံးမပေးနေတာ အမေနဲ့အဖေပါ။ မှားသင့်တာ မမှားရအောင် အကြိမ်ကြိမ်မမောနိုင်အောင် ထောက်ပြပေးနေတာ အဖေနဲ့အမေပါ။ ပညာတွေ အခက်အခဲမရှိသင်ယူနိုင်ရေး နေ့တိုင်း ရှာနေတဲ့အဖေ့ရဲ့ချွေးကြွေးတွေ၊ မိသားစုရေးပြေလည်ရေး ချီးတစ်ခါ ငှါးတစ်လှည့် မရှက်မကြောက် ခေါင်းမော့ပြီးဖြေရှင်းပေးတဲ့ အမေ့ရဲ့ သတ္တိတွေ ကို လေးစားရင်၊တန်ဖိုးထားရင် ၊ကျေးဇူးသိတတ်ရင် သူတို့တွေအတွက် မငြီးညူပါနဲ့။ ခါးတွေကိုင်း ဇရာတွေထောင်းပြီး ယိုင်နဲ့နေတဲ့ သူတို့လက်တွကို ဖေးမကြပါ။ မျက်လုံးတွေဝါး အသိဥာဏ်တွေ မကောင်းတော့တဲ့ သူတို့လေးတွေကို စောင့်ရှောက်ကြပါ။ သူတို့တွေ အိုမင့်ရင့်ရော်မှုပေါ် မတရားသမှုမပြုပါနဲ့။ ဟိုအမေအိုတစ်ယောက် လမ်းဘေးဘယ်သူထားခဲ့မှန်းမသိဘူး၊ ဟိုအဘကြီးတစ်ယောက် မျက်ရည်တွေနဲ့ ဓာတ်တိုင်နားမှာ ဘယ်သူ့ကို မျှော်နေလဲမသိဘူး။ သနားစရာ သူတို့ဘဝတွေကို အကြွေးဆပ်တဲ့အနေနဲ့ အလင်းပြန်ပေးပါ။ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွေးမွေးစောင့်ရှောက်ပါ။ တစ်ချိန်က ခင်ဗျား အကြိမ်ကြိမ်ခေါ်ခဲ့တဲ့ နာမည်နှစ်လုံး လောကကြီးထဲက စာရင်းပျောက်သွားမှ လိုက်ရှာမနေနဲ့။ ရှိတုန်းမှာ တန်ဖိုးထားပါ။ ရှိတုန်းမှာ တဝကြီးချစ်ပါ။ သူတို့ဟန်ပါပါနဲ့ ပြုံးတဲ့အပြုံးတွေ မကွယ်ပျောက်ခင် အားပါးတရကြည့်နေလိုက်စမ်းပါ။ အဖေနဲ့အမေကို တန်ဖိုးထား ပြီကျေးဇူးတရားဆပ်တတ်ကြပါစေ။
@thithisann
Msc 262