အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
ဒီနေ့တော့ မန္တလေးရဲ့ မရောက်ဖူးတဲ့နေရာလေးကို သွားဖြစ်ခဲ့တယ်။တစ်နှစ်မှ တစ်ကြိမ်သာ ကျင်းပတဲ့ပွဲတော်လေးလည်းဖြစ်၊ချစ်စရာ မြန်မာ့ဓလေ့ကိုဖော်ညွှန်းနေတဲ့ ပွဲလေးလည်းဖြစ်ပါတယ်။
ဒီလိုပွဲလေးတွေ ရှေးအစဉ်အဆက်က ကျင်းပခဲ့ပြီး အခုချိန်ထိ လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ရိုးရာဓလေ့လေးလည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ မန္တလေးမြို့ရဲ့ နာမည်ကြီးပွဲတစ်ပွဲ ဖြစ်တဲ့ အိုးပုတ် ပွဲပဲဖြစ်ပါတယ်။ ကစားစရားအိုးပုတ်လေးတွေကလည်း အစုံ ၊ အရုပ်ပုံစံ၊အကောင်ပုံစံလေးတွေနဲ့ ထုလုပ်ထားတဲ့ ရွဲ့ နဲ့ပြုလုပ်ထားပြီး အရောင်လေးတွေမျိုးစုံအောင်ခြယ်သ ထားပြီး ခင်းကျင်းပြသတဲ့ ချစ်စရာ ရိုးရာပွဲလေးလည်းဖြစ်ပါတယ်။
ပွဲရက်မရောက်သေးတော့ သိပ်မစည်လှပေမယ့် တော်တော်များများတော့ ရောက်နေကြပြီ။ စုပူးလေးတွေကို ပုံစံအမျိုးမျိုးနဲ့ထွင်းထုထားတာလေးတွေ တကယ်ကို ချစ်စရာကောင်းပါပေတယ်။သြော်..ဘယ်တိုင်းပြည်..ဘယ်နိုင်ငံမှာမှ မရနိုင်တဲ့ တို့မြန်မာကရိုးရာလေးတွေ၊ချစ်စရာ ဓလေ့လေးတွေဟာ တို့မြန်မာပြည်ကို တစ်ဖက်တစ်လှမ်းကနေ အလှဆင်နေကြတာပဲမဟုတ်လား။
အိုဘယ့်မြန်မာ ဘယ်လိုတွေများလှနေတာလဲဆိုပြီး ချစ်စရာရိုးရာလေးတွေပြည့်နက်နေတဲ့ ပန်းချီ ကားတစ်ချပ်ကို ကမ္ဘာကြီး သိအောင်ပြလိုက်ချင်တယ်။ ဒီလို ရိုးရာလေးတွေ မပျောက်ပျက်ဘဲ အမြဲထာဝရ မြန်မာပြည်ကြီးနဲ့အတူ တည်ရှိနေပါစေ။ ဒီလိုအလှတရားတွေ ရေရှည် တည်တံ့ပါစေဆုတောင်းလိုက်ပါရစေ။
@thithisann
Msc 262