အလှအပတွေမလို
ဘဝဆိုသောခရီးဝယ်
ကြမ်းတစ်ခါချောင်တစ်လှည့်
ကမ္ဘာလှည့်ခရီးသည်
ဘယ်ဝယ်နားမည်
မှန်းဆမရ...
ကြုံရာ ကကြ ဘဝဇာတ်ခုန်ဝယ်
ငိုတစ်ခါရယ်တစ်လှည့်နဲ့
ရုပ်သေးရုပ်ကလေးနှယ်
ဘယ်လိုဆုံဆီး ဘယ်ချိန်ခွဲ၍
ထွက်သွားမည်လည်း မပြောနိုင်တယ်
ဤခရီးအား ကြိုးစားဆက်လျှေက်
တစ်နေ့ ကွယ်ပျောက်သွားကြမယ်
သို့သော်ငြားလည်း
ရုန်းရင်းကန်ရင်း
တစ်ထွာဝမ်းရေး မနည်းရှာဖြည့်
အိုဘယ့်ခရီးသည်
အသင်ဘယ်ချိန် ငြိမ်းချမ်းရှာမလဲ
@thithisann
Msc 262