အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
အရင်ဆို postတွေ တစ်နေ့တစ်ခု တင်ဖြစ်တယ်။အခုနောက်ပိုင်းတော့ မတင်ဖြစ်ဘူး။အကြောင်းပြချက်တွေ အများကြီးနဲ့ မရေးဖြစ်ဘူးပေါ့နော်။ဒီနေ့တော့ pro တင်ရမယ့် ရက်ရောက်လို့လာပြန်ပြီလေ။proအတွက် ဘာတင်ရင်ကောင်းမလဲဆိုပြီး စဉ်းစားလာတာ ၂ရက်လောက်ရှိပြီ။ကိုယ်တင်မယ့် postလေး တစ်ခုက အနည်းဆုံးသော အသိပေးတာလေးဖြစ်ဖြစ်၊အကြံပေးတာလေးဖြစ်ဖြစ် စာဖတ်သူတွေကို တိုးစေချင်တာ အမှန်ပါ။အခုလည်း တင်ဖို့စဉ်းစားရင်း ခေါင်းစဉ်လေးတစ်ခု မနေ့က ရလိုက်တယ်။
ကျွန်မတို့တွေအားလုံးမှာ ကိုယ်စီ အခက်အခဲ၊ပြသာနာဆိုတာ ရှိကြမြဲပါ။ပြသာနာချင်းတူချင်မှ တူလိမ့်မယ် ခံစားနေရတဲ့ စိတ်ဝေဒနာတွေကလည်း အနည်းအများကွာပြီး ပေါက်ကွဲတတ်ကြလိမ့်မယ်။နေ့စဉ်နဲ့အမျှ ပြသာနာဆိုတာတော့ တစ်ခုမဟုတ်တစ်ခု ဖြစ်ကြမှာပဲ။တစ်ခုခု သဘောထားချင်းလွဲတာ၊စကားပြိုင်လုပြီး တစ်ယောက်နဲ့တစ်ယောက် စကားများ ရန်ဖြစ်ကြတာမျိုး၊အတိုင်အပေါက်တွေမညီဘဲ စိတ်ဆိုးကြတာမျိုးစသည့် ကိစ္စသေးသေးလေးတွေကအစ စိတ်အနှောင့်ယှက်ဖြစ်ကြမိမှာ သေချာပါတယ်။
သူငယ်ချင်းတွေ အချင်းချင်းကြားမှာ၊မိဘနဲ့သားသမီးကြားမှာ ၊ဇနီးမောင်နှံတွေကြားမှာ နားလည်မှုလေးတွေလွဲကြမယ်။စိတ်တွေဆိုးကြမယ်။ဟုတ်တယ် အဲ့လိုတွေ ဖြစ်ကြတာကို မဖြစ်ပါနဲ့လို့ ပြောပိုင်ခွင့်မရှိဘူး၊ဝေဖန်ပိုင်ခွင့်မရှိဘူး။ အပြစ်မြင်လို့လည်း မရဘူး။ဒီလို စိတ်အနှောက်ယှက်တွေ၊စိတ်ဆင်းရဲစရာလေးတွေက မထင်မှတ်ဘဲဝင်လာတယ်။ကိုယ်က လုပ်ယူထားတာ မဟုတ်သလို ဘယ်ချိန်ဖြစ်မလဲဆိုတာကိုလည်း ကြိုမသိထားနိုင်ဘူး။သူ့ဘာသာ ဝင်လာတတ်တဲ့ စိတ်ခံစားချက်တွေဆိုတော့ ဖြစ်တဲ့သူကို အပြစ်တင်လို့မရပြန်ဘူး။
ဒါပေမယ့် သတိထားစရာ တစ်ခုတော့ ရှိတယ်။ကျွန်မတို့တွေက စိတ်ခံစားချက်တွေကို ရောထွေးတတ်ကြတယ်။ကိုယ့်မှာ ပြသာနာလေးတစ်ခုရှိပြီဆိုတာနဲ့ စိတ်မကြည်တော့ဘူး။လူတစ်ယောက်နဲ့ ပြသနာတက်ပြီဆိုတာနဲ့ အခြားလူတွေပေါ်မှာ တက်ရောက်တတ်ကြတယ်။ပြောရရင် ဝါးလုံးရှည်နဲ့ သိမ်းရမ်း တာမျိုးပေါ့။အဲ့တာ အတော်ဆိုးတဲ့ ဖြစ်ရပ်တစ်ခုလို့ ကျွန်မကတော့မြင်တယ်။ ကိုယ်ကပြသာနာတက်လာတာက အခြားတစ်ယောက်နဲ့ စိတ်ညစ်၊စိတ်တိုနေတာကို ဘာမှန်းမသိ ၊ဘာမပြစ်မှမရှိတဲ့ အခြားတစ်ယောက်ပေါ်မှာပါ ဒေါသတွေဖြစ်၊အကောင်းမမြင်တာမျိုးတွေ ဖြစ်တတ်တဲ့သူတွေအများကြီးပါ။
တကယ်ပြင်ရမယ့် အချက်ပါ။ခင်ဗျားတို့သာ ကိုယ့်ကဘာမှမလုပ်မိဘဲနဲ့ နှုတ်ဆက်တာတောင် သူ့မှာစိတ်ညစ်နေလို့ စကားကောင်းကောင်းပြန်မပြောတာမျိုး၊မျက်နှာကြီးပုပ်သိုးပြီး မတူသလို မတန်သလို ဆက်ဆံခံရရင် ဘယ်လိုခံစားရလဲ သိကြမှာပါ။အားလုံးမှာ ကိုယ်ဆီပြသာနာရှိကြတာပဲ။ဒါပေမယ့် မရောထွေးပါစေနဲ့။ တစ်ယောက်နဲ့ဖြစ်လာတဲ့ စိတ်ခံစားချက်ကို အခြားသူတွေပေါ်မှာ မတက်ရောက်ပါစေနဲ့။ အရမ်းကြီးမကြီးကျယ်တဲ့ ကိစ္စတွေဆို အပြီးပြတ်အောင် တခါတည်းရှင်းခဲ့ပါ။တစ်ခါတစ်လေ သဘောထားကွဲလွဲမှုလေးတွေကို နားလည်သော မျက်စိနဲ့ကြည့်ပေးပါ။
လောကမှာ မိတ်ဆွေကောင်းဆိုတာ ရှားတယ်။ကိုယ်ကကောင်းပေမယ့် သူကပြန်မကောင်းတာမျိုးတွေ အများကြီးပါ။ကိုယ့်ဘက်က ပေးဆပ်ပေမယ့် ဘာမှ ပြန်မရတာမျိုးတွေ ကြုံဖူးလိမ့်မယ်။ဒါကြောင့် ကိုယ့်မှာရှိပြီးသား၊ပိုင်ဆိုင်ပြီးသား မိတ်ဆွေတွေကို မဆုံးရှုံးပါစေနဲ့။အပြန်အလှန် နားလည်မှုတွေထားပါ။ပြသာနာတစ်ခုကို ရှင်းလင်းတဲ့အထိ ထိပ်တိုက်ဖြေရှင်းပါ။ဒါကြောင့် ဘာမဟုတ်တဲ့ ကိစ္စလေးတွေ၊စိတ်ခံစားချက်လေးတွေကြောင့် နောင်တတွေမရချင်ပါနဲ့။ကိုယ်ဘက်မှာ ပြသာနာနည်းနည်းရှိလို့ပဲဖြစ်ဖြစ်၊အကြီးကြီးပဲဖြစ်ဖြစ် သူ့ကြောင့်မဟုတ်ရင် မဆူမိပါစေနဲ့၊မအော်မိပါစေနဲ့၊အခြားသူတွေကြောင့် ရလာတဲ့ စိတ်ခံစားချက်ကို သူ့အပေါ်မပုံချပါနဲ့။သူမှာ ဘာအပြစ်မှမရှိဘူး။သူ ခင်ဗျားပြသာနာကို သူမသိရှာဘူး။အပြစ်ကင်းတဲ့ လူတသ်ယောက်ပေါ်မှာ ဝါးလုံးရှည်နဲ့ သိမ်းမရမ်းမိပါစေနဲ့။
အားလုံးမှာ မာနဆိုတာရှိကြမှာပါ။အဲ့မာနလေးတွေက ခင်ဗျားတို့ သံယောဇဉ် ကို တဖြည်းဖြည်း နဲ့ တိုက်စားသွားနိုင်တယ်။အချင်းချင်း သဘောထားကွဲလွဲတယ် စကားတွေများကြတယ်၊စိတ်တွေဆိုးကြတယ်။အဲ့လိုနဲ့ သူကစကားစပြောမှ ပြောမယ်၊ကိုယ်က စကားစမပြောဘူး စသဖြင့် မာနလေးတွေထားကြလိမ့်မယ်။အဲ့လိုနဲ့ တစ်ယောက်အခေါ် တစ်ယောက်စောင့်နေရင်း တကယ်စိမ်းသွားတတ်ကြတယ်။ဒါကြောင့် မိတ်ဆွေတွေကို မဆုံးရှုံး အောင် သတိထားဆင်ခြင်ပါ။
ကျွန်မတို့တွေ ခံစားချက်တွေကို မရောထွေးတာ အကောင်းဆုံးပါ။တစ်ယောက်ကြောင့်ဖြစ်လာတဲ့ စိတ်ဆိုး၊စိတ်ကောက်တာလေးကို အခြားလူ၁၀၀ပေါ်မှာ မတက်ရောက်ပါစေနဲ့။အခြားလူ ၁၀၀နဲ့ မဆိုင်ဘူးဆိုတာ သတိရပါ။တကယ်တော့ လူကိုထိန်းတာ စိတ်၊စိတ်ကိုထိန်းတာလည်းလူပဲ။ကိုယ့်စိတ်ကို မလွှတ်အောင် သတိတရားဆိုတာ ရှိဖို့လိုတယ်။အဲ့သတိတရားကပဲ အမှားနည်းစေတယ်။အမှားနည်းတဲ့လူတစ်ယောက်မှာ စိတ်ဆင်းရဲမှု ဖြစ်စရာ ရာခိုင်နှုန်း နည်းတယ်။စိတ်မဆင်းရဲရင် လူက အလိုလိုတက်ကြွပြီး အားလုံးနဲ့သဟဇာတ ဖြစ်စေတယ်။အားလုံးနဲ့ သဟဇာတ ဖြစ်ရင် ခင်ဗျားက လူတောတိုးဖို့ မကြောက်တော့ဘူး။အားမငယ်တော့ဘူး။လူတောတိုးရင် လူရာဝင်ပြီ။လူရင်ဝင်တဲ့ သူတစ်ယောက်ဟာ အောင်မြင်ဖို့ လမ်းစတွေရှိနေပြီ။အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ခြေလှမ်းတွေ အားကောင်းနေပြီပေါ့။
လူတွေက တစ်ခုခုဆို ဝါးလုံးရှည်နဲ့ ရမ်းတတ်ကြတယ်။မိန်းကလေးတစ်ယောက် မဟုတ်တာတွေလုပ်ပြီးရင် အားလုံးကို အဲ့လိုထင်ချင်ကြတယ်။ရဲတစ်ယောက် အကျက့်ပျက်ရင် ရဲတိုင်းအကျင့်ပျက်တယ်ထင်ကြတယ်။ယောကျာ်းလေးတစ်ယောက် ဆိုးသွမ်းရင် သူနဲ့ပေါင်းတဲ့အားလုံးကို အဆိုးအပေတွေလို့ထင်မြင်ကြတယ်။အားလုံးကို သိမ်းပြီးမထင်ပါနဲ့၊မပြောပါနဲ့။အားလုံးက မတူကြပါဘူး။
အားလုံးကို ကျေးဇူးတင်ပါတယ်။ကိစ္စတစ်ခုခု၊ပြသာနာတစ်ခုခု ကို ဝါးလုံးရှည်နဲ့ သိမ်းမရမ်းမိပါစေနဲ့။ ပိုင်ဆိုင်ပြီးသား မိတ်ဆွေတွေကို မဆုံးရှုံးမိပါစေနဲ့။နားလည်သော နှလုံးသားတစ်စုံ ရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစား ပါလို့ တိုက်တွန်းရင်း အဆုံးသတ်ပါရစေ။
@thithisann
Author Thi Thi San
Msc 262