မန်မာစတီးမစ်မိတ်ဆွေများ ကျက်သရေမင်္ဂလာအပေါင်နှင့် ပြည့်စုံကြပါစေ….
ကိုဘီလျံနာဟိန်း ရဲ့တောင်းဆိုချက်ကြောင့် မဟာဘုတ်နဲ့ အမည်ပေးနည်းကို ကြားဖြတ်တင်ပေးလိုက် ပါတယ်ဗျာ။ မည်သည့်အကြွင်း မည်သည့်နေ့သားသမီး ဖြစ်ပါစေ အမည်ပေးလို့ရတဲ့နည်းပါ။
(၂) သဟဇ အမည်
သဟဇ အမည်ရနိုင်သော အတွဲတွေကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်။
မရဏ နှင့် ဘင်္ဂအိမ်
ဘင်္ဂ နှင့် မရဏ အိမ်
ဘင်္ဂ နှင့် ပုတိအိမ်
ပုတိ နှင့် ဘင်္ဂအိမ်
မရဏ နှင့် ပုတိအိမ်
ပုတိ နှင့် မရဏ အိမ်
အခုဖေါ်ပြခဲ့သည့် အိမ်များမှ ဂြိုလ်များကို တွဲလျှက် နာမည်မှည့်ပါက သဟဇ အမည်ဟုခေါ်ဆိုနိုင်ပါသည်။ ပါပဂြိုလ်များဖြစ်ပါက အကျိုးပေးပါမည်။ ဤအမည်ပိုင်ရှင် များသည် လုပ်ရဲ ကိုင်ရဲစိတ်ရှိမည်၊ သတ္တိရှိမည်၊ ရက်စက်တတ်မည်၊ ဒေါသကြီးသည်၊ အပြိုင်အဆိုင် ဝါသနာပါမည်။ မည်သည့်နေရာတွင်မဆို ဦးဆောင်ဦးရွက် လုပ်ကိုင်လိုစိတ်ရှိမည်။ အလုပ်တစ်ခုကို မဖြစ်မနေလုပ်တတ်သည့်အတွက် အများက အံ့သြကြလိမ့်မည်။
လက်ဝှေ့သမား၊ ခွဲစိပ်ပါရဂူ၊ သားသတ်သမား၊ သင်္ဘောသား၊ အလုပ်ကြမ်း သမားများသည် သဟဇအမည်နဲ့ အကျိုးပေးကြပါတယ်။ မိတ်ဂြိုလ်များဖြစ်ပြီး သောမဂြိုလ်ပါဖြစ်ခဲ့လျှင် မျှော်မှန်းသလောက် အကျိုးမပေးတတ်ပါ။ မကြာခဏ အမှား အယွင်းများလုပ်မိတတ်မည်။ မပြောအပ်မဆိုအပ်၊ မကြံစည်အပ်သောအရာများကို ပြောဆိုကြံစည်မိတတ်သည်။
ကျန်ရှိနေသော အမည်(၄)မျိုးကို ဆက်လက်တင်ပြပါမည်။
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
10060154
MSC-069