မြန်မာစတီးမစ်မိသားစုဝင်များ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ….
(၁) ကြွင်း စနေအထွန်း ဖွားဥာဉ်
(၁)ကြွင်း စနေအထွန်းဖွားဥာဉ်သည် စနေ(၀)ဂဏန်း၏ တန်ဖိုးအရ “ထင်ပေါ် လောဘ၊ စပ်စု” ဖြစ်သည်။ အထွန်းအိမ် နေရာ၏ သဘောမှာ “ထင်ပေါ် စပ်စု၊ ကြွားဝါ” ဖြစ်သည်။
ထို့ကြောင့် (၁)ခုကြွင်း စနေအထွန်းဖွားဥာဉ်သည် ထင်ပေါ်လောဘ နှင့် ထင်ပေါ်စပ်စုကြွားဝါ အင်အားနှစ်ခုပေါင်းသည့စရိုက်ဖြင့် သွားလာ လှုပ်ရှား နေထိုင် ပါက နေရာတစ်ကာပါဝင်တတ်ပြီး နှမ်းဖြူးသည့်သဘောမျိုး လုပ်တတ်မည်။ ပေါ့ပေါ့တန်တန် ပြောဆို လုပ်ကိုင်တတ်မည်။ ဟိတ်ဟန်ကောင်းခြင်း၊ ဟန်ဆောင်ခြင်း၊ ဂုဏ်မက်ကာ အကြွားသန်မှုတို့ကြောင့် အရှက်တကွဲ အကျိုးနဲ ဖြစ်ရပေမည်။
ထိုအဖွားဥာဉ်စရိုက်မျိုး အတိုင်းပြုမူနေထိုင်ကြပါက အနီးကပ်ပူးတွဲသမျှ လူအများနှင့် သော်လည်းကောင်း၊ အိမ်အတွင်းအတူနေ မိဘအုပ်ထိန်းသူ၊ ညီအစ်ကို မောင်နှစ်မများနှင့် သော်လည်းကောင်း၊ ဆန့်ကျင်မှု၊ မသင့်မြတ်မှုများ ဖြစ်ကြရသည့် အပြင်ရည်ရွက်ချက်၊ ပညာများပါထိခိုက်ကြရသည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် အိမ်ထောင်ဖက်သားသမီး အတူနေများအပေါ် ထင်ပေါ်လောဘ စပ်စုလိုသော စိတ်နှင့်စိတ်နှင့် ဆက်ဆံမှုများကြောင့် လုပ်ငန်းကိုင်ခန်း၊ စီးပွားရေးများ၌ ယှဉ်ပြိုင်ခံရ ခြင်း၊ အလုပ်အကိုင်စီးပွားရေးများ တစ်ခုမှ တစ်ခုသို့ အမျိုးမျိုး ပြောင်းလဲရခြင်း၊ ရပ်ရေး ရွာရေး နိုင်ငံရေး အသင်းအဖွဲ့များ၊ အုပ်စုများအတွင်း၌လည်း ယှဉ်ပြိုင်မှု ရှုတ်ချမှုများ ခံကြရခြင်း၊ အိမ်ထောင်ဖက်အတူနေသားသမီးများနှင့်လည်း တကျက်ကျက် ဆူဆူ ပူပူ ဖြစ်ကြရသည့်အပြင် အိမ်ထောင်ဖက်နှင့် ကိုယ်ထိလက်ရောက် သတ်ပုတ်ရသည်အထိ ဖြစ်ကြရသည်။
အထွန်းအားဥာဉ် ဆိုးအားကောင်းပါက ကျား၊ မ အားလုံးတို့သည် အိမ်ထောင်ဖက် အတူနေအားလုံးတို့နှင့် ကွဲကြကွာကြရသည့်အပြင် အိမ်ထောင်ဆက် ပါများကြရသည် အထိ တစ်ကွဲတပြားစီဖြစ်ကြရကြောင်း ထိုးထွင်း၍ သိမြင် တတ်ရန် လိုအပ်ပါသည်။
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
10041922
MSC-069