#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၈)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။
#စာကြည့်မှ အရသာသိ။
စာဖတ်ပါ စာဖတ်ပါလို့ လူကြီးသူမများပြောတာ အလကား ပြောတာမဟုတ်ပါ။မိမိတို့စာဖတ်မှ အသိတွေတိုးပြီ လူပုံအလယ် မျက်နှာမငယ်အောင်လို့ပါ။နောက် လူကြားသူကြားထဲ မအ အောင်လို့ပါ။စာပေမြင့်မှ လူမျိုးမြင့်မည်။ဒါကြောင့် လူတိုင်း စာဖတ်မပျင်းပါနဲ့။စာဖတ်ပျင်းရင် အချိန်လွန် နောင်တရလိမ့်မည်။အမှန်တကယ် စာဖတ်ရင် မိမိအတွက်လည်းအကျိုးရှိပါလိမ့်မည်။စာဖတ်ခြင်းကြောင့် စာဖတ်ခြင်း အနှစ်သာရဆိုတဲ့အရသာကို သိလာပါလိမ့်မည်။စာပေမှာ အဆီအနှစ်တွေအများကြီးရှိသောကြောင့်ဖြစ်သည်။စာကြည့်ရင် အနှစ်သိ အရသာသိကာ လူဘောင်တွင်လည်း လူဝင်ဆံ့ပါလိမ့်မည်။သို့ဖြစ်ပါသောကြောင့် စာဖတ်ကာ အနှစ်သိ အရသာသိအောင် စာဖတ်ခြင်းအလုပ်ကို မပျင်းပါနဲ့လို့ပြောပါရစေ။
#ရှိသလောက်နဲ့ဖြစ်အောင်နေ။
ကဲ စာဖတ်သူတွေအနေနဲ့ မိမိတို့တွင် ရှိသလောက်လေးနဲ့ ရောင်ရဲတင်တိမ်နိင်မလား။မနေနိင်ရင်တော့ မိမိတို့ငယ်တုန်းအခါမှာ ပညာတတ်အောင်သင်ပါ။မိမိတို့တတ်သောပညာနဲ့မိမိ ဝါသနာပါရာ အလုပ်ကိုလုပ်ကိုင်ပြီး ရရှိလာသောငွေများကို စုသင့်တာစုပါ။ဒါမှာသာ မိမိတို့အသက်အရွယ်ကြီးလာသောအခါ အဆင့်အတန်းမြင့်မြင့်နဲ့နေနိင်ပါလိမ့်မည်။သို့မှမဟုတ်ရင်တော့ ဘဝရဲ့အခက်အခဲတွေနဲ့ကြမ်းတမ်းခက်ခဲစွာကြုံရပါလိမ့်မည်။နောက်မိမိတို့တွင် ရှိသလောက်နဲ့နေထိုင်ပါ။ထိုသို့မနေထိုင်တတ်ရင်တော့ မိမိတို့ဘဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့အမြဲကြုံတွေ့နေရတတ်သည်။မိမိတို့တွင်ရှိသောအရာတွေနဲ့ သင့်တော်သလိုနေထိုင်ကာ ဘဝရဲ့ပျော်ရွှင်မှုတွေရယူပါ။ဒါမှမဟုတ်ရင်တော့ ဒုက္ခတွေနဲ့ကြုံတွေ့ရတတ်ကြောင်း ပြောပါရစေ။
#ရတာလေးနဲ့မျှအောင်စား။
အိမ်ထောင်တစ်ခု မိသားစုတစ်ခုဖြစ်လာရင် မိမိတို့အနေနဲ့ ရှိတာလေး ရတာလေးတွေနဲ့စားတတ်ရမည်။တစ်ချို့မိသာစုတွေမှာ မိမိတို့ရတာနဲ့ စားတာ မမျှတဘူးဖြစ်နေတယ်။ရတာနည်းနည်း စားတာကများများဖြစ်နေတယ်။အပြင်ထွက်တာနဲ့တွေ့သမျှစားတယ်။မိမိတို့ရှာဖွေရသမျှတွေဟာ ပါးစပ်စည်းမစောင့်နိင် မထိန်းနိင်တာနဲ့ကုန်ကုန်သွားတယ်။မိသားစုတစ်ခုမှာဆိုရင်လည်း အိမ်ထောင်ထိန်းသိမ်းမှုကောင်းမှ မိမိတို့ရတာလေးက အဖတ်တင်ပါလိမ့်မည်။ဘာကြောင့်ဆို မိမိတို့ရှာဖွေသမျှကို မီးဖိုချောင်က သုံးဖြုန်းမှာလေ။ဒါကြောင့်မိမိတို့ရဲ့ ရရှိလာသောငွေ ပစ္စည်းများကို မျှမျှတတနဲ့ခွဲတမ်းချကာ ပိုလျှံတာလေးကို စားကြပါ။သို့ဖြစ်ပါသောကြောင့် ဘဝမှာ ရတာလေးနဲ့မျှမျှတတစားပါလို့ပြောပါရစေ။
(စကားလက်ဆောင်)
စာကြည့်မှ အရသာသိ။
ရှိသလောက်နဲ့ဖြစ်အောင်နေ။
ရတာလေးနဲ့မျှအောင်စား။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100