အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ မင်္ဂလာ ဆိုတာ ဘယ်လိုအရာတွေကို ခေါ်တယ်ဆိုတာလေးနဲ့ ပတ်သက်ပြီး အနည်းငယ် ရေးသားပေးခဲ့ချင်ပါတယ်။
Crd-org-source
လူသားအားလုံးဟာ မင်္ဂလာဆိုတဲ့ စကားလုံးလေးကို အားလုံးနှစ်သက်ကြပြီး သုံးနှုန်း ပြောဆိုလေ့ရှိကြပါသည်။တစ်ဦး နဲ့ တစ်ဦး တွေ့ဆုံကြတဲ့အခါ အရင်ဦးဆုံး ရင်းနှီးချစ်ခင်မှုရရှိစေရန်အတွက်သော်လည်းကောင်း..လေးစားမှုအရသော်လည်းကောင်း မင်္ဂလာပါလို့ ဦးစွာနုတ်ဆက်စကား ပြောဆိုလေ့ရှိကြပါသည်။
နောက်ပြီး မိမိတွေ့ဆုံသောအချိန်ပေါ်မူတည်ပြီး မင်္ဂလာနံနက်ခင်းပါl မင်္ဂလာညနေခင်းပါl မင်္ဂလာညချမ်းပါ ဟု အမွန်းတင်ပြောဆိုလေ့ရှိကြပါသေးသည်။
ထို့ကြောင့် မင်္ဂလာဆိုတာ
(၁)မိမိလိုချင်သော ငွေကြေး ဥစ္စာများရရှိလာသောအခါ မင်္ဂလာရှိတာလို့ခေါ်တာလား။...?
(၂)စိတ်ထဲတွင် ဆန္ဒတစ်ခုခုပြည့်စုံပါက မင်္ဂလာရှိတာလား။...?
(၃)အလုပ်အကိုင်တွေ အဆင်ပြေတာကို မင်္ဂလာရှိတယ်လို့ခေါ်တာလား...?စသည်ဖြင့် ထင်ကောင်းထင်တတ်ကြပါသည်။
ဒီအချက်သုံးချက် မှန်သလား မှားသလား ဆိုတာ စာဖတ်သူတို့ ကိုယ်တိုင် ဆက်လက်ဖတ်ရှု ခွဲခြားစေချင်ပါသည်ခင်ဗျာ။
Crd-org-source
ဒါကြောင့် မင်္ဂလာရှိတယ် ဆိုတာ ဘယ်အရာတွေကို ခေါ်တာလဲ ဆိုတာကို အသေအချာသိဖို့ မင်္ဂလာရှိသော တရားတွေကို အရင်ဦးဆုံး သိဖို့လိုအပ်မှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေအားလုံးအတွက်တော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ မင်္ဂလာတရားတော်များကို တိတိကျကျ သိရှိစေရန် ဟောကြားပေးသနားတော်မူခဲ့ပါတယ်။အဲဒါတွေကတော့ အားလုံးသိကြတဲ့ (၃၈)ဖြာမင်္ဂလာတရားတော်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ အားလုံးဟာ ဒီ(၃၈)ဖြာမင်္ဂလာတရားတော်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မှသာ မင်္ဂလာရှိမှာဖြစ်တယ်ဆိုတာလေး အရင်ဦး ဆုံး သိထားစေချင်ပါတယ်။
ဒီမင်္ဂလာတရား (၃၈)ပါးထဲမှ လူမှုဆက်ဆံရေးအတွက် ဗုဒ္ဓဘာသာဝင်တို့ ကျင့်အပ်lသိအပ်သော လူမှုဆက်ဆံရေး မင်္ဂလာ(၃)ပါးကို မိမိမှတ်သားမိသလိုလေး ပြန်လည်ရေးသား မျှဝေပေးလိုက်ပါတယ်။
(၁)အသေဝနာစ ဗာလာနံ - မကောင်းတဲ့သူတွေနှင့် မပေါင်းသင်းဘဲ ဝေးဝေးကရှောင်ကြဉ်ခြင်း မင်္ဂလာ...။
(၂)ပဏ္ဍိတာ နဉ္စသေဝနာ - ပညာရှိသူတော်ကောင်းများဖြင့် ပေါင်းသင်းဆက်ဆံခြင်း မင်္ဂလာ...။
(၃)ပူဇာစပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်း မင်္ဂလာ...။...ဆိုတာတွေပဲဖြစ်ပါတယ်။
လူ့ဘောင်လောကအတွင်း နေထိုင်ကြသော လူသားအားလုံးဟာ တစ်ဦးနဲ့တစ်ဦး နေ့စဉ်နှင့်အမျှ ပေါင်းသင်းဆက်ဆံနေကြရမှာဖြစ်ပါတယ်။
Crd-org-source
ဒီလိုပေါင်းသင်းဆက်ဆံတဲ့အခါ **လူမှုဆက်ဆံရေးမင်္ဂလာ(၃)ပါးထဲမှ နံပါတ် (၁)မင်္ဂလာ ကိုပြောပါရစေ။မိမိဟာ မကောင်းတဲ့သူနဲ့ ပေါင်းသင်းမိမယ်lဆက်ဆံမိမယ်ဆိုပါက မိမိသည် အဲဒီနေ့အတွက် မင်္ဂလာမရှိနိုင်သလို မိမိသည်လည်း မင်္ဂလာရှိတဲ့သူ မဖြစ်နိုင်တော့ပါ။
ထိုမကောင်းတဲ့သူနဲ့ ပေါင်းသင်းဆက်နွယ်ပြီး ရရှိလာတဲ့ လောကီစည်းစိမ်ဥစ္စာများ တိုးတက်များပြားလာ၍သော်လည်းကောင်းlမိမိလိုချင်သော ဆန္ဒတွေပြည့်ဝလာ၍သော်လည်းကောင်း မည်သို့ပင်ဖြစ်စေ မင်္ဂလာတရားတော်နဲ့မညီတဲ့အတွက် မင်္ဂလာမဖြစ်နိုင်တော့ပါ။မကောင်းတဲ့သူနဲ့ပေါင်းသင်းဆက်ဆံခြင်းသည် မင်္ဂလာမရှိဘူးလို့ သတ်မှတ်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
**ဒါကြောင့် နံပါတ် (၂)ဖြစ်တဲ့ ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမှသာ မင်္ဂလာရှိတဲ့သူ ဖြစ်လာမှာ ဖြစ်ပါတယ်။
**နောက်တစ်ချက်က မကောင်းတဲ့သူနဲ့ ဆက်ဆံနေတဲ့သူတစ်ယောက်အဖို့ သူတော်ကောင်းပညာရှိ.. ပူဇော်သင့်ပူဇော်ထိုက်သူကို ပူဇော်ဖို့ မဖြစ်နိုင်တော့ပါ။မကောင်းတဲ့သူကိုပေါင်းသင်းမိတဲ့အတွက် ကောင်းတဲ့သူကို မေ့သွားတတ်ပါသည်။
မကောင်းတဲ့သူဟာ ကောင်းတဲ့သူ.. ပူဇော်ထိုက်တဲ့သူကို မညွှန်ပြနိုင်တော့ပါဘူး။ဒါလေးကို သတိထားရမှာပါ။
ပညာရှိသူတော်ကောင်းတွေနဲ့ ပေါင်းသင်းလိုက်တာနဲ့ အဲဒီသူကပဲ ပူဇော်ထိုက်သူဖြစ်နိုင်သလို ပူဇော်ရမည့်သူကိုလည်း ညွှန်ပြပေးနိုင်ပါတယ်။
မိမိဟာ အဲဒီလို သူတော်ကောင်းနဲ့ပေါင်းသင်းလိုက်ပါက မင်္ဂလာရှိတဲ့သူဖြစ်သွားသလို မင်္ဂလာရှိတဲ့နေ့တွေလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Crd-org-source
ထို့ကြောင့် ဒီ မင်္ဂလာတရား(၃)ပါးကို တိတိကျကျ သိရှိပြီး နေထိုင်ကျင့်ကြံမှသာ "မင်္ဂလာရှိသောအချိန်"l "မင်္ဂလာရှိသောနေ့ရက်"l "မင်္ဂလာရှိသောသူ" ဖြစ်မှာဖြစ်ပါကြောင်း...
"စစ်မှန်တဲ့ မင်္ဂလာတရား"တွေကို သိရှိလိုက်နာနိုင်မှသာ "အမှန်တကယ်မင်္ဂလာရှိတာ"ဖြစ်ပါကြောင်း...ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211