အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ စကားပြောကြရင်း ခံစားချက်က ဒီခေါင်းစဉ်လေးဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အလုပ်ထဲက လူတစ်ယောက်အကြောင်းလေးပါ။ကျွန်တော်တို့ထက် ရာထူးကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့အပေါ် ကျွန်တော်တို့ရဲ့ထင်မြင်ချက်လေးတွေပဲဖြစ်ပါတယ်။
Crd-org-source
သူရဲ့အကြောင်းစပြောရမည်ဆိုရင်တော့ သူ၏မိဘများမှာ တစ်ယောက်က မွတ်စလင်ဖြစ်ပြီး တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်ပါတယ်။သူကတော့ အခုလက်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ယောက်ဖြစ်ပါတယ်။ဘုရားဂါထာတွေရွတ်..ဘုရားရှိခိုး စသည်ဖြင့် လုပ်လေ့ရှိတဲ့သူဖြစ်ပါတယ်။နောက်ပြီး ပညာဝါရပဋ္ဌာန်း..ပဋ္ဌာနပါဠိ ကျမ်း တို့ကိုပါရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်တဲ့သူလည်းဖြစ်ပါတယ်။ကျွန်တော်တို့နဲ့လည်း အတော်လေးရင်းနှီးခင်မင်ပါတယ်။တစ်ခါတစ်လေဆို မင်းတို့တွေ ပဋ္ဌာနပါဠိ ကျမ်းရွတ်တာ ဘယ်လောက်ရောက်သွားပြီလဲ..တစ်နေ့စာမျက်နှာဘယ်လောက်ပြီးလဲ စသည်ဖြင့် ပြောဆိုလေ့ရှိပါတယ်။အစပိုင်း သူ ပဋ္ဌာနပါဠိကျမ်း စရွတ်ပူဇော်တဲ့အချိန်းတုန်းက ကျွန်တော်က မပူဇော်ဖြစ်သေးပါ။ကျွန်တော်က ညဘက်အိပ်ရာဝင်ခါနီး ဘုရားရှိခိုးပြီး နာရီဝက်လောက် စိတ်ငြိမ်အောင်တရားထိုင်တာပဲလုပ်တာပါ။စိတ်လေးအေးချမ်းပြီး ကြည်ကြည်လင်လင် ဖြစ်အောင် ဆိုပြီး သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ လေးတွေ ပြောဆိုလေ့ရှိပါတယ်။နောက်ပိုင်းမှပဲ ကျွန်တော်လည်း ပဋ္ဌာနပါဠိကျမ်း ရွတ်ဖတ်ပူဇော်ခြင်းကိုပါ လုပ်ဖြစ်ခဲ့ပါတယ်။
Crd-org-source
ကျွန်တော်စပြီး ရွတ်ဖြစ်တဲ့အချိန်မှာ သူက ပထမအကြိမ်ပြီးလို့ ဒုတိယအကြိမ် တတိယအကြိမ်လောက်ရောက်နေပါပြီ။အဲဒီအခါမှာလည်း ကျွန်တော်ကတော့ ဖြည်းဖြည်းချင်းပါပဲ ပုံမှန်လေးပဲရွတ်ပါတယ်။သူကတော့ ဒုတိယအကြိမ် တတိယအကြိမ်လောက်ဆိုတော့ ရွတ်ဖတ်ပူဇော်ရာတွင် မြန်သွားပြီး တစ်နေ့စာမျက်နှာဘယ်လောက်ပြီးကြောင်း ပြောဆိုလေ့ရှိပါတယ်။ကျွန်တော်ကလည်း သာဓုခေါ်ပါကြောင်း ကောင်းတာတွေလုပ်ပြီး တိုင်ပင်ဆွေးနွေးခြင်းတွေ ပြုလုပ်ကြပါတယ်။
ကျွန်တော်ဒီလို ဘာကြောင့်အများကြီးပြောနေသလဲဆိုတာကတော့ သူရဲ့လက်တွေ့ လုပ်ဆောင်ပုံအကျင့်စရိုက်လေးတွေကို မြင်သာထင်သာရှိစေချင်လို့ပါ။သူ ကောင်းတာတွေလုပ်တာ ကောင်းခြင်းမင်္ဂလာပါ။သာဓု လည်းခေါ်ပါတယ်။ဒါပေမဲ့ သူက သူလုပ်တာလုပ်နေတာ သူ့ရဲ့စိတ်ကိုတော့ မပြင်နိုင်ဘူးဖြစ်နေတယ်။သူအလုပ်ထဲမှာ လုပ်တဲ့ပုံစံလေးကိုပြောပြပါမယ်။သူက သူနဲ့တည့်နေမယ်.. သူနဲ့သူ့အိမ်ကိုအကျိုးပြုနေမယ်ဆိုရင် အဲဒီလူကို အခွင့်အရေးတွေပေးပြီး သူနဲ့ သဟဇာတမဖြစ်ဘူး.. သူခိုင်းတာမလုပ်ပေးဘူးဆိုရင် အဲဒီလိုလူတွေကိုတော့ အခွင်းအရေးမပြောနဲ့ အကောင်းမပြောတော့ဘူး။သူခိုင်းတယ်ဆိုတာ သူ့အိမ်အလုပ်တွေလည်း ပါလေ့ရှိပါတယ်။ဒါကတော့ သူခံယူထားတဲ့ သူရဲ့စိတ်နေစိတ်ထား လေးပါပဲ။
Crd-org-source
နောက်တစ်ချက်က...ကျွန်တော်တို့ ဟိုတစ်လောက စက်ရုံမှာ ဝန်ထမ်းတွေ လစာတိုးတော့ သူက သူနဲ့ အဆင်ပြေတဲ့သူတွေ သူ့ကိုအကျိုးပြုတဲ့သူတွေကို လစာ တိုးပေးထားပြီး ကျန်တဲ့သူတွေကိုတော့ ချန်ထားခဲ့ပါတယ်။ဒီအချက်မှာ သူ့ရဲ့စိတ်ကို သိသိသာသာ ပေါ်လွင်သွားစေပါတယ်။စာရင်းတွေ On Paper ပေါ်ရောက်နေပြီလေ။ဒီလိုအခြေအနေမှာ ကျွန်တော်တို့တွေဟာ မိမိ၏အကျိုးအတွက်ကိုသာကြည့်ပြီး Personal ဆန်ဆန် ဆုံးဖြတ်ခြင်းမျိုးမလုပ်ပဲ လုပ်ငန်းမှာ အမှန်တစ်ကယ်တော်ပြီး သေချာတိကျစွာ ကြိုးစားလုပ်ဆောင်နေတဲ့ သူတွေအတွက်လည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရာထူး လစာ ရရှိအောင်ဆောင်ရွက်ပေးရမှာပါ။ဒါလေးပြောပြချင်တာပါ။
Crd-org-source
ဒီနေရာမှာ ဆရာတော် ဥူးသုမင်္ဂလ ဆုပေးလေ့ရှိတဲ့ စကားလေးတစ်ခု သွားသတိရမိပါတယ်။
**တို့တရားနာပရိသတ်တွေ တရားကို နာလည်း နာနိုင်ကြပါစေ။နာတဲ့အတိုင်းလည်းသိကြပါစေ။သိတဲ့အတိုင်းလည်း ကျင့်ကြံကြိုးစားအားထုတ်နိုင်တဲ့ သူတော်စင်သူတော်ကောင်းတွေ ဖြစ်ကြပါစေ ဆိုပြီး ဆုပေးလေ့ရှိပါတယ်။
နောက်စကားလေးတစ်ခုလည်း လက်ဆောင်ပေးခဲ့ ပါရစေ။
**ပညာမပါတဲ့ လက်တွေ့ဟာ အန္တရာယ်များသလိုပဲ
လက်တွေ့မပါတဲ့ ပညာဟာလည်း အသုံးမဝင်သလို ဖြစ်သွားတတ်ပါတယ်။
Crd-org-source
ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ အတတ်ပညာ အသိပညာ ဗဟုသုတတွေကို အမြဲသိအောင် လေ့လာဆည်းပူးသင်ယူနေရမှာပါ။သိပြီးတဲ့အခါမှာလည်း သိတဲ့အတိုင်း လိုအပ်တာတွေပြုပြင်ပြီး နှလုံးသွင်းမှန်ကန်စွာ ကျင်ကြံနေထိုင်ကြရမှာပါ။ဒီလိုမှမဟုတ်ပဲ သိတဲ့အတိုင်း မလိုက်နာမကျင့်ကြံနိုင်ပါက မိမိသိတဲ့အသိဟာ အချီးအနှီး ဖြစ်ရုံသာရှိနိုင်ပါသေးကြောင်း... တဖြည်းဖြည်း အမှားဘက်ကိုသာ ရောက်မှန်းမသိရောက်နေအုံးမည်ဖြစ်ပါကြောင်း...သိလည်းသိပြီး သိတဲ့အတိုင်း လိုက်နာကျင့်ကြံဆောင်ရွက်နိုင်တဲ့ လူတော်လူကောင်းများဖြစ်နိုင်ကြစေရန် တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211