အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
Promotion Post လေးအတွက် အားထည့်ပြီး ရေးထားတဲ့ "လူအချင်းချင်း လေးစားမှုရှိပါ" ဆိုတဲ့ post လေးကတော့ မနေ့က တင်လိုက်တဲ့အတွက် Daily Post ဖြစ်သွားခဲ့ရပါတယ်။အခုအချိန်မှာ အဖွဲ့သုံးဖွဲ့ဖြစ်သွားပြီး မိမိတို့ G-3အဖွဲ့မှာ G-2 အဖွဲ့ဖြစ်သွားပါသဖြင့် မိမိကိုယ်တိုင်ကအစ G-3 ဆိုပြီးအကျင့်ပါနေတော့ Promotion တင်တဲ့ရက်လေးမှာလည်း အမှတ်တမဲ့ အမှတ်မှားနေကြပါသည်။ဒါကြောင့် ယနေ့ Primotion Post အတွက် ထပ်မံတင်ဖို့ စာရေးရပါတော့သည်။အဲဒီလိုနဲ့ Daily Post နဲ့ Promotion Post ကွာခြားပုံလေး သတိထားမိသွားပါတယ်။
Crd-org-source
**Daily Post---!
ကျွန်တော်တို့ Daily Post တင်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ မိမိအဆင်ပြေသလို ရေးတင်ပြီး ပုံမှန်အနေအထားနဲ့ သွားလို့ရပါတယ်။စာကိုလည်း အရမ်းကြီးဖြန့်ကျက်ပြီး ရေးနေစရာ မလိုအပ်ပဲ တင်နိုင်ပါတယ်။မိမိဆန္ဒအရ လွယ်လွယ်ကူကူပဲ ရေးတင်နိုင်ပါတယ်။နောက်ပြီး Daily Post ကို မဖြစ်မနေ vote and ment လုပ်ရမည်ဟု ကန့်သတ်မထားပဲ ကြိုက်တဲ့သူ အဆင်ပြေသလို vote and ment လုပ်နိုင်တဲ့ ပုံစံအနေအထားမှာပဲရှိပါတယ်။
Crd-org-source
**Promotion Post---!
Promotion Post အတွက်ကိုတော့ ဒီလိုမဟုတ်တော့ပဲ စည်းကမ်းချက်လေးတွေနဲ့ ကန့်သတ်ချက် ထားရှိပါတယ်။Promotion Post ကို (၁)ဘယ်လိုအချိန်တင်ရမည်။
(၂)စာလုံးရေ အနည်းဆုံး ဘယ်လောက်ရှိရမည်။
(၃)Promotion Post ကို G-2 အဖွဲ့သားများအားလုံး အပြန်အလှန် vote and ment မဖြစ်မနေ ပေးကြရပါမည်။
(၄)vote ပေးတဲ့အခါမှာလည်း volting power 100% ဖြစ်အောင်စောင့်ပြီး vote ပေးရမည် စသည်ဖြင့် control လုပ်ထားပါတယ်။ဒီလို စည်းကမ်းလေးတွေနဲ့ လုပ်ထားတဲ့အတွက် Promotion Post ရဲ့ အနေအထားဟာ အဆင့်အတန်းတစ်ခုရှိနေပြီး Daily Post နဲ့ကွာခြားမှုရှိနေတယ်လို့ထင်မြင်မိပါသည်။ဒီစကားဟာ တစ်ကယ်ရေးနိုင်ပြီး တစ်ကယ်တော်တဲ့ ပုဂ္ဂိုလ် ဆရာများအတွက်တော့ မမှန်နိုင်ပေမဲ့ မိမိတို့လို member အနေအထားများအတွက်တော့ အမှန်ပါပဲလို့ ပြောခဲ့ပါရစေ။
ဒါကြောင့် ဒီ Promotion Post ကို တင်တဲ့အခါ ကျွန်တော်ကိုယ်တိုင်ကအစ စာကို အတတ်နိုင်ဆုံး ကြိုးစားပြီး အများအတွက် အသိ ပညာ ဗဟုသုတ တိုးနိုင်စေရန် စနစ်တကျ စေတနာထားပြီး ရေးသားလေ့ရှိပါတယ်။အဓိကတော့ စာဖတ်သူအားလုံး တစ်ခုခု အသိရစေချင်တဲ့အချက်ပါ။Promotion Post ကို ဒီလိုဘာကြောင့် အားထည့်ရသလဲဆိုရင် Promotion Post ဟာ Daily Post လို vote ချင် vote.. ment ချင် ment မဟုတ်ပါ။Promotion Post ဟာ မိမိတို့ G-2 အဖွဲ့သားအားလုံး မဖြစ်မနေ vote and ment လုပ်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်တဲ့အခါ Post ကိုလည်း အားလုံး ဖတ်ကြမည်ဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်အောင် ဂရုတစိုက် ရေးသားကြရမှာပဲ ဖြစ်ပါတယ်။
Crd-org-source
အခုဆိုရင်လည်း မိမိတို့အဖွဲ့မှာ အဖွဲ့ဝင်အသစ်များလည်း ရောက်ရှိပါဝင်နေပါပြီ။အဖွဲ့ဝင်အသစ်တွေလို့သာပြောတာပါ မိမိတို့အဖွဲ့အတွက်သာ လူသစ်တွေဖြစ်ပြီး သူတို့မှာ အတွေ့အကြုံတော့ ရှိနေပြီးသားတွေဖြစ်ပါတယ်။ဘာကြောင့် ဒီလိုပြောသလဲဆိုရင် ပြီးခဲ့တဲ့အပတ်က သူတို့တင်တဲ့ Promotion Post လေးတွေကို ကြည့်ရင်သိသာစေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Promotion Post တင်တဲ့အခါ စည်းကမ်းလေးတွေ သတိထားပြီး မသိတာတွေရှိရင်လည်း မေးပါ။သိတဲ့သူတွေက ပြန်လည်ဖြေပေးပါလိမ့်မယ်။Promotion Post ကိုတော့ အားလုံးအပြန်အလှန် vote and ment ဖို့ လိုအပ်ပါတယ်။ဒီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတဲ့သူတွေအားလုံး အမြဲပြောနေကြတဲ့ Copy Post မဖြစ်ဖို့တော့ အထူးဂရုစိုက် သတိထားကြရမှာပဲ ဖြစ်ပါတယ်။ဒါကိုတော့ လုံးဝ ကန့်ကွက်ထားပါတယ်။
ကိုယ်မသိသော comment link တွေကိုလည်း မနှိပ်မိအောင် သတိထားရပါမယ်။မိမိအကောင့်ကိုလည်း Master Password Key မသုံးပဲ Posting Key နင့် Active Key များသုံးပြီး မိမိအကောင့် လုံခြုံအောင်ထားရှိသုံးစွဲရမည်ဖြစ်ပါကြောင်း မိမိသိသလောက် ပြန်လည်မျှဝေရေးသားလိုက်ရပါတော့သည်။
Crd-org-source
*Promotion Post အတွက်စာတစ်ပုဒ်ဖြစ်အောင် ဖန်တီးရေးသားလိုက်သော်လည်း Promotion အတွက် ရည်ရွယ်ရေးသားထားသော "လူအချင်းချင်း လေးစားမှုရှိပါ"ဆိုတဲ့ Post လေးသည်လည်း Promotion Post အရည်အသွေး အနှစ်သာရ ပိုမိုရရှိမည်ထင်ပါသောကြောင့် အားပေးဖတ်ရှု့နိုင်ပါရန် အောက်ပါ link နှင့်တကွ ပူးတွဲ တင်ပြပေးလိုက်ရပါသည်။
https://steemit.com/myanmar/@uthantzin/luaundefinedngundefinedng-elsam-yawipa
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211