ပထမဦးဆုံး အမှတ်တရ...! (အပိုင်း-၁)
https://steemit.com/myanmar/@uthantzin/ptam-isaon-amwttya
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
Crd-org-source
ဒီလိုနဲ့ ဧည့်သည်များလာမည့်နေ့တွင် ရန်ကုန်လေဆိပ်သို့ ဧည့်သည်များ နေ့လည် (၂)နာရီတွင် ရောက်ရှိမည်ဖြစ်၍ ကျွန်တော်သည် နေ့လည် (၁)နာရီ မခွဲခင်ကပင် ရန်ကုန်လေဆိပ် arrival hall တွင် ရောက်ရှိနေပြီဖြစ်ပါသည်။လေယာဉ်ရောက်ရှိခါနီး အချိန်တွင်
မိမိမှာ လေဆိပ်တွင် ဧည့်သည်များကြိုသည့် အတွေ့အကြုံမရှိသည့်အတွက် အခြားအလားတူ ဧည့်သည်ကြိုမည့် Guide များအား ရှာဖွေကြည့်ရှုလေ့လာရာ သူတို့တွင် ဧည့်သည်များ၏အမည်များ (သို့) Travel&Tour ကုမ္ပဏီအမည်များ ရေးသားထားသော ဆိုင်းဘုတ်လေးကိုင်ထားတာကို သတိထားမိသွား၏။ကျွန်တော်ရဲ့ ဆရာဆီမှာတော့ ဒီဆိုင်းဘုတ်တွေရှိမှာပေါ့။ကျွန်တော်က အတွေ့အကြုံမရှိတော့ သတိမထားမိတာလေ။ထိုအခါ မိမိတွင် ဘာမျှမရှိသဖြင့် ထိုနည်းလမ်းသုံးရမည်ဟု ဆုံးဖြတ်ပြီး စာရွက်အကြီးသွားဝယ်ရန်လည်း အချိန်မရှိတော့သဖြင့် မိမိတွင်ပါလာသော လျှောက်လွှာစာရွက်နှစ်ရွက်တွင် စားလုံးကြီးကြီးဖြင့် နိုင်ငံခြားသားနာမည်များရေး၍ လက်နှစ်ဖက်နှင့်ကိုင်ပြီး ဧည့်သည်များအား ကြိုဆိုခဲ့ရပါသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းကြောင့် ဧည့်သည်များဟာ မိမိဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး စကားစတင်ပြောဆိုပါတော့သည်။
အော်..ဒါငါ့ရဲ့ပထမဦးဆုံး အတွေ့အကြုံပါလားဆိုပြီး စိတ်ထဲမှာ မှတ်မှတ်ရရ ဖြစ်ခဲ့ရပါသည်။
ဒီလိုနဲ့ မိမိသည် ဆရာကိုခင်မောင်ရီ၏တပည့်ဖြစ်ကြောင်း ဆရာ မအားလပ်ပါ၍ မိမိအားလူကြီးမင်းတို့၏ခရီးစဉ်ကို တာဝန်ယူစီစဉ်ပေးရန် စေလွှတ်လိုက်ခြင်းဖြစ်ပါကြောင်း စကားပြောဆိုပြီး ရင်းနှီးအောင်ဆောင်ရွက်ရပါသည်။ခေတ္တမျှအနားယူပြီး ဆရာစီစဉ်ပေးထားသည့်အတိုင်း စပိန်နိုင်ငံခြားသားများအား ကားနှင့် ပဲခူးမြို့သို့ခေါ်ဆောင်သွားပြီး ပဲခူးတွင် night stop လုပ်မည်ဖြစ်ကြောင်း လူကြီးမင်းတို့ လိုအပ်သော ငွေကြေးလဲလှယ်ခြင်းများနှင့် အစားအသောက်အတွက် စီစဉ်ထားရှိပါကြောင်း..လိုအပ်သော မည်သည့်ကိစ္စမဆို မိမိအား အကူအညီပေးရန် တောင်းဆိုနိုင်ပါကြောင်း မိမိတို့၏ခရီးစဉ်အား မနက်ဖြန်မှသာ စတင်မည်ဖြစ်ကြောင်း ဧည့်သည်များနှင့်ပိုမိုရင်းနှီးနိုင်ရန် စကားဖောင်ဖွဲ့ နေခဲ့ကြပါတော့သည်။
Crd-org-source
နိုင်ငံခြားသားများအား Guide လုပ်ပေးမယ့် စကားပြန် တစ်ယောက်သည် မိမိတာဝန်ယူထားသော နိုင်ငံခြားသားများအတွက် မိမိ စတင်ပြီးတာဝန်ယူချိန်မှစ၍ ထိုနိုင်ငံခြားသားများ မိမိနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသောအချိန်အထိ ဧည့်သည်များ ပျော်ပျော်ရွှင်ရွှင်နှင့် လွတ်လပ်စွာ စိတ်အေးချမ်းသာစွာ လည်ပတ်လေ့လာနိုင်ဖို့ အဓိကဖြစ်ပါတယ်။
မိမိတို့သည် ယခုအချိန်မှစ၍ မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်း အခုဒီနေရာနှင့် ကီလိုမီတာ ဘယ်လောက်ကွာဝေးကြောင်း လမ်းတွင်ဘယ်မှာ brake time ထားမည်ဖြစ်ကြောင်း အစားအသောက်အတွက်လည်း restuartant ဘယ်နှစ်ခုရှိကြောင်း ဘယ် restuartant တွေက ပိုမိုကောင်းမွန်သန့်ရှင်းကြောင်း မိမိ၏ခရီးစဉ်အား အကြမ်းလေး အသိပေးထားရမှာလို့ ခံယူထားတဲ့အတွက် ဒီအတိုင်းပဲ စနစ်တကျ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။
Crd-org-source
ပထမဦးဆုံး ကိုယ့်ရဲ့ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပဲခူးမြို့ နဲ့ ကျိုက်ထီးရိုးဘုရားသို့ အပြောင်မြောက်ဆုံး ဧည့်ခံလမ်းညွှန်မှုများဖြင့် ဧည့်သည်များ၏ယုံကြည်မှုကို အရယူနိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။
သို့ရာတွင် ကျိုက်ထီးရိုးတောင်တက် ရသေ့တောင်ကားရပ်နားစခန်းသို့ရောက်ရှိပြီး ဆိုင်တစ်ဆိုင်တွင် ကော်ဖီနှင့် အအေးများသောက်ရင်း ခဏအနားယူနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ထိုအချိန်တွင် ဧည့်သည်တစ်ဦးမှ ဗိုက်နာသဖြင့် တောင်ပေါ်မလိုက်နိုင်ကြောင်း နီးစပ်ရာတည်းခိုခန်းတွင် ဆေးသောက် အနားယူပြီး ကျန်နေခဲ့မည်ဖြစ်ကြောင်း ပြောလာပါတော့သည်။ဒီမှာ စတင်ဖြေရှင်းရပါပြီ။ဆုံးဖြတ်ရပြီပေါ့။အိုကေ..ဗိုက်နာနေတဲ့အတွက် တည်းခိုခန်းသွားပြီး အခန်းယူကာ ဆေးသောက်ပြီး အနားယူနိုင်ရန်စီစဉ်ပေးခြင်း..Hotel တွင်လည်း သူ၏ဗိုက်နာနေသောအခြေအနေအားပြောပြပြီး ဆရာဝန်ခေါ်ပေးနိုင်ရန် အကူအညီတောင်းထားရတာပေါ့။မိနစ်(၃၀)လောက် အခြေအနေစောင့်ကြည့်ပြီး သက်သာလာသဖြင့် တောင်ပေါ်လိုက်နိုင်လားဟု မေးရာ မလိုက်တော့ ဟုပြောသဖြင့် အစစအရာရာ စီစဉ်ပေးပြီး တောင်ပေါ်တက်မည့်ဧည့်သည်များနှင့်အတူ တောင်ပေါ်တက်ခဲ့ကြပါသည်။
မိမိတို့တောင်ပေါ်သို့ရောက်ရှိပြီး မကြာမီမှာပင် ဧည့်သည်တစ်ယောက်၏ဖုန်းမှတဆင့် ဗိုက်နာသော ဧည့်သည်မှာ တောင်ပေါ်သို့လိုက်လာပြီဖြစ်ကြောင်း သိလိုက်ရပါသည်။ထိုအခါတွင် ကျွန်တော်ရဲ့စိတ်က စိတ်မချဘဲ စိုးရိမ်နေရပြန်ပါသည်။ဗိုက်သိပ်မကောင်းတာကတစ်ကြောင်း.. တစ်ယောက်တည်းဖြစ်၍စိတ်မချတာကြောင့် ကျွန်တော်ဟာ ဧည့်သည်များအား ဘုရားရင်ပြင်ပေါ်တွင် စောင့်နေကြရန်ပြောပြီး မိမိသည် တောင်တက်လမ်းအတိုင်း ပြန်ဆင်းပြီး ဧည့်သည်တစ်ယောက်အားကြိုခဲ့ရပါသည်။ဒါကြောင့် ဒီလိုနှစ်ခါပြန် အတက်အဆင်းလုပ်ခဲ့ရတဲ့ ကျိုက်ထီးရိုးခရီးစဉ်လေးကိုလည်း ယနေ့အထိ မမေ့နိုင်အောင် ဖြစ်နေရပါသည်။
ထို့နောက် သထုံ မော်လမြိုင် ကျိုက်ခမီဘုရား စက်စဲကမ်းခြေ စသည်ဖြင့် အောက်မြန်မာပြည်ခရီးစဉ်အား အစီအစဉ်လေးနှင့် စနစ်တကျ တာဝန်ယူဆောင်ရွက်ခဲ့ပါတော့သည်။
အထက်မြန်မာပြည်ခရီးစဉ်အတွက်လည်း ဆက်လက်အားပေးပါအုံးလို့ပြောကြားရင်း ခေတ္တရပ်နားလိုက်ပါတယ်။
Crd-org-source
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211