အမေနဲ့သားဈေးအတူတူသွားကြသည်။ကုန်ဆုံဆိုင် ဆိုင်ရှင်က ကလေးကိုတွေ့တာနဲ့ အရမ်းချစ်ဖို့ကောင်းတော့ ဈေးဗန်းထဲက သကြားလုံးကို နှိုက်ယူခိုင်းသည်။
ကလေးက တုပ်တုပ်ပင် မလှုပ်ပါ။
အတန်တန်ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာ သကြားလုံး တစ်ဆုပ်ယူပြီး ကလေး အိတ်ကပ်ထဲထိုးထည့်ပေးလိုက်သည်။
ဈေးကပြန်လာတော့ အမေဖြစ်သူက သားကိုမေးတယ်။
"သားသကြားလုံးကြိုက်တတ်မှန်းသိသားနဲ့ ဒီလောက်ယူခိုင်းနေတာသားရယ် ဘာဖြစ်လို့မယူရတာလဲ"...
သားက ပိုင်တဲ့ အပြုံး ပြုံးပြီး ပြန်ဖြေတယ်။
"ဘာဖြစ်လို့လဲဆိုတော့ သားကလက်သေးတယ်...ဆိုင်ရှင်လက်ကပို ကြီးတယ်လေ...သူထည့်ပေးရင်း သားယူတာထက် ကျိန်းသေပိုများမယ်ဆိုတာသားသိလို့ပဲ"လို့ ပြန်ပြောလိုက်ပါသတဲ့...
ဒီပုံပြင်လေးကို ဖတ်မိတော့ ကျွန်တော်သတိရတာလေးတစ်ခုပြောပြချင်ပါတယ်။ကျွန်တော်တို့ အခုလက်ရှိ steemit လမ်းကြောင်းပေါ်မှာ မိမိတို့ ဝါသနာအရ ဗဟုသုတတွေလည်းရ ဒါ့အပြင် ငွေလည်းရတဲ့ အတွက် steem account လေးဖွင့်... wallet လေးရဲ့ ငွေလေးတိုးနေတာလေးကြည့်ပြီး နေ့စဉ်နဲ့ အမျှ တတ်နိုင်သလောက် post လေးတွေရေးတင်...သူများpost လေးတွေဝင်ဖတ်... vote and comment လေးပေးနဲ့... ကြိုးစားလုပ်ဆောင်နေကြရတာပေါ့။ဒီနေရာမှာ ပုံပြင်လေးထဲကပြောသလိုပေါ့ မိမိကတော့ ဒီ steemit မှာအသစ်ကလေးပါ။အခုမှ introducing post လောက်ပဲ တင်တတ်အောင်လုပ်နေရတာပဲ... ဘာမှသိပ်မလုပ်တတ်သေးပါဘူးဆိုပြီး အားမငယ်နဲ့... မသိရင် သိအောင်ကြိုးစားပါ...ကိုယ်မလုပ်နိုင်သေးတဲ့ အရာကို လုပ်နိုင်တဲ့သူတွေ သိတဲ့သူတွေ ရဲ့ အကူအညီတွေကို တောင်းခံပါ။ဘယ်သူမှ မွေးကတည်းက တတ်လာကြတာမဟုတ်ပါဘူး...လုပ်ရင်းနဲ့ ဒီလိုပဲ အကူအညီတွေတောင်းခံရင်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားကျော်ဖြတ်သွားကြတာပါ။ကျွန်တော်ကိုယ်တိုင်ဆိုရင်လည်း စိတ်ဝင်စားမှု တစ်ခုတည်းအရင်းပြုရင်း စာတွေဖတ် MSC နံပါတ် ရအောင်လုပ် promotion မှာပါဝင်ခွင့်ရအောင်လုပ်ခဲ့ရတာပါ။
အခု Group (3)မှာ member လေးဖြစ်လာတော့လည်း Group (3)leader အစ်မ မကြည်ရဲ့ သွန်သင်ပြသမှု... မိမိမှလည်းမသိတာတွေကိုမေးမြန်းပြီး လိုအပ်တဲ့ အကူအညီတွေကိုတောင်းခံရင်းနဲ့ လျှောက်လမ်းခဲ့ ရတာပါ။ဒါ့အပြင် မိမိထက် အတွေ့အကြုံများကြသော ကိုသက် ကို ဒွန် ဆရာတင်လှိုင်ဦး တို့လို ဆရာတွေဆီကနေ Messenger မှသော်လည်းကောင်း သူတို့ post တွေရဲ့ comment မှသော်လည်းကောင်း မေးမြန်းအကူအညီတောင်းခံ ခြင်း...လိုအပ်သည်များ မှတ်သားလိုက်နာခြင်းတို့ ကိုကြိုးစားဆောင်ရွက်ခဲ့ရတာပါ။ဆရာတင်လှိုင်ဦးရဲ့ ရေးသားဟန်နဲ့ စာရေးနည်းပညာတွေကို ဆရာတင်သမျှ postတွေကို မလွတ်တန်းလိုက်ဖတ်ပြီး လေ့လာမှတ်သားနေဆဲပါ။အခုလက်ရှိမှာလည်း ဒီအတိုင်းပဲ ဆက်လက် ကြိုးစားပြီးလိုအပ်သော အကူအညီများတောင်းခံ လျှေက်လှမ်းနေပါသည်။ ဒါကြောင့် မိမိရဲ့ ဦးတည်ချက်အတွက် မိမိမလုပ်နိုင်သေးသောကိစ္စရပ်များအား လိုအပ်သောအကူအညီများ တောင်းခံခြင်း လိုအပ်သောအချက်လာများ ရှာဖွေခြင်း ကြိုစားဆောင်ရွက်ခြင်းတို့ အတွက် မှန်ကန်သော ဆုံးဖြတ်ချက်ရှိရန် အရေးကြီးပါကြောင်း တင်ပြရေးသားလိုက်ရပါတော့သည်။
စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos from facebook & google images