အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာပြောကြားရင်း...
ဒီပုံပြင်လေးကိုလည်း မြည်းကြည့်ပါအုံးခင်ဗျာ...
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်တယ်။
ကျားငယ်က မေးပါတယ်။"အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်...ကျားသစ်ကိုလည်းနိုင်တယ်...ဘာမဟုတ်တဲ့ ခွေရူးကြတော့ ရှောင်ပုန်းတယ်...သိက္ခာမကျဘူလားအဖေ"တဲ့..
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
"ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာကောင်းသလား သား"
ကျားငယ်ကခေါင်းခါတယ်။
"ခွေးရူးတစ်ချက်ကိုက်ခံရရင်ကော တန်သလား"
ကျားငယ်က ခေါင်းခါပြန်တယ်။
"ဒါဆိုရင် ငါတို့ခွေရူးကို ဘာလို့ရန်သွားစနေမှာလဲ...ခွေးရူးဆိုတာစိတ်ဖောက်နေတဲ့အကောင်...တွေ့တဲ့အရာလျှေက်ကိုက်နေတဲ့အကောင်..."အကောင်တိုင်းကို ငါတို့ ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ဘူး"...အဲဒါသာ "မြဲမြဲမှတ်ထားပါ ငါ့သား" ဟုပြောပြလိုက်လေသတည်း။
ဒီပုံပြင်လေးရဲ့အဓိပ္ပါယ်ကတော့ လူတွေဟာ များသောအားဖြင့် ပညာညဏ်နဲ့ ခွဲခြားပြီး စိတ်နဲ့ ဆုံးဖြတ်ခါ မှန်မှန်ကန်ကန် ဆောင်ရွက်တတ်ကြစေရန်နှင့် မိမိအပေါ် မခံချင်အောင်ပြောဆိုနေသည့်တိုင်အောင် သူနဲ့ အပြန်အလှန် တုန့်ပြန်ရန်စဉ်းစားသည့်အခါ မိမိလည်းအကျိုးမရှိ... သူတစ်ပါးလည်းအကျိုးမရှိပါက ပြန်လည် တုန့်ပြန်ခြင်းမပြုတော့ပဲ ရှောင်နိုင်အောင် ကြိုးစားဖို့အတွက် အသိပညာပေးထားတာလေးပါ။အသိညဏ်နည်းတဲ့ သူတွေဟာ အမှားအမှန် ခွဲခြားနိုင်စွမ်းအားနည်းတဲ့အတွက် လက်စားချေဖို့ပဲ စဉ်းစားကြတယ်။
အသိညဏ်ပညာကြွယ်တဲ့သူတွေကြတော့ လက်စားချေဖို့ထက် သူ့ အတိုင်းအတာနဲ့သူ ခွင့်လွှတ်နိုင်ဖို့အတွက် စဉ်းစားပေးကြတယ်။
ဒါကြောင့်မည်သည့်ကိစ္စမဆို...မည်သည့်အခြေအနေမျိုးမဆို စိတ်ကိုထိန်းပြီး မိမိရောသူတစ်ပါးအတွက်ပါ အကျိုးမရှိပါက မပြုလုပ်မိကြစေရန် ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos from facebook