အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေခင်ဗျာ...
လူသားအားလုံးဟာ မိမိတို့၏လုပ်ငန်း ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အခါ စနစ်တကျရှိပြီး တိကျသေချာဖို့ လိုအပ်ပါသည်။တိကျသေချာခြင်းမရှိသော..မိမိ၏စိတ်အထင်ဖြစ်သော..စနစ်တကျစီစဉ်မှုမရှိသော လုပ်ဆောင်မှုများသည် မိမိ၏ယုံကြည်ချက်..စိတ်ဓါတ်ဖြောင့်မတ်တည်ကြည်မှု စသောစိတ်ဓါတ်ရေးရာများကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါသည်။ဒါကြောင့် လုပ်ငန်း ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အခါ စနစ်တကျ တိကျသေချာစွာ ဆောင်ရွက်တတ်ဖို လွန်စွာအရေးကြီးလှပါသည်။
ထိုကဲ့သို့တိကျသေချာစွာ ဆောင်ရွင်နိုင်ရန်အတွက် အလေးအနက်ထားပြီး ကြိုးစားဆောင်ရွက်သွားကြရမှာပဲဖြစ်ပါတယ်။
Crd-org-source
ဒီလိုတိကျသေချာစွာ ဆောင်ရွက်တတ်စေရန် ဖတ်ခဲ့ဖူးသော **ဥပမာလေးတစ်ချို့ကို တင်ပြပေးခဲ့ပါရစေ...
747-ဂျက်လေယာဉ်ကြီးတစ်စီးဟာ လေဆိပ်က အတက်တွင် ပျက်သွားခဲ့ပါသည်။ကံအားလျော်စွာ မည်သူမျှ အသက်မဆုံးရှုံးခဲ့ပါ။အပြင်းအထန် ဒဏ်ရာရသူတစ်ချို့တော့ရှိခဲ့ပါတယ်။ထိုကဲသို့ဖြစ်ပြီးနောက် လေယာဉ်မှူးအား စစ်ဆေးမေးမြန်းသည့်အခါ လေယာဉ်မထွက်ခွာမီ သူ့အား လမ်းကြောင်းပြပုဂ္ဂိုလ်က ပြေးလမ်းပေအရှည် ပေ 9500 ရှိသည်ဟု ပြောခဲ့ကြောင်းထွက်ဆိုပါသည်။
လေယာဉ်ပြေးလမ်းမှာ ယခင်က ပေ 9500 ရှိခဲ့တာ အမှန်ဖြစ်၏။သို့သော် လောလောဆယ်တွင် ဆောက်လုပ်ရေး အလုပ်များရှိနေသည့်အကြောင်းကြောင့် လေယာဉ်အတွက် အမှန်တကယ်ရရှိနိုင်သည့် ပြေးလမ်းအရှည်မှာ ပေ 8400 မျှသာဖြစ်နေခြင်းဖြစ်သည်။သည်အချက်လွဲသည့်အခါ လေယာဉ် ပျံတက်ရန် အရှိန်ယူနှုန်းတွက်ရာ၌လည်း ဆက်၍လွဲကာ မတော်တဆ ဖြစ်ရခြင်းဖြစ်သည်။
Crd-org-source
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများပြီးပြီထင်၍ လေယာဉ်ပြေးလမ်းအရှည် ပေ 9500 ပြန်လည်အသုံးပြုနိုင်ပြီဟု ပြောမိလိုက်လျှင်သော်လည်းကောင်း ဒါမှမဟုတ် ထိုဆောက်လုပ်ရေးနေရာမှ ရုတ်တရက် အဆင်မပြေဖြစ်၍ လေယာဉ်ပျံသန်းချိန်အတွက် ပေ 9500 ထိမပျံသန်းနိုင်သေးကြောင်း သတင်းပို့နောက်ကျ၍သော်လည်းကောင်း စသည်ဖြင့် တစ်ဦး တစ်ယောက်ရဲ့ မတိကျ မသေချာမှုသည် ဒီလို လေယာဉ်မတော်တဆဖြစ်ပြီး လူအများထိခိုက်ဒဏ်ရာရပြီး အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိနေကြောင်းတွေ့ရပါသည်။ဒါကြောင့် မည်သည့်ကိစ္စမဆို ဂရုတစိုက် စနစ်တကျ တိကျသေချာစွာ ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။
Crd-org-source
**နောက်ထပ် ဥပမာလေးတစ်ခုထပ်ပေးခဲ့ပါရစေ...
တစ်ခါက သူနာပြုဆရာမလေးတစ်ယောက်သည် ဆေးရုံကြီးတစ်ရုံ၏ ခွဲစိတ်ခန်းတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်းခံရလေသည်။ခွဲစိတ်ခန်း ဝင်ရသည့် ပထမနေ့မှာပင် သူ နှင့် အဆင့်များစွာကွာခြားလှသည့် ခွဲစိတ်ဆရာဝန်ကြီးနှင့် ထိပ်တိုက်တွေ့စရာ အကြောင်းပေါ်လေသည်။
ပြဿနာက ခွဲစိတ်စဉ် ဂွမ်းတို့ဖတ်စ ဆယ့်နှစ်စ သုံးခဲ့ပြီး ခွဲစိတ်ပြီး၍ ဝမ်းဗိုက်ကို ပြန်ချုပ်ခါနီးအချိန်တွင် ဂွမ်းဖတ်စ ဆယ့်တစ်စ သာပြန်ရခြင်းဖြစ်ပါသည်။
"ဆရာ ကျွန်မတို့ ဆယ့်နှစ်ခုသုံးထားတာ တစ်ခုလိုနေတယ်"
သူက ဆရာဝန်ကြီးအားပြောသည်။
"ငါအားလုံးပြန်ထုတ်ပြီးပြီကွ.. အခုချုပ်တော့မယ်"
"မဟုတ်ဘူးဆရာ ကျွန်မတို့ ဆယ့်နှစ်ခုသုံးထားတယ်"
ဆရာဝန်ကြီးက လက်မခံ ။
"ငါတာဝန်ယူတယ်ကွာ..ချုပ်အပ်ပဲပေး"
ဆရာဝန်ကြီးက ပြတ်ပြတ်ပြောသည်။
"ဆရာ ဒီလိုမလုပ်ပါနဲ့ လူနာကိုလဲ ထည့်စဉ်းစားပါအုံး" ဟုသူနာပြုဆရာမလေးက မခံမရပ်နိုင်ဖြစ်လာဟန် နှင့်ပြောလိုက်သည်။
သည်တော့မှ ဆရာဝန်ကြီးက ပြုံးကာ "မင်းတော်တယ်"ဟုဆိုပြီး သူ့ရဲ့ခြေထောက်အောက်မှာ နင်းထားသည့် ဆယ့်နှစ်စမြောက် ဂွမ်းတို့ဖတ်စကို ပြလိုက်သည်။
ဤဒုတိယအခြင်းအရာကို ကြည့်မယ်ဆိုရင်လည်း မိမိတို့ဟာ မိမိတို့၏ တိကျစွာဆောင်ရွက်မှုအား အတိအကျ မဖြစ်မချင်း လက်မခံပဲ ဆောင်ရွက်တဲ့အတွက် မိမိ၏ယုံကြည်ချက်.. တည်ကြည်ဖြောင့်မတ်မှု..သတ္တိရှိမှုစွမ်းအားများ ပိုမိုရရှိလာကာ ပိုမိုတိုးတက်အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
တိကျသေချာအောင် ဆောင်ရွက်တတ်တဲ့အတွက် မိမိ၏စိတ်ဓါတ်ရေးရာပိုင်းတွင် အဓိကလိုအပ်သော အချက်များကိုပါ ပိုင်ဆိုင်သွားသည်ဟု မှတ်သားနိုင်ပါသည်။
Crd-org-source
**အချုပ်အားဖြင့်ဆိုသော် မိမိတို့အားလုံးသည် လုပ်ငန်းကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အခါ ပေါ့ပေါ့ဆဆ မလုပ်ပဲ တိကျသေချာစွာ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း...ပေါ့ပေါ့ဆဆ ဆောင်ရွက်မိပါက မိမိအတွက်လည်းအကျိုးမရှိသလို လူအများဘေးအန္တရာယ်ဖြစ်သည်အထိ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါကြောင်း...
တိကျသေချာစွာ စနစ်တကျဆောင်ရွက်ခြင်းဖြင့် စိတ်ဓါတ်ပိုင်းပါမြင့်မားလာပြီး အောင်မြင်မှုများ ရရှိနိုင်မှာဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
Crd-org-source
မြန်မာ စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211