လောကတွင် ရှိကြသောလူပေါင်းများစွာတိုတွင် အလူတိုင်းအမှားမကင်းသည့်အတွက် မမှားသောရှေ့နေ၊ မသေသောဆေးသသမား မရှိငြားဟူ၍ ရှေးကပညာရှိများက စကားသက်သေဖြင့် ပုံထားခဲ့ခြင်းဖြစ်တန်ရာပါသည်။ ထိုမှားတတ်သောအရာများတွင် မိမိငှားရမ်းအသုံးပြုသော ရှေ့နေမှားယွင်းပါက လွတ်ထိုက်သောအမှုပင်လျှင် ထောင်လုံးလုံးကျတတ်သည်အထိ အကျိုးဆက်ကိုခံရနိုင်ပေသည်။
ထိုနည်းတူစွာ မမှားအပ်ရာဆေးသမားဟု အဆိုရှိပါသည်
ဆေးသမားတို့မှားယွင်းပါက အသက်ပေါင်းများစွာဆုံးရှုံးရသည်အထိ ဆိုးကျိုးများကို ခံစားရပေသည်။
ရှေ့နေ၊ ဆေးသသမားဟူသည် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်ပေသည်။
ကျွန်တော်တို့ မြန်မာစတီးမစ်တွင်စာပေရေးသားနေသူများသည်လည်း အသက်မွေးဝမ်းကျောင်း ပညာများသာဖြစ်ပါသည်။
အသက်မွေးဝမ်းကျောင်းပညာများသည် စနစ်တကျသင်ယူလေ့လာကာ အထပ်ထပ်
လေ့ကျင်နိုင်ပါမှသာ ကျနသေသပ်နိုင်ပေသည်။
ရှေ့နေမှားက ထောင်လုံးလုံးကျနိုင်သလို ဆေးသမားမှားယွင်းကလည်း အသက်ဆုံးရှုံးနိုင်သည်သာ။
ထို့ထက်ပို၍ဆိုးရွားသည်မှာ ကျွန်တော်တို့ စာရေးသူများ၏ မှားယွင်းသော ရေးသားချက်များကြောင့် တစ်မျိုးသားလုံးသွေးချောင်းစီး စစ်ပွဲကြီးများဖြစ်သွားနိုင်သကဲ့သို့ တစ်မျိုးသားလုံးအသိဥာဏ်ချောက်ကမ်းပါးအတွင်းသို့လည်းကျနိုင်သည်သာပင်။
လူတိုင်းမှားတတ်ကြပါတယ်။
ထီထွင်ဖန်တီးရတဲ့အရာတွေ၊ သုသေသနနယ်ပါယ်တွေ အားလုံးဟာ အမှားများစွာကို ဖြတ်သန်းရင်ဆိုင်ပြုပြင်ပြီးမှ့ အောင်မြင်ထမြောက်မှု့ရတာပါ။ မှားမှာကို ကြောက်တဲ့ စိတ်နဲ့ ဘာကိုမှ့ မလုပ်ရင်တော့ ဘာတစ်ခုမှ့တိုးတက်ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ အမှားကို ကြောက်လို့ ဘာတစ်ခုမှ့မလုပ်တာဟာ အကြိးမားဆုံး အမှားပါ။
တစ်ခါကမင်းတုန်းမင်းတြားကြီးက
ယောမင်းကြီးဦးဖိုးလှိုင်ကိုအမေးတော်ရှိခဲ့ဖူးပါသည်။
ဟဲ့ ငဖိုးလှိုင် လောကမှာ မရှိတာထက် မသိတာခက်ဆိုတာ ဟုတ်သလား
မှန်လှပါ ဟုတ်မှန်ကြောင်းပါဘုရား ဟု ယောအတွင်းဝန်ဦးဖိုးလှိုင်က ပြန်လည်လျှောက်ထားလိုက်ပါသည်။
ဒါဆိုရင်ဒီထက်ခက်တာရောရှိသေးသလားကွဲ့
ရှိပါ့ဘုရား မရှိတာက၊ ရှိအောင်လုပ်ရင်ရပါတယ်ဘုရား မသိတာကလည်း သိအောင်လုပ်ရင်ရပါသေးတယ်ဘုရား မလုပ်ချင်တာကတော့ ဘာမှ ဖြစ်လာမှာမဟုတ်လို့ အခက်ဆုံးပါဘုရား လို့ လျှောက်တင်ခဲ့ဘူးတယ်။
ဒါကြောင့်လောကတွင်အမှားကိုကြောက်၍ ဘာမျှမလုပ်ခြင်းသည်
အမှားယွင်းဆုံးသောအမှားတစ်ရပ်ပင်ဖြစ်ကြောင်း ဦးဖိုးလှိုင်ကပြောလိုရင်းဖြစ်ပါသည်။
အမှားကို သရုပ်ခွဲရပါလိမ့်မယ်။
အတွေ့အကြုံနုနယ်တဲ့ အမှား၊ ပေါ့ဆတဲ့ အမှား၊ ထင်ရာလုပ်တဲ့ အမှား၊ မမှားသင့်မမှားထိုက်တဲ့ အမှား၊ အကြီးအကျယ်ဆုံးရှုံးနစ်နာစေမယ့် အမှား စသည်ဖြင့် အများကြီး ရှိပါလိမ့်မယ်။ ပြုလုပ်သူ တစ်ဦးထဲကိုသာထိခိုက်နစ်နာစေမယ့် အမှားမျိုး ရှိသလို၊ ပတ်ဝန်းကျင်နီးစပ်ရာ အများကိုပါ ပျက်စီးစေမယ့် အမှားမျိုးတွေလဲ ရှိကြပါတယ်။ စကားတစ်ခွန်းအမှားကြောင့်၊ ဆုံးဖြတ်ချက်တစ်ခုအမှားကြောင့် ဘဝပျက်ရတဲ့သူတွေ အများကြီး၊ ဘယ်သူမဆို ဘဝမှာ အမှားနည်းသူ၊ အမှားမရှိသူ ဖြစ်ချင်ကြမှာပါ။ ဒါပေမယ့် လူတွေရှိနေသရွေ့ အမှားတွေကတော့ ရှိနေကြအုံးမှာပါ။
မမှားအောင်၊ မတော်တဆမှားသွားခဲ့ရင်လဲ ထိခိုက်ဆုံရှုံးနိုင်ချေနည်းပါးအောင် ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတဲ့ အသိလေး ဝင်လာမှာပါ။ "မှားတတ်တာ လူ့သဘာဝဆိုရင်" မမှားအောင် ဂရုစိုက်ဖို့နဲ့ ကြီးမှားတဲ့ မှားယွင်းမှု့တွေ မဖြစ်အောင် ထိမ်းသိမ်းကာကွယ်တတ်တာလဲ လူ့အသိဥာဏ်ပါ။" ဘယ်သူတစ်ဦးတစ်ယောက်ကမှ့ မသိတဲ့ ဘယ်သူကမှ့ ကိုယ့်ကိုမှားတယ်လို့ မပြောရဲတဲ့ အချိန်မှာ ကျူးလွန်ခဲ့တဲ့ အမှားတွေ အတွက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်ပေးဆပ်ရမယ်ဆိုတာ သဘာဝတရားကြီးရဲ့ နိယာမတရားပါ။
မလွဲမရှောင်သာမှားခဲ့ပြီဆိုရင် အမှားထဲက သင်ခန်းစာယူရပါမယ်။ နောက်တစ်ကြိမ်ဒီလိုအမှားမျိုး မဖြစ်အောင် ဆင်ခြင်ရပါတော့မယ်။ ကိုယ်ကျုးလွန်ခဲ့တဲ့ အမှားအတွက် တာဝန်ယူမှု့ တာဝန်ခံမှု့လဲ ရှိရပါမယ်။ အရှေ့တိုင်းရဲ့ အယူအဆအရဆိုရင် အခုဘဝဆင်းရဲ ဒုက္ခ ပူပင်သောက ရောဂါဝေဒနာခံစားနေရတာတွေ အားလုံးဟာ အရင်ဘဝနဲ့ ယခုဘဝ ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်နေရတာပါ။
နိုင်ငံခေါင်းဆောင်၊ အစိုးရ၊ အသင်းအဖွဲ့၊ မိတ်ဆွေ၊ မိသားစုအားလုံး မှားတတ်ကြသူတွေပါ။ သူတို့ကို ရှုံ့ချ ပြစ်တင်မှု့ မလုပ်ချင်ပေမယ့် သတိနဲ့တော့ မပြတ်စောင့်ကြည့်ရမှာပါ။ သူတို့ရဲ့ ပေါ့လျော့မှားယွင်းလွဲချော်မှု့တွေကြောင့် ကိုယ်ပါထိခိုက်နစ်နာနိုင်လို့ပါ။ အရေးကြီးဆုံးကတော့ မိမိကိုယ်မိမိသတိနဲ့ စောင့်ကြည့်ဘို့ လိုအပ်မယ်ထင်ပါတယ်။ ငါပြောတာအမှန် ငါလုပ်တာ အဟုတ်လို့ ထင်နေရင် အမှားကြီး မှားဘို့ အရမ်းနီးစပ်နေပါပြီ။
သို့ဖြစ်၍ အမှားကိုသိမြင်တတ်အောင်လုပ်ဖို့လူတိုင်းတွင်အရေးကြီးလှပါသည်။ အမှားကျူးလွန်မိခြင်းမှာ အပြစ်ဟုမဆိုငြားသော်လည်း အမှားကိုမသိသူ၊ အမှားကိုဝန်မခံသူသည် မည်သည့်အခါတွင်မျှ အမှန်ကိုမြင်နိုင်မည်မဟုတ်ပါပေ။
သို့ဖြစ်၍အမှားရှိလျှင်အမှားသိရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသတည်း။
ငွေလမင်း
မုံရွာ