လူဆိုတာ ကံကောင်းတစ်လှည့် ကံဆိုးတစ်လှည့် အမြဲလည်ပတ်နေတတ်ပါတယ် အမြဲကံ မကောင်းနိုင်သလို အမြဲလည်း ကံမဆိုးတတ်ပါဘူး ဒါဟာ ယေဘုယျသဘောအားဖြင့် ပြောဆိုရခြင်းပါ အမြဲကံကောင်းတတ်တဲ့သူဟာလည်း သူ့ စေတနာ သူ့ ကံအကြောင်းတ ရားကြောင့် ကံကောင်းနေတတ်သူပါ အမြဲကံဆိုးတတ်တဲ့သူဟာလည်း စေတနာမကောင်း စိတ်ထားမပြောင်းလို့ အညံ့ဘက် ဖြစ်နေရတယ်လို့ လည်း ပုံသေသတ်မှတ်ထားလို့ မရပြန်ပါဘူး အကောင်းအဆိုး ဒွန်တွဲနေတတ်တာကိုက လောကဓမ္မတာတစ်ခုပါ ဒီနေ့ ရေး သား မယ့် အကြောင်းအရာလေးကတော့ ကံအညံ့ အဆိုးဘက်ဦးတည်နေပြီဆိုရင် ဖြစ်တတ်တဲ့ (အမြဲမှန်တယ်လို့ လည်း သတ်မှတ်မရပါ) အခြေအနေ ဖြစ်စဉ်လေးတွေကို ဗဟုသုတဖြစ်စေရန်အလို့ ငှာ လေ့လာရှာဖွေမှုများကိုပါ ဖတ်ရှုနားထောင်စုစည်း၍ တင်ပြရေးသား လို ပါတယ်
ကံညံ့တော့မယ် လူတစ်ယောက် ကံအညံ့ဘက်ဝင်ရောက်မိတော့မယ်ဆိုရင်ဖြင့်ပေါ့လေ အဲ့ဒီလူဟာ အရင်ကထက်ပိုပြီး ဒေါသကြီးလာတတ်တယ် တစ်ဆက်တည်း လောဘတို့ မောဟတို့ ပါကြီးပြီး တစ်ခုခုဆို ပိုပြီးစိတ်ဆိုလာတတ်တယ် အရင်နေ့ တွေ ရက်တွေက ထက်ပိုပြီး စိတ်တိုလာတယ် သာမန်ထက်ကို ပိုပြီးပြုမူဆက်ဆံလာပြီဆိုရင် ဒါဟာ ကံ့ညံ့ လာပြီ ကံညံ့တော့မယ်ဆိုတဲ့ အခြေအနေ အချိန်အခါပဲ ဖြစ်ပါတယ် စိတ်ထဲမှာလည်း မကောင်းတဲ့ကိစ္စရပ် အကြောင်းအရာတွေ မြင်လာမိတတ်တယ် မကောင်းတဲ့ အာရုံတွေ လာပြီးကပ်ငြိနေတတ်တာမျိုးပေါ့ တော်တန်စိတ်အတွေးထဲက ဖျောက်မရပဲ ဖြစ်နေတတ် ပါတယ် မကောင်းတဲ့ အပြုအမူ အဖြစ်အပျက် အတွးအမျှင်တွေဟာ မဖိတ်ခေါ်ပဲ အလွယ်တကူ ဝင်ရောက်လာတယ် အာရုံမှာ မကြာခဏ မြင်တွေ့ နေတယ် မကောင်းမှုလုပ်လိုက်ရ တာကို ပျော်ရွှင်မိတယ် ကြည်းနူးမိတယ် စသဖြင့်ပေါ့ ထင်မြင်လက်ခံလာမိပြီဆိုရင် ဒါတွေ ဟာ ကံညံ့လာတယ် ကံအရည်အသွေး ကျဆင်းလာတယ်ဆိုတဲ့ နိမိတ် ရှေ့ ပြေး လက္ခဏာ တွေလို့ ထင်မိပါတယ်
မိမိကိုယ်တိုင်လည်း ကြုံဖူးတဲ့ အဖြစ်အပျက်တွေရှိကြမှာပါ ကိုယ်ကကြုံကြိုက်မှ သောက်တတ် ပျော်တတ်ပေမယ့် အခုတော့ လိုတာထက်ပိုပြီး အပျော်အပါးဘက် မက်လာမိမယ် အချိန်ပေးလာမိမယ် ဆိုးတဲ့သူငယ်ချင်းတွေကို အရင်က အပေါင်းအသင်းလည်းမလုပ် အားလည်းမပေးပေမယ့် အခုတော့ သူတို့ လုပ်တာ ဆိုးတာတွေ ကောင်းတယ်လို့ ထင်မိ လာတာမျိုး စသဖြင့်ပေါ့ ဖြစ်တတ်ကြမိပါတယ် အညံ့ဘက်ကို ရောက်နေမိတဲ့ အခြေအနေတွေလို့ လည်း ဆင်ခြင်တွေးမြင်နိုင်ပါတယ် တစ်ခြားအလွယ်တကူ သိနိုင် ဆင်ခြင်နိုင်တဲ့ ဖြစ်ရပ်ကိစ္စတွေလည်း ရှိပါသေးတယ် ကိုယ် က ဒီရက်အတောအတွင်း အလုပ်အဆင်မပြေဘူးဆိုပါတော့ မကြာဘူး မတော်တစ်ဆ Accident တစ်ခုခု ဖြစ်မိတယ် မကြာဘူး ငွေရေးကြေးရေး အခက်အခဲကလည်း ဖြစ်လာ ပြန်တယ် အလွယ်တကူ ဘယ်သူ့ ဆီကမှ ငွေချေးမရဘူး စသဖြင့်ပေါ့ ဖြစ်တတ်ကြပါတယ် ကိုယ်တိုင်လည်း ကြုံဖူးပါတယ် ဆက်တိုက် ဆိုသလို တစ်ခုပြီးတစ်ခု အညံ့ဝင်တာပါ တစ်ခြားဥပမာ သာဓကတွေလည်း အများ ကြီး ရှိကြမှာပါ ဒါတွေဟာ ကံရဲ့ အနိမ့်အမြင့် အတက်အကျလေးတွေ တစ်ခါတစ်ရံမှာ လူ ကို လှောင်ရယ်ဟားတိုက်နေသလိုပဲလေ ဒါတွေဟာ ကိုယ်တိုင်က သိလို့ ဖြစ်ဖြစ် မသိလို့ ဖြစ် ဖြစ် မမျှော်လင့်ပဲ တစ်ခါတစ်ရံ အလိုလိုကိုယ့်ဆီခြေဦးလှည့်လာတတ်တဲ့ အညံ့ဘက် ဦးတည်လာတဲ့ စရိုက်လက္ခဏာတွေကို သတိထားဆင်ခြင်သင့်ပါတယ်
ကျွန်တော့်အသိမိတ်ဆွေ အစ်ကိုတစ်ယောက်ဆိုရင် အရက်သောက်တယ် အများကြီး သောက်ပြီး မူးရူးနေတာတော့ မဟုတ်ပါဘုး တစ်ခါတစ်ရံလောက်ပဲ အပေါင်းအသင်းနဲ့  ဆုံလို့ သောက်မိတာမျိုး ဒါမှမဟုတ် ကိုယ့်ဘာသာ သောက်နေတတ်တာမျိုးပေါ့ ပြောချင် တာ ကတော့ သူက မသောက်ပဲလည်း နေနိုင်တယ် ဒါမယ့်သောက်လည်း ရက်က မပြတ် တော့ဘူး မနက်ရော နေ့ ရော နောက်နေ့ မနက်ရောနေ့ ပါ အဲ့သလို သံသရာလည်နေတာ ပြီးရင် မသောက်ပဲ လအတန်ကြာနေတယ် ကြားထဲမတော်တဆ သောကိမိရင် မပြီးတောူ့ဘူး ရက်တွေဆက်ပြီးစွေလာတယ်လို့ ပဲ ပြောရမလား တစ်ခါတစ်ရံ အဲ့လို သောက်နေတဲ့  ရက်တွေမှာပဲ " ဟိုပစ္စည်း ဘယ်နားထားမိမှန်းမသိဘူး ပျောက်တာတို့ …ဟို ကောင်တွေက ဘယ်သူကို ဘယ်လို ချလိုက်တာ ကောင်းတယ် တို့  " အဲ့သလိုပေါ့ အညံ့ဘက်ဦးတည်နေရင် တောက်လျောက် ညံ့နေသလို ဖြစ်သွားတတ်ပါတယ်( အရက်သောက်မှ ဖြစ်တယ်လို့ တော့ မဟုတ်ပါဘူး) မိုး စွေ ပြီးရွာနေသလို အညံ့ တွေ ဝင်လာ /စုလာမိရင် တောက် လျောက် ဆက်တိုက် အဆင်မပြေမှုလေးတွေ ကပ်ပါလာတတ်တယ်ဆိုတာကို ဆင်ခြင်သတိပြုနိုင်ဖို့ ပြောပြရေးသားလိုက်ပါတယ်
MSCး 234
Author >>> Winko (Maun Mou Nja)