ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပြုပြင်ဖို့ လိုတာတစ်ခုတော့ ပြောပြချင်ပါတယ် အဲ့ဒါကတော့ "ဟောက်" တတ်တာပါပဲ တစ်ယောက်နဲ့ တစ်ယောက် ဆူပူဟိန်း ဟောက် တာကိုပြောတာမဟုတ်ပါဘူး အိပ်မောကျနေရင်း ကိုယ်တိုင်ပဲဖြစ်ဖြစ် သူတစ်ပါးပဲဖြစ်ဖြစ် ဟောက် တတ်တာကိုပြောတာပါ ရေရှည်ဟောက်တတ်တဲ့သူဆိုရင်မကောင်းပါဘူး ဒါဟအသည်းရောဂါနဲ့ ဆိုင်တဲ့ပြဿနာတွေ ရှိနေလို့ ပါ များသောအားဖြင့်တော့ ဆေးပညာအရ အဲ့လိုကောက်ချက်ချယူဆထားပါတယ် တစ်ချို့ က မသိမသာလေးဟောက်တယ်ဆိုရုံလေး ဟောက်ကြတာပါ ဒါပေမယ့် တစ်ချို့ သူများကျတော့လည်း အသံတော်တော်လေးကို ကျယ်လောင်ပါတယ် ဒါဆိုသတိထားသင့်ပါတယ် သမာရိုးကျ ပုံမှန်ကြားဖူးပြောဖူးကြတာ ကတော့ အလုပ်အရမ်းပင်ပန်းရင်ဟောက်တတ်ကြတယ်လို့ ဆိုကြပါတယ် ဒါလည်းဟုတ် ချင်မှ ဟုတ်နိုင်မှာပါ အနည်းငယ်တော့ မှန်ကောင်းမှန်နိုင်မယ်တော့ ထင်မိပါတယ်
ကျွန်တော့် အသိမိတ်ဆွေတစ်ယောက်ပြောဖူးပါတယ် အိပ်နေတဲ့သူအရမ်းဟောက်နေရင် "ခဏနှိုး လိုက်ပါ ပြီးမှ ပြန်အိပ်ခိုင်း "လို့ ပြောဖူးပါတယ် ပြန်အိပ်လို့ မဟောက်တော့ရင် အဆင်ပြေတယ် နည်းနည်းလောက်ပဲ ဟောက်တော့ရင်လည်းရတယ်ပေါ့ ဒါဟာသူ့ အတွက်လည်း အဆင်ပြေတယ် သူလည်း ဟောက်ပြီး တစ်ညလုံး အိပ်နေရတာ အမှန် တော့ သူလည်းအရမ်းပင်ပန်းတယ် ပင်ပန်းလို့ အနား ယူရင်းပြန်အပင်ပန်းခံနေသလို ဖြစ် နေတာပါ အဲ့တော့ကျန်းမာရေးအရ အသည်းက အိပ်စက်တဲ့အချိန်တာဝန်ယူ အလုပ်လုပ် ရတော့ ဟောက်နေတဲ့သူက အိပ်စက်နေပေမယ့်လည်း အမှန်တော့ မနားပဲလှုပ်ရှားမှုအသေးလေးတစ်ခုလုပ်ဆောင်နေသလိုမျိုး ဖြစ်နေတယ်လို့ ပြောလို့ ရပါတယ် အဲ့ဒါ ကြောင့်ရှေရှည်ဟောက်တတ်သူဆိုရင် ဂရုစိုက်သင့်ပါတယ်လို့ ပြောတာပါ ကျွန်တော် ပြောတာမဟုတ်ပါဘူး ကျန်းမာရေးဆောင်းပါးတစ်ခုမှာလည်း တွေ့ မိလို့ ပါ အရမ်း ဟောက်တတ်တဲ့သူများတွေ့ မိရင် အခုလိုလေး လမ်းညွှန်ပြောပြလုပ်ဆောင်ပေး ကြည့်ပါ အဆင်ပြေနိုင်ပါလိမ့်မယ်
ကျွန်တော့အဖေဆိုလည်း အရမ်းဟောက်တတ်တယ် အစတုန်းကတော့ ဟောက်တာ ကောင်းတယ်မကောင်းဘူးဆိုတာ မသိဘူး နားတော့ငြီးတာသိတယ် နောက်တော့ အခုလို ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်မှန်းသိတော့ အပေါ်က ကျွန်တော့်မိတ်ဆွေပြောတဲ့ နည်းအတိုင်းပဲ ကိုယ်နဲ့ ကြုံကြိုက်တိုင်း အဖေ့ကို နှိုးပေးနေတတ်တော့ တစ်ခါတစ်လေ ဟောက်သံတိတ်သွားတတ်တယ် တစ်ခါတစ်လေ တိုးတိုးလေး လေထွက် သလောက်ပဲ အသံမြည်တော့တာပါ ဒါပေမယ့် အမြဲတမ်းလည်း ကိုယ်ကစောင့်ကြည့် မနေနိုင်ဘူးလေ တစ်ခါတစ်လေ နေ့ လည်နေ့ ခင်း ခဏတဖြုတ်မှေးနေတာမျိုး ဟောက်နေတာတွေ့ ရင်"အဖေ ဟိုဘက်နားအိပ်ပါလား ဒီမှာကြမ်းပြင်အေးလို့  "အဖေ့ကို ခြင်ကိုက်နေလို့ ရိုက် လိုက်တာ" စသဖြင့် အထူးအပါးလေးနဲ့ နှိုးရတာပေါ့ ကြည့်နှိုးရတာပါ့လေ မဟုတ်ရင် အထိုးခံနေရပါ့မယ်ဗျာ(😁😁😁😁😁) ညဘက်ကျတော့ အမေက အဖေဟောက်နေရင်နှိုးနှိုး ပေးတတ် ပါတယ် ဒါပေမယ့် တစ်ခါတစ်ရံလည်း အဖေဟောက်နေတာ အချိန်တော်တော် ကြာတယ် တစ်ညလုံးတော့မဟုတ်ဘူး နာရီပိုင်းလောက်ပေါ့ ခဏတဖြုတ်နိုးရင်း လှုပ်ရင်း နဲ့  ဟောက်သံ မထွက်လာတော့ပါဘူး ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်ပေါ့ဗျာ
ဒီလိုဟောက်တတ်တာမျိုးက ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေမှာလည်း တွေ့ မြင်ဖူးပါ တယ် ဒါပေမယ့် ဒါကို အရေးတယူဂရုစိုက် ဆေးခန်းပြနေဖို့ လည်း သိပ်တော့ မလိုအပ်ပါ ဘူးလေ ကျန်းမာရေးအမြင်ဘက်ကပြောရတာပါ ဟောက်တတ်လို့ လည် ကျန်းမာရေး ချူချာလာမယ်လို့ လည်း တပ်အပ်မပြောနိုင်ပါဘူး ဒါပေမယ့် ဒီလိုဟောက်တတ်တယ် ဆိုတာ ဒီလိုကြောင့်ဆိုတာမျိုးကိုပဲ တင်ပြရခြင်းဖြစ်ပါတယ် အဓိကက အိပ်ချိန်မှာ မအိပ် ပဲ တစ်ခုခု လုပ်နေမယ် ဒါမှမဟုတ် အိပ်မပျော်တာ နေ့ စဉ်ရက်ဆက်ဖြစ်လာမယ် အဲ့လို တွေဆိုရင် ရေရှည်ကျ ခန္ဓာကိုယ်ရဲ့  Physical တွေထိခိုက်နိုင်ပါတယ် ညဖက်အနားမယူ နိုင်တာကတော့ အဓိက အသည်းကိုထိတာပေါ့ ကျွန်တော်ဆိုလိုတာလည်း ဒီအတိုင်းပါပဲ ကျန်းမာရေးအသိအရ "ဟောက်" တတ်တာလေးကို လေ့လာဖတ်ရှုမိရင်းရေရှည်အမြင်နဲ့ ရေးသားတင်ပြလိုက်ပါတယ်
Author winko ( Maun Mou Nja)
MSCး 234