ငါ့နည်း ငါ့ဟန်
ကျနော် steemit အသုံးပြုစဉ်ကာလ July လောက်မှာ steem dollars SBD ရဲ့ ပေါက်ဈေးဟာ 0.9 USD ဝန်းကျင်မှာပဲ ရှိနေခဲ့ပါသည်၊ ကျနော်ဆိုသည်မှာလည်း အခုမှ Online Money လောကထဲ စ ဝင်ခါစ အခါသမယ ဖြစ်ပေသည်၊
အလွန်ပင် နုံအ တဲ့ ကျနော်သည် steemit platform ပေါ်သို့ အကိုသက်ကိုဇော်အကူအညီဖြင့် ရောက်ရှိလာကာ ကျနော့်ဆရာများဖြစ်သည့် ကိုဟင်နရီ ၊ ကိုသက်ကိုဇော် စတဲ့ အကိုဆရာများနှင့်အတူ လက်တွဲတွေ ခိုင်မြဲရင်း မြဲရင်း steemit မှာ ပျော်နေခဲ့ပါသည်၊နယ်မြေခြား ညီအကိုတွေဆိုပေမယ့် မသိနားမလည်တာရှိရင် ဖုန်းဆက်မေးခဲ့ပါသည်။
Messenger မှာ Chat Group ထောင်ပြီးနောက်ပိုင်းမှာ ဆရာများ ပိုမို များပြားလာကာ ကျနော်တို့ Myanmar အဖွဲ့ တော်တော် လူစုံခဲ့ပါသည် ၊ ထိုနေ့က July နောက် ၃လ လောက်ဖြစ်ပေသည်၊
Steemit မှာ တင်တဲ့ ညီအကိုတွေ postမှာ 0.01 ရ ရင် ပျော်နေခဲ့ရသော နေ့တွေကို ကျနော့်ညီအကိုတွေ အကုန်သိပါသည်၊ Copy Post လုပ်မိရင် အလွန်ပင်ရှက်ဖို့ကောင်းကြောင်း ဒါကြောင့် Cheetah ထိ ကြောင်း သင်ကြားပေးခဲ့သူ ဆရာ ဟင်နရီ ကို မမေ့ပေ၊အခုချိန်ထိ Promotion ဖြင့်ရပ်တည်ခဲ့ကာ မြန်မာတွေ အများကြီးကိုစုပေါင်းခဲ့သည်မှာ အမြင်ပင် ဖြစ်သည်၊
လျှောက်ရေးတဲ့စာ ဆိုပေမယ့် Copy post ထက် ပိုပြီး တန်ဖိုးရှိကြောင်း သိရှိခဲ့ရသည်၊
ဒါတွေမှ တဆင့် ဗဟုသုတတွေ ရ ရင်း Steemit မှ Trade လိုင်း ကူးပြောင်းဖို့ စိတ်ပါလာခဲ့သေးသည်၊ သို့သော် ကျနော်သိသေTrade မှာ Binary, IQ option စတဲ့ အရာတွေပင် ဖြစ်သည်၊
အလွန်ပင် ကျွေးမွေးခဲ့သော USD များကို နှမြောတသ ဖြစ်ရင်း ကျနော့်ကိုနည်းပြခဲ့သူ ဆရာ ကိုသက်ကိုဇော် မှာ Bittrex, Yobit, Binance မှာ Trade သင့်ကြောင်း အကြံပြုကာ ဆုံးရှုံူးမှူ များတဲ့ လမ်းမှ ရုန်းထွက်ဖို့ရန် သင်ကြားခဲ့ပေသည်၊ ညီအကိုများလည်း ဒီစာကိုဖတ်ရင်း အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်ကြပါစေ
Yobit မှာ ကျနော် စတင် Trade တော့ ပြင်ပဈေးကွက်ထက် အနည်းငယ် ဈေးပိုတက်နေသည်ကို တွေ့ရပေသည်၊fee များသည်၊သို့ပေမယ့် Passport မရှိသော မြန်မာနိုင်ငံ သားများအတွက် အဆင်ပြေပြေ Trade နိုင်သော Site ဖြစ်ပေသည်၊
အခုလက်ရှိလည်း ကျနော် Tradeနေပါသည်၊နားမလည်တာ ရှိရင် မေးမြန်းနိုင်ပြီး ၊ ကျနော်မသိတာများလည်း သိချင်ပါသည်၊ ညီအကိုတွေ ဝိုင်းဝန်းကူညီ ပေးချင်ပါသည်၊
ဒါနက် Steemit ဇာတ်လမ်းလေး ပြန်ဆက်မယ်
1 SBD 0.9 USD အင်မတန်မှ ပျော်ခဲ့တာပါ၊သို့ပေမယ့် ထိုအချိန်က လူနည်း၏ ၊ ထိန်းသိမ်းရ လွယ်ကူသည်၊
မပင်ပန်းပေ၊ဒီလိုအချိန်အရ ဆိုလျှင် SBD ဈေးသည် အလွန်ပင် မြင့်တက်သွားသည်၊ယခု စာရေးနေသည့်အချိန်တွင် 5.6USD ပေါက်ဈေးဖြစ်နေပေသည်၊
ဘာမှမလုပ်ပဲ Steemit မှာပဲ စာထိုင်ရေးလျှင်ပင် အင်မတန်မှ တန်ဖိုးရှိပေသည်၊
ညီအကိုတွေကို ဆက်လက်ဖော်ပြပေးမည့်ကျနော့်အတွေ့အကြုံများကိုလည်း ရေးပါအုန်းမည်
အခုစာကို ဒီနေရာမှာပဲ ခဏ ရပ်နားပါရစေ ဗျာ......
Written by yairthiha ( original poster )
Credit to google images
MSC 003
"EVERY CHILD IS SPECIAL"