Hi Everybody.Nice To Meet You Again.
Steemit member များအား ဗဟုသုတ ရစေမယ့် post များရေးပေးနေသည့် @yelinn ဖြစ်ပါတယ် ခင်ဗျ။
ဟီးဟီးဟီး. မေ့နေမှာ စိုးလို့ အရင် မိတ်ဆက်တာပါ။
ကျွန်တော် steemit မှာ Satellites အကြောင်းရေးသားလာတာ အခုဆိုရင် နောက်ဆုံးအပိုင်းကို ရောက်ရှိလာပါပြီ။
ကျွန်တော် ရေးခဲ့တဲ့ Satellites အကြောင်းအရာများ ဟာ
ကျွန်တော် သင်ကြားခဲ့သလောက် သာ ပြန်လည် ရေးသားရခြင်း ဖြစ်ပါတယ်။ လိုအပ်ချက်များ ရှိသည် ဆိုပါကလည်း နားလည် ပေးကြပါခင်ဗျာ။ စာ အရေးအသားလည်း မကျွမ်းလှသဖြင့် အဖြတ်အတောက် အမှားများလည်း ပြင်ပေးကြပါ။ အမှားကို မြင် အမှန်ပြင် မှ လူတော်လူကောင်းတယောက် ဖြစ်လာမှာပါ။ ဟုတ်ကဲ့ ပါဗျာ satellites အကြောင်းလေးကို ဆက်လက် သွားကြရအောင် ခင်ဗျာ။
မနေ့က ရေးခဲ့တာလေးကတော့ Recovery မှာ ပြီးဆုံးခဲ့ပါတယ်။ အခုတခါမှာတော့ Space Stations အကြောင်းနဲ့ အစ ပျိုးလိုက်ပါမယ်။ Space ဆိုတာ အာကာသာ၊Stations ဆိုတာက ဘူတာရုံလို့ ဆိုနိုင်ပါတယ်။ ဒီမှာ တွဲ ဘာသာပြန်ရမယ်ဆိုရင် ဖြင့် အာကာသ ယာဉ် ရပ်နားစခန်း
လို့ဘဲ ပြောပြပါရစေ။ space station ကို အာကာသ အတွင်း အာကာသ ယာဉ် မှူးများ နားနေနိုင်ရန်နှင့် လိုအပ်သည့် အချက်အလတ်များကို ဖမ်းယူထိန်းသိမ်းထားနိုင်ရန် ဒီဇိုင်းဆွဲတည်ဆောက်ထားခြင်းဖြစ်သည်။Crewed Spacecraft နဲ့လည်း မမှားကြဖို့ ပြောကြားခြင်ပါသည်။
Crewed Spacecraft က ကမ္ဘာ ပေါ်က နေ အာကာသ စခန်းမှ လူများ အသွားအလာ လုပ်နိုင်သည့် ယာဉ် ဖြစ်ပါသည်။Space Stations ကတော့ အာကာသအတွင်းမှာ ရက်သတ္တပတ်ဖြစ်စေ၊ လနဲ့ချီ ဖြစ်စေ၊ နှစ်နဲ့ချီ ဖြစ်စေ လူများ နေလို့ရအောင် ဒီဇိုင်းဆွဲ တည် ဆောက်ထားခြင်းလည်းဖြစ်သည်။ သူ့မှာ ရွေ့လားနိုင်ဖို့ စက်ပစ္စည်း ကိရိယာ တစုံတရာ မပါဝင်ပေ။ကျွန်တော် တို့ နိုင်ငံခြား ဇာတ်ကားတွေမှာလည်း
တွေ့ဖူးလိမ့်မယ် ထင်ပါတယ်။
အခုဆက်လက်ပြီးတော့ ရေးသားမှာကတော့ Tether Satellites အကြောင်းကို ရေးသားပါမည်။သူ့ကို Satellites. လို့ ပြောလို့လည်းမရပါ။Tether ဆိုတာ ဂြိုလ်တု တွေမှာ သုံးတဲ့ သေးငယ်ပေါ့ပါးတဲ့ကြိုး(Thin cable)
ကို ဆိုလိုတာဖြစ်ပါတယ်။ အဲ့ cable ကြိုးနဲ့ အာကာသအတွင်းမှာ တခြား ဂြိုလ်တု တလုံးကို တုတ်နှောင်ဆွဲင်တဲ့ ဂြိုလ်တုကို Tether Satellites လို့ခေါ်ပါတယ်။ တနည်းအားဖြင့်ေုပါရမယ်ဆိုရင် ဖြစင့် ကြိုးဆွဲ ဂြိုလ်တု လို့လည်း ခေါ်ပါသည်။
နောက်ဆုံးရေးသားမှာကတော့ အများသူဌာ ကို အကျိုး ပြုနေတဲ့ Weather Satellites ဘဲ ဖြစ်ပါတယ်။
သူကတော့ ရှင်းပါတယ်။ ကမ္ဘာ့ မိုးလေ၀သ နှင့် ရာသီဥတု
(Weather and Climate)အခြေအနေကို ကမ္ဘာ ပေါ်သို့ စဉ်ဆက်မပြတ် အမြဲပို့လွှတ်နေတဲ့ ဂြိုလ်တု တလုံးလည်း ဖြစ်ပါတယ်။အခု ဂြိုလ်တုရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘယ်အချိန် မိုးရွာမယ်၊နေပူမယ်၊ မုန်းတိုင်းလာမယ် ဆိုတဲ့ အချက်တေကို ကြို တင်သိရှိ နိုင်တဲ့အတွက် ကြိုတင် ရှောင်ရှားနိုင်ခဲ့ပေသည်။ လူသားများအတွက် များစွာ အထောက်အကူပြု အကျိုးဖြစ်ထွန်းစေပါသည်။
ဟုတ်ကဲ့ ပါခင်ဗျာ။ အခုဆိုရင်တော့ ဖြင့် Satellites အကြောင်း ဟာ နိဂျူံးခုတ်အပ်ပါသည်။နောက်တခေါက်မှာတော့
Satellites အကြောင်းအရာ အစ၊အဆုံးကို ပုံနှင့်တကွ သေချာအသေးစိတ် တင်ပြပေးပါမည်။ မဖတ်လိုက်ရတဲ့ သူများလည်း သေချာ သိရှိနိုင်ပါသည်။ တစုံတရာ သိရှိခဲ့ပါက ကျေနပ်လှပါသည်။moo ichido,ma ta,ashita.........bye
@yelinn
MSC-241