ကျောက်စိမ်းမှော်
ဒီလိုနဲ့ဖိုးသမားသူငယ်ချင်းပြန်သွားပြီဆိုတော့ကျွန်တော်တိုရင်ထဲ စိတ်မကောင်းခြင်းများစွာနဲ့အကောင်းဆုံးဖြစ်အောင်လုပ်လိုက်ရသည်ဟုဖြေသိတ်လိုက်ရပါသည်။ ဒီလိုနှင့်ကျွန်တော်တို့လဲ မေ့မေ့ပြောက်ပြောက်ပျော်ရွှင်စွာနှင့်ကျင်းကိုဆက်တူးကြပါသည်။ အိမ်ပြန်လျှင်ကျောက်စိမ်းကြီးကြီမားမားရ ပိုက်ဆံများများရ စသည့်မျှော်လင့်ချက်ကလေးနှင့်ပျော်ရွှင်စွာဆက်လက်တူးနေကြပါသည်။
ထိုခေတ်ထိုအခါက အထက်မှာပြောခဲ့ပြီးသလို အမဲရောင်နယ်မြေဖြစ်သဖြင့်သူပုန်များလည်းအရောင်အသွေးစုံလင်လှပေသည်။ တချိုကလည်းလေးကောင်ဂျင်ဝိုင်းထောင်လို့ တချို့ကလည်းကျောက်တူးလို့ စသည်ဖြင့် ယူနီဖောင်းကိုတော့ တခါတရံဝတ်လေသည်။ သူတို့အခွန်ထမ်းဆပ်ကြေးပေးလုပ်ကြတာဆိုတော့အေးဆေးပေ ၊ အားလုံးကိုသူငယ်ချင်းလိုပင်ဆက်ဆံနေထိုင်ကြလေသည်၊ အကယ်၍ မြန်မာ့တပ်မတော်စစ်ကြောင်းဝင်လာလျင်တော့ အားလုံး ကြက်ပြောက်ငှက်ပြောက် ပြောက်ကုန်ကြလေသည်၊
တခါကျွန်တော်တို့ကြုံးဘူးကြလေသည်။လူတယောက်မောကြီးပန်ကြီးပြေးလာပြီး ဟိုဖက်တောင်ကြောပေါ်မှာ တပ်မတော်စစ်ကြောင်းတွေ့ခဲ့တယ်ဆိုပြီး မှော်ထဲပတ်အော်ပြီးသတိပေးလေသည်၊ ကျွန်တော်လည်းဘာလည်းမသိဆိုပြီးကြည့်နေမိလေသည်။ တမှော်လုံးရှိလူတွေကလည်းဝရုန်းသုန်းကားပြေးကြလေသည်၊ ကျွန်တော်တို့ကျင်ကအတူတူးဖက် မှြော်ကာနေခဲ့တဲ့လူတွေကလည်း မိမိပစ္စည်းမိမိယူပြီးကြောက်လန့်တကြားတဲဆီသို့ပြေးကြလေသည် ကျွန်တော်တို့မှာလည်း ဘုမသိ ဘမသိပြေးကြရတော့၏၊ ထန်သီး ထန်းလက်ခြောက်ပေါ်ကြွေလို့ မိုးပြီုပြီအထင်နှင့်ပြေး လာတဲ့ ယုန်နောက်ကို ကျွန်တော်တို့လည်းဘုမသိဘာမသိနဲ့ ပြေးလိုက်နေရသလိုဖြစ်နေ၏၊ အားလုံး၏မျက်နာသည်လည်းစိုးရိန်စိတ်တွေနဲ့ တယောက်မေးတာတယောက်မဖြေအားသလိုဖြစ်နေ၏၊ မှော်တွင်းအတွေ့အကြုံကိုနောက်အပတ်ဆက်လက်ရေးပါအုံးမည်၊ စာလာဖတ်သူ အားလုံးကိုကျေးဇူးအထူးတင်ပါသည်။
Post writer=@yuzana(shineshine)
MSC=146