သင့်အတွက် မနက်ဖြန်
Credit image source
စာရေးမယ်ကြံလိုက်တိုင်း လူကမအားတာနဲ့၊ စိတ်ကမအားတာနဲ့ အကြောင်းအမျိုးမျိုးကြောင့် မနက်ဖြန်မှရေးမယ်ဆိုပြီး ရက်ရွေ့ရင်း၊ရွေ့ရင်းနဲ့ proတင်ရမယ့်ရက်တောင်ရောက်လာပြီပေါ့။မနက်ဖြန်ဆိုပြီး ရက်တွေရွေ့ခဲ့တာ ဘယ်လောက်တောင်များခဲ့ပြီလည်းမသိ။ဆင်ခြင်ပေးတတ်သူတွေအတွက် လုပ်ရမယ့်အလုပ်တွေကိုရွေ့ဆိုင်းရာမှာ မနက်ဖြန်ဆိုတာ ပေးလို့အရမ်းကောင်း ဆင်ခြင်တစ်ခုပါ။လူတိုင်း မနက်ဖြန်ဆိုတဲ့ ဆင်ခြင်ကိုပေးဖူးလိမ့်ထင်ပါတယ်။ကျနော်အပါအဝင်ပေါ့။ကျနော်တို့တွေ မနက်ဖြန်နဲ့ကိုင်ပေါက်ပြီး အကျိုးမရှိကုန် ဆုံးခဲ့တဲ့အချိန်တွေ ဘယ်လောက်တောင် များခဲ့ပြီလဲ ပြန်သုံးသပ်သင့်တယ်။သာမန်ပျင်းတာက အကြောင်းမဟုတ်။အပျင်းရောဂါစွဲကပ်သွားရင်တော့ ပျောက် အောင်ကုဖို့အချိန်ကြာသွားတတ်တယ်။ယေဘုယျအားဖြင့်တော့ လူဆိုတာ အေးလို့၊ပူလို့၊ဆာလောင်လို့ စတဲ့ပျင်းရိခြင်း ၆ပါးနဲ့ မကင်းတတ်ကြပေ။တစ်ခုခုမလုပ်ချင်လို့ပျင်း၊လုပ်တိုင်းလည်းအရာမထင်လို့ပျင်း၊လုပ်စရာမရှိလို့ပျင်း နဲ့ အပျင်း သံသရာလည်နေရင်တော့ အခြေအနေ မကောင်းပေ။
မနက်ဖြန်ဆိုတာကို ဆင်ခြင်တစ်ခုပေး ဖို့အတွက်သာ အသုံးပြုနေမယ်ဆိုရင် သင့်ရဲ့ မနက်ဖြန် တွေဟာလှပလာမှာမဟုတ်ပါဘူး။ မနက်ဖြန်ဆိုတာကို သင့်ရဲ့ ရည်ရွယ်ချက် အိမ်မက်တွေ အကောင်အထည်ပေါ်လာဖို့အ တွက်သာ အသုံးပြုသင့်ပါတယ်။မျော်လင့်ချက် ရောက်ခြည်သန်း တဲ့မနက်ဖြန်ကိုပိုင်ဆိုင်ဖို့ သင်ကဇွဲမလျော့ပဲ ပုံမှန်သွားနေဖို့လိုပါတယ်။ခရီးကဝေးနေပါစေ၊သွားနှုန်းကနှေးနေပါစေ။ဘယ်လောက်ဝေး ဝေး၊ဘယ်လောက်နှေးနှေး သင်မရပ်တန့်သရွေ့ ခရီးကရောက်နေမှာပါ။တစ်နေ့တလံ ပုဂံဘယ်မရွေ့ပေါ့။မနိုင်ဝန်ထမ်းလို့ ခါးကျိုးတာထက်စာရင် မိမိနိုင်သလောက် တဖြေးဖြေးနဲ့ မှန်မှန်ဇွဲရှိရှိ သွားတာပိုကောင်းပါတယ်။ဘဝမှာကြီးမားတဲ့အရာတွေကိုလိုချင်ရင်တော့ မပျက်မကွက်လုပ်တတ်ခြင်း၊ဇွဲရှိခြင်း၊စိတ်ရှည်ခြင်း စတာတွေက အရေး ကြီးပါတယ်။
Credit image source
တစ်စက္ကန့်ကုန်သွားတိုင်း၊ကုန်သွားတိုင်းမှာ သင့်ဘဝလက်ကျန်အချိန်တွေက သင့်ကိုတိုက်စားနေမှာပါ။ကုန်ဆုံးသွား တဲ့အချိန်တွေကို ပြန်လည်ရယူလို့မရပါဘူး။ လောကမှာ အစာထိုးလို့်မရတာ မိဘနဲ့ အချိန်တဲ့။ကိုယ်က အကျိုးရှိရှိ ကြိုးစားနေလို့ အချိန်တွေအကုန်မြန်သွားတယ်ဆိုလျင်တော့ တစ်မျိုးပေါ့။ဒီလိုမှ မဟုတ်ပဲ ပျင်းရိပြီး အိပ်ရာပေါ် ဟိုဘက်လိမ့်လိုက်၊ဒီဘက်လိမ့်လိုက် ဆိုရင်တော့ အချိန်တွေက အလဟသ ကုန်သွားမှာပါ။သင် အသက်အရွယ် တစ်ခုရောက်တဲ့အချိန်မှ သင်နဲ့ ရွယ်တူတွေရဲ့အောင်မြင်မှုကို ကြည့်ပြီး သင်အကျိုးရှိစွာ မသုံးခဲ့ရတဲ့ အချိန်တွေကို ပြန်လည်နှမြောတသ နေမယ့် အဖြစ်မျိုးကို မရပါစေနဲ့။အချိန်တွေဟာ ဘယ်တော့မှ အစားပြန်မရနိုင်တဲ့ အရာတွေပါ။သင်အသက် ၁၆နှစ်နဲ့ ၂၅နှစ်ကြားမှာ အပျော်အပါးလိုက်စားပြီး လေ လွင့်နေခဲ့ရင် သင့်အသက် ၂၅နှစ်နဲ့ ၃၅နှစ်ကြားမှာ ကျိမ်းသေပေါက် နောင်တရပါလိမ့်မယ်။ဒါကြောင့် အနာဂတ်အတွက် သင့်ဘဝကိုတည်ဆောက်ရာမှာ သင့်ရဲ့လက်ကျန်အချိန်တွေကို အကျိုးမဲ့စွာ အသုံးမချပါနဲ့။လက်ရှိ ပစ္စုပ္ပန် အချိန်တွေကို အကျိုးရှိစွာ အသုံးချနေသရွေ့ သင့်အတွက်မနက်ဖြန်တွေဟာ လှပနေမှာ လို့ပြောချင်ပါတယ်......။
@zinminhtet
Msc.126