အမှားများနှင့် ကျွန်တော်
ကျွန်တော်ဆယ်တန်းအောင်တဲ့နေ့ ကျွန်တော်အသက် ၁၆ နှစ် ပေါ့ဗျာ။ ဘ၀ရဲ့ပျော်ရွှင်မှု၊ ခါးသီးမှုတွေ စတင်ထိတွေ့ခဲ့တာပဲ။
ကျွန်တော့် ဖေဖေက တပ်မတော် ကစစ်မှူထမ်းတစ်ယောက် မေမေကတော့ မှီခိုပေါ့ဗျာ ဖေဖေ့လစာလေးနဲ့လောက်ငှအောင် နေခဲ့ရတယ်။မိသားစုထဲမှာကျွန်တော်က အငယ်ဆုံး မိဘများရဲ့အစဉ်ပြေတာမပြေတာမသိ လုပ်ချင်ရင် အတင်းလုပ်တက်တဲ့ကျွန်တော် ရဲ့ တဇွတ်ထိုးအကျင့်လေးနဲ့
ဆယ်တန်းမဖြေခင် ၃လအလိုလောက်မှာကျွန်တော်နဲ့တန်းတူ ဆယ်တန်းကျောင်းသားများကို စာစသင်ဖြစ်တာပေါ့ ။ ညနေဆို စာသင်တဲ့ဆရာပေါက်စလေးပေါ့ ညဆို စာကျက်တဲ့ကျောင်းသားလေးပြန်ဖြစ်သွားပြန်တာပေါ့ဗျာ ။ဒီလိုနဲ့ ဆယ်တန်းဖြေပြီး နွေရာသီမှာ beerစက်ရုံမှာ နေ့စားဘ၀နဲ့အလုပ်စ လုပ်ခဲ့တယ်။ Beerစက်ရုံဆိုတော့ သိတဲ့အတိုင်းပဲပေါ့ဗျာ beer သောက်လို့ရတော့ သောက်တက်တဲ့အကျင့်လေး စတင်တက်လာခဲ့ပြီပေါ့။၁၅နှစ်၁၆နှစ် တက်သစ်စ လူငယ်ဘဝမှာ အမှားလေးတစ်ခု စတင်လုပ်တက်လာခဲ့ပြီပေါ့ဗျာ
သိပ့်မကြာပါဘူး ကျွန်တော့် မေမေ ကျွန်တော့ အကျင့်ဆိုးလေးကို မြင်လာပါပြီ ဆယ်တန်းဖြေစအရွယ်ဆိုတော့မိဘကိုကြောက်ရသေးတယ်ဗျ ဒါနဲ့ပဲစက်ရုံမှထွက်ခဲ့ပါလိုက်တော့တယ်။
ဘာလိုလိုနဲ့အောင်စာရင်းထွက်ချိန်၆လပိုင်းရောက်လာပါတော့တယ်၊ကြွားတာတော့မဟုတ် ကျွန်တော်က ဥာဏ်ကောင်းပြီး စာကြိုးစာသူတစ်ယောက်ပါ ဒါပေမဲ့ ရိုးရိုးနဲ့ပဲအောင်ခဲ့ရပါတယ်
အဲ့လိုဖြစ်တာ ကျွန်တော် ကိုယ်ကိုကိုယ်အထင်ကြီးခဲ့တာကြောင့် လေးလေးနက်နက် မရှိခဲ့ကြောင့် ရည်ရွယ်ချက်ကြီးကြီးမားမားမရှိ ပြီးပြီရော ဆိုပြီးမကောင်းတဲ့ကျွန်တော်ရဲ့စိတ်ဓါတ်ကြောင့်ပေါ့
''ယခုခေတ်လူငယ်တွေလည်း အချို့ လမ်းမှားရောက်နေကျပြီ။ ပြုပြင်သင့်ပါတယ် အထက်တန်းကျောင်းသားပေါက်စအရွယ်လေးတွေနဲ့ လက်ကြားမှာ ဆေးလိပ်တိုလေးနဲ့ အချို့ဆိုရင် beerဗူးလေးတွေနဲ့ စတိုင်ထုတ်နေကျတယ် ဒါကိုခေတ်မှီတဲ့စတိုင်လို့ထင်နေကြတဲ့ကလေးတွေ မိဘပိုက်ဆံရှိသားသမီးများကျတော့ night Class /Days class တွေ့မှာတွေ့ရပြန်တယ် အချို့ဆိုရင် WYဆေးပြားတွေ ချကျနဲ့လူငယ်အချို့ပျက်စီးချင်များစွားပျက်စီးနေကျပြီပြီ''
''ယခုခေတ်လူငယ်များကျွန်တော်မှားခဲ့တဲ့အမှားလို မဖြစ်အောင်ပြုလုပ်သင့်တယ် ကြိုးစားသင့်တယ် ရည်ရွယ်ချက်ရှိရှိကြိုးစားသင့်တယ် ကျွန်တော်လို အမှားများမဖြစ်အောင်ကြိုးစားစေလိုချင်တယ်''
နောင်တ=ပြုသင့်သည်ကို မပြုမိ မပြုသင့်သည်ကိုပြုမိအတွက်အချိန်လွန်မှ ပူပန်ခြင်း ဆိုပြီးတော့ပေါ့
မမှားစေချင်မိပါ
အမှားများနှင့်ကျွန်တော် ၂
ဆက်လက်ရေးသားပါအုးံမည်
ဤစာသားများကြောင့် အမှားများပါရင်ခွင့်လွှတ်စေချင်ပါသည်