အင်းတကော်စတီးမစ်အဖွဲ့အတွက်ပါ ။ သိသောသူများ မဖတ်ဘဲကျော်သွားပါ ။ ခု လတ်တလောမှာ jerrybanfield ကို 0.5$ ပို့ ပြီး vote ခိုင်းတာနဲ့ပတ်သက်ပြီး မေးနေလို့ ပါ ။
jerrybanfield ကို 0.5$ ပေးပြီး vote ခိုင်းတာ မြတ်လားမေးတာကို အကြမ်းတွက်ပြပါမယ်ရှင် ။
ကျမတို့ က 0.5$ ပေးတော့ jerrybanfield က အနဲဆုံး 1.6$ အထက်ပြန်ပေးပြီး လာဘုတ်ပါတယ် ။
ရတာက 1.6 $
အရင်းက 0.5 $
steemit မှာ ဘုတ်လာပေးသူကို 25% ပြန်ပေးရတော့ 1.6 ÷ 4 = 0.4 ကို jerrybanfield ထံထပ်ပေးရမယ် ပေါ့
အဲ့တော့ ကျမတို့ ကျန်တာက 1.2 $ ဖြစ်သွားတယ်
steemit post ကို 50/50 နဲ့တင်တော့
ကျမတို့ ရတာက 0.6 sbd နဲ့ ကျန်တဲ့ 0.6 sbd နဲ့ညီမျှမယ့် steem power ( sp ) ပြန်ရပါမယ် ။
အရင်းက 0.5 sbd လေ အရင်းကိုနှုတ်လိုက်တော့
0.1 sbd အမြတ်နဲ့ steem power (sp ) အမြတ်ထွက်ပါမယ် ။
ခုဖြစ်နေတဲ့အခြေအနေက သူများလာဘုတ်ပေမယ့် 0.00 တွေရနေကြတာများနေတော့ jerrybanfield လာဘုတ်တာမှ ဟုတ်နေသလို ဖြစ်နေပါတယ် ။ ရှိတဲ့ sbd နဲနဲလေးကို အသုံးချပြီး ငွေပိုရအောင် အလွယ်လုပ်တဲ့သဘောပေါ့ ။ steemit myanmar မှာ လူများသလောက် ဘုတ်အားနဲနေချိန်မှာ လုပ်နေကြတဲ့ နည်းလမ်းတခုလို့  ဆိုနိုင်ပါတယ် ။
ထို့ ကြောင့် လောလောဆယ်မှာ jerrybanfield လာဘုတ်တာသည် အရင်းမရှုံးတဲ့အတွက် မြတ်တယ်လို့ ဆိုနိုင်ပါတယ်ရှင် ။
MSC 021