ယခုရေးခဲ့တာကတော့ ငယ်ဘဝကို remindလုပ်ပေးချင်တဲ့သဘော
လေးရယ်။စာရေးသူတို့ငယ်ငယ်တုန်းကဓလေ့တွေ တဖြည်းဖြည်း
တိမ်ကောလာပြီဟု ထင်မြင်မိတာကြောင့် ရေးလိုက်ရတာဖြစ်ပါတယ်။

တချို့ကမူ ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းတွင်
တန်း၍ လှူလိုက်ကြပါသည်။
ဒီရာသီသည် စာရေးသူတို့ငယ်စဉ်က အပျော်ဆုံးလပင်
ဖြစ်ပါသည်။
ဆိုင်းသံကြားပြီဆိုတာနှင့် အိမ်ထဲမှ အပြေးအလွှားထွက်ကာ
ကျွဲရှိသည့်နေရာသို့ စုကာသွားကြသည်။
တချို့ ထမင်းမေ့ဟင်းမေ့ ကျွဲနောက်သို့ လိုက်ကြည့်ကြ
သူများလည်းရှိသည်။
စာရေးသူတို့မြို့ကထိန်များတွင် ဈေးကထိန်သည် အစည်ကားဆုံးဖြစ်သည်။ ဈေးသူဈေးသားများ ဝိုင်းဝန်း
လုပ်ကြသော ကထိန်ဖြစ်၍ ပဒေသာပင်များမှာ လွန်စွာ
တန်ဖိုးကြီးကြသည်။
ရေခဲသေတ္တာ၊အဝတ်လျှော်စက်၊ဆိုင်ကယ်၊ငွေသား၊
ကားစသဖြင့် တန်ဖိုးကြီး များစွာပါကြသည်။
ကထိန်၏ အငွေ့အသက်များကမူ အရင်အတိုင်း ရှိနေဆဲမို့
စာရေးသူ ကြည်နူးရသည်။
မနေ့ကပင် ကလေးတစ်သိုက် ကျွဲနှင့် လာ၍အလှူခံကြသဖြင့်
ငွေငါးရာထည့်လိုက်သည်။
တန်ဆောင်မုန်းတွင်လည်း စာရေးသူတို့ မြန်မာလူမျိုးများ
မီးပူဇော်ကြရသည်။
သီတင်းကျွတ်ကဲ့သို့ပင် ကိုယ်တိုင်မီးအိမ်များ လုပ်ကာ
ဆက်လက်ပြီး လမ်းကို အလှဆင်ကြသည်။
သီတင်းကျွတ် တန်ဆောင်မုန်းလတွင် စာရေးသူတို့
ကလေးများ စုပေါင်းကာ ငရဲမီး ကစားနည်းကို ကစားကြ
သည်။ steemit မိသားစုဝင်များ သိကြလားမသိ။
ငရဲမီးကစားနည်းကို။
![image](
ငရဲမီးကစားနည်းအတွက် လိုတာကတော့
ဖယောင်းတိုင် နှစ်တိုင်
ဆီမီးခွက်တစ်ခွက်ပင်ဖြစ်ပါသည်။
လက်တစ်ထွာလောက် ကျင်းကိုအရင်မြေကြီးတွင် တူးရပါမယ်။
ထို့နောက် အောက်တွင် ဖယောင်းတိုင်တစ်တိုင်က
ိုစိုက်ထားရပါမယ်။
ကျင်းပေါ်တွင် တုတ်ချောင်းနှစ်ချောင်းကိက ကန့်လန်းဖြတ်
တင်လိုက်ရပါမယ်။
ဆီမီးခွက် တင်ဖို့ဖြစ်ပါတယ်။
ဆီမီးခွက်ထဲတွင် ကျန်ရှိသော ဖယာင်းတိုင်မှ ဖယောင်းများကို ခြေထည့်ရပါမယ်။
အထဲမှ မီးစာကြိုးကိုတော့ တစ်လက်မခန့်ဖြတ်ကာ ဆီမီးခွက်အထဲသို့ထည့်ထားရပါမယ်။
ပုံမှာေ တာ့ တစ်စပဲထည့်ထားတာရိုက်လိုက်ရပါတယ်။
တကယ်
အကုန်လုံးနစ်အောင် မထည့်ရပါ။
ဖယောင်းစာကို မီးညှိရဦးမှာဖြစ်တဲ့အတွက် အနည်းငယ်
ပေါ်အောင် ထားရပါတယ်။
ထို့နောက် ဆီမီးခွက်အောက်ရှိ ဖယောင်းတိုင် ကို မီးညှိပါ။
ဖယောင်းများ အရည်ပျော်လာလျှင် မီးစာကို မီးညှိလိုက်ပြီး
ရေခွက်မှ ရေကို လက်ဖြင့် နှိုက်ကာ ဆီမီးခွက်အပေါ်ကနေ တောက်ချပါ။
မီးတောက်များ အပေါ်သို့ မြင့်တက်လာပါလိမ့်မယ်။
ယခုမူ ထိုကစားနည်းကို သိသောသူ ရှိသေးလားပင် မသိတော့ပါ။
တန်ဆောင်မုန်းလတွင် အပျော်ဆုံး ရက်နှစ်ရက် ရှိပါသည်။
သူခိုးကြီး သူခိုးလေးညပင် ဖြစ်ပါသည်။
အပျော်သဘောနဲ့ လုပ်ကြခြင်းပင်ဖြစ်ပါသည်။
ညမရောက်ခင်ကပင်း မိမိတို့ ခိုးမည့် targetအား သေချာ
သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ရပ်ကွက်ထဲရှိ သူငယ်ချင်းအိမ်
မှ ရှောက်ပန်းသီးများ ခိုးခြင်းဖြစ်ပါသည်။
ခိုးသည်ဟုပင် မဆိုနိုင်ပါ။
ခိုးသည့်အိမ်မှ သူငယ်ချင်းကပင် မိမိတို့အဖွဲ့ထဲတွင် ပါနေခြင်း ဖြစ်ပါသည်။
အဖွဲ့ထဲက တစ်ယောက်ကို အဆင်သင့် တို့စားရန်
အမှုန့်လုပ်ခိုင်းပြီးသားပင်ဖြစ်ပါတယ်။
စားသောက်ပြီးသည်နှင့် တခြားလမ်းမှ ထွန်းထားသော
မီးပုးံများကို မျက်စပစ်လိုက်ကြပါတယ်။
သီတင်းကျွတ်ကတည်းက အားခဲထားခြင်းဖြစ်ပါတယ်။
သူခိုးကြီး သူခိုးလေးညများတွင် တချို့ကမူ ဆိုင်းပုတ်များကို
နေရာပြောင်းထားကြသည်။
မနက်ခင်းများ ရောက်လျှင် ပစ္စည်းပျောက်သူကပျောက်
ဆိုင်းပုတ်လွဲသူကလွဲနှင့် ပျော်စရာပင်ဖြစ်ပါသည်။
ယခုနှစ်များတွင်မူ ညဘက်ဖုန်းများနှင့်သာ အချိန်ကုန်နေကြ
၍ လုပ်ကြသူများပင် မရှိတော့သည်ကိုတွေ့ရပါတယ်။
တန်ဆောင်မုန်းလ၏ နောက်ဓလေ့တစ်ခုကတော့
ပံသကူ စွန့်ကြခြင်းပဲ ဖြစ်ပါတယ်။
ပံသကူဆိုသည်မှာ ပိုက်ဆံများကို ခေါက်ကာ ချိုချဉ်နှင့်
ရောကာ လမ်းများတွင် လှည့်ကာ စွန့်ကြခြင်းဖြစ်ပါသည်။
သူခိုးကြီသူခိုးလေးညများ၏ ၁၁နာရီကျော် လူများအိပ်ချိန်
တွင် အလှူရှင်များက မြို့ပတ်ကာ စွန့်ကြသည်ဟု
သိရပါတယ်။
ကျွန်တော်တို့ ကလေးများသည် သူခိုးကြီးသူခိုးလေးည
မနက်များတွင် ဝီရိယထားကာ စောစောထကြရသည်။
နောက်ကျလျှင် ပိုက်ဆံမပြောနှင့် ချိုချဉ်ပင် တွေ့မည်မဟုတ်ပေ။
တချို့ကမူ ညကတည်းက စောင့်ကာ ဓာတ်မီးတစ်လက်နှင့်
ရှာပုံတော် ဖွင့်ကြတယ်။
အလွန်ပျော်စရာကောင်းခဲ့ပေသည်။
ယခုတွင်မူ စွန့်တဲ့သူလည်း မရှိတော့။
ကောက်တဲ့သူလဲမရှိတော့ပါ။
တဖြည်းဖြည်းနှင့် တိမ်ကော ပျောက်ကွယ်လာလေပြီ
ဖြစ်ပါသည်။
စာရေးသူတို့ အလွန်ကံကောင်းခဲ့သည်။
ငယ်စဉ်ဘဝတွင် အပေါ်ကပြောခဲ့သည့် ဓလေ့များကို
မှီလိုက်သည်။ပျော်လိုက်ခဲ့ရသည်။
နောက်ပိုင်းကလေးများသည် ဓလေ့များကို သိကြလိမ့်တော့မည်ပင်
မထင်တော့ပါ။
နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားကြတော့မည်
ထင်ပါတယ်။
ယခုရေးခဲ့သော အကြောင်းအရာသည် စာရေးသူ၏မြို့တွင်
ယခင်နှင့် ယခုလက်ရှိ အခြေအနေများကိုသာ ခံစားရေး
ထားခြင်းသာဖြစ်ပါသည်။တခြားမြို့များတွင်ရော ယခုလို
အရင်ဓလေ့များ တိမ်ကောလာပြီဟု ခံစားမိပါသလား။
ယခုလာမည့် တန်ဆောင်မုန်းကိုလဲ တွေးပြီးစိုးရိမ်ရင်း
စာရေးသူ၏ စာကို အဆုံးသတ်လိုက်ရပါတယ်။
written by @yeyintkyaw
MSC-020