အီတလီလက်ရွေးစင် အသင်းနည်းပြအသစ် ဖြစ်လာတဲ့ မန်စီနီ
(translated from fox sports)
(credit to fox sports)
မန်စီနီဟာ အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြအသစ် ဖြစ်လာခဲ့ပါတယ်။
မန်စီနီဟာ မကြာသေးခင်က ရုရှားကလပ် ဇန်းနစ်စိန့်တ်ပီတာစ်ဘတ် အသင်းကနေ ထွက်ခွာ ခဲ့ပြီးနောက် အီတလီလက်ရွေးစင်အသင်းနဲ့ (၂)နှစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
photo credit to google.
အီတလီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ play-off ပွဲစဉ်မှာ ဆွီဒင်အသင်းကိုရှုံးနိမ့်ကာ ဝင်ခွင့်လွဲချော်ခဲ့ရပါတယ်။အဲဒီနောက် နည်းပြဟောင်း ဗန်တူရာကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြလက်မဲ့ဖြစ်နေခဲ့ပါတယ်။
မန်စီနီအတွက်ကတော့ ဒါဟာ လက်ရွေးစင်အသင်းတစ်ခုရဲ့ နည်းပြအဖြစ် ပွဲဦးထွက် တာဝန်ယူကိုင်တွယ်ခြင်းဖြစ်ပါတယ်။ မန်စီနီဟာ မန်စီးတီးအသင်းနည်းပြအဖြစ်ကိုင်တွယ်ခဲ့ဘူးသလို ဂါလာတာစာရေး ၊ အင်တာမီလန်အသင်း နည်းပြများအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။
၂၀၁၂ ခုနှစ် မန်စီနီလက်ထက်မှာ မန်ချက်စတာစီးတီးအသင်းဟာ (၄၄)နှစ်အတွင်း ပထမဆုံး အမှတ်ပေးချန်ပီယံဆုဖလားကို ရရှိခဲ့ပါတယ်။ မန်စီနီဟာ အီတလီလက်ရွေးစင်အသင်းကစားသမားဘဝမှာ (၃၆)ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။
မန်စီနီကိုင်တွယ်ရမယ့်ပွဲစဉ်ကတော့ လာမယ့် မေလ (၂၈)ရက်နေ့ ဆော်ရင်အော်တယ်ဗျအသင်းနဲ့ ကစားမယ့် ပွဲစဉ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အီတလီအသင်းဟာ ဇွန်လ (၁)ရက်နေ့ နဲ့ (၄) ရက်နေ့တွေ မှာ ပြင်သစ် ၊ နယ်သာလန် အသင်းများနဲ့လည်း ခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။