Steem ဈေးကကျ ရာသီဥတုက ပူ တကယ်ရူး
လို့ရတယ်နော်။ ဘာတဲ့ facebook တစ်ခွင်မှာလဲ
သစ်ပင်စိုက်ကြပါတဲ့။ ကျုပ်တို့နေတဲ့ ဝန်ထမ်း
တိုက်ခန်းမြေကြီးကရှား၍ သစ်ပင်စိုက်ပျိုးရန်
မြေနေရာ ရှားပါးလှသည်။။ တိုက်တန်းရှိ မြေကြီး
ရှိတဲ့နေရာလေးကို အသက်ကြီးတဲ့ အမေအို
တစ်ယောက်က ဗာဒံပင်လေးတွေစိုက်သွားတာ
အခုချိန်မှာ အင်မတန်မှအေးမြနေပါတယ်။
အမေအို ရဲ့ကျေးဇူးကြောင့် အဆိုပါသစ်ပင်
နေရာလေးက ကျွန်တော်တို့ ဝန်ထမ်းတိုက်ခန်းများရဲ့ အိုအေစစ်ပါ။
ဝန်ထမ်းတိုက်ခန်းများကို ပေးဝေသည့် ရေက
လူများသည့်အိမ်အတွက် မလုံလောက်ပါ။
ထိုကြောင့် ကျုံးရေတွင်းများကို တိုက်ခန်းများ
အတွက် တူးပေးထားသည်။ အဆိုပါ ကျုံးရေတွင်း
များ၏အနီးတွင် အမေအိုက ဗာဒံပင်လေးတွေ
စိုက်ခဲ့ခြင်းဖြစ်သည်။ ဗာဒံပင်လေးတွေက ရေ
ဓာတ်ရ၍ စိမ်းစိုဖြစ်ထွန်းလှသည်။ ထိုအပင်လေးများ စိုက်ရာတွင် အမေအိုက သစ်ပင်စိုက်ရင်း
ပြောခဲ့တဲ့စကားလေးပါ။
”တို့လို့အရွယ်နဲ့ ငွေမရှာနိုင်ဘူး ငွေမရှာနိုင်တော့
မလှူနိုင်ဘူး။ ငွေမကုန် အလှူရတဲ့ သစ်ပင်စိုက်
တာက ဇရပ်တစ်ခု ဆောက်ပြီး လှူတာနဲ့ အတူတူပဲ
လေ”
အခုတော့ ထိုအမေအို မရှိတော့ပေ။ အမေအို
စိုက်ခဲ့သည့် ဗာဒံပင်လေးများကတော့ အမေအို
ပြောသလို ဇရပ်လေးတွေဖြစ်ကာ အေးမြသည့်
အရိပ်ကိုပေးနေလေသည်။ ယခုလို ပူအိုက်လှသည့်
အချိန်အခါမှာ သစ်ပင်တစ်ပင်၏ တန်ဘိုးကို
ပိုပြီးသိမြင် ခံစားတတ်လာသည်။
အိန္ဒိယနိုင်ငံကို အားကျအတုယူချင်မိသည်။
ဂရင်းနစ်စံချိန်ဝင်အောင် အိန္ဒိယက ၂၀၁၆
ခုနှစ်တွင် သစ်ပင်ပေါင်း သန်း ၅၀ စိုက်ပျိုး
ခဲ့သည်။ ရာသီဥတုဖောက်ပြန်တာကို အံတု
ကာကွယ်ရန်အတွက် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း
ဖတ်သိရသည်။ ကျွန်တော်တို့နိုင်ငံမှာလည်း
ဖုန်းတွေကတဆင့်၊ Facebook မှတဆင့်
သစ်ပင်စိုက်ကြပါဟု နိုးဆော်ရေးသားနေ
ကြသည်။ ကဲ steemit မိတ်ဆွေအပေါင်းတို့လဲ
အခုပဲ လက်တွေ့ သစ်ပင်တစ်ပင်လောက်
စိုက်ပျိုးကြည့်ရအောင်လား။
@htwegyi
Image credit