ရာသီကပူ၍ နေစရာမရှိအောင် အရာရာက ပူပြင်း
ပူလောင်နေသည်။ မနက် ၁၀ နာရီ အချိန်မှာပင်
အပြင်ထွက်ရမှာ စိုးရွံ့ မိသည်။ နွေရာသီအပူဒဏ်ကို
နိုင်ငံအနှံ့အပြားခံရသည်။ စည်းမရှိ ကမ်းမရှိ
လောဘသားကောင်များ၏ မတရားလောဘများ
ကြောင့် သစ်ပင် သစ်တောတို့ များပြားစွာဆုံးရှုံး
ခဲ့သည်။ မြေကြီးအတွင်းမှ သယံဇာတများကို
အလွန်အကြူးထုတ်ယူသုံးစွဲကြသည်။ ကမ္ဘာမြေ
သာ စကားပြောတတ်ခဲ့ပါလျှင်
”မတရားလောဘတွေက အလွန့်အလွန်ပါလား”
ပြောနေပေမည်။ အလွန်အကျွံတွေများတော့
သဘာဝတရားကလည်း အလွန်အကျွံတွေ ပြန်ပေး
လာတော့သည်။ ပူလွန်းသည်မှာ တိုက်သည့်လေ
ကပင် ပူပြင်းလှသည်။ အရိပ်ကောင်းသည့်နေရာမှာ
နေပါသော်လည်း တိုက်သည့်လေက ပူ၍ နေစရာ
မရှိဖြစ်ရသည်။ အပြင်ကရာသီပူ အတွင်းက
လောဘပူတွေနဲ့ ဖြစ်နေကြရင်ဖြင့် ကမ္ဘာကြီး
မီးဟုန်းဟုန်းထတောက်တော့မလား။ သက်ကြီး
ရွယ်အိုများနှင့် ကလေးများက ရာသီပူကြောင့်
ပင်ပန်းရှာကြသည်။
ညအိပ်ယာဝင်သည့်အချိန်မှာ ယပ်တောင်တဖျပ်ဖျပ်
ခပ်ကာ အိပ်ယာဝင်ရသည်။ ည အိပ်ယာထဲ
ရောက်နေပါသော်လည်း ညနက်သန်းခေါင်ချိန်
ထိ ပူလွန်း၍ အိပ်မပျော်နိုင်ပါ။ ညက တရေးနိုး
ပူလွန်းလို့ နိုးလာသည့်အခါ တကိုယ်လုံး ချွေးများ
ဖြင့် အင်္ကျီ မှာ စိုရွှဲနေသည်။ အက်ႌ တစ္ထည္လုံး
စိုပြီ ခေါင်းများ အရမ်းကိုက်လာသည်။ စိုသည့်
အင်္ကျီအား လဲ၍ ယပ်တောင်လေးအသာခပ်ကာ
ငြိမ်ငြိမ်လေးနေမှ ခေါင်းမူးတာ သက်သာ၍
အိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်း၍ မနက်စာစားကာ ရုံးသို့သွားသည်။
ရုံးသွားရာ လမ်းတလျှောက် ကား၊ ဆိုင်ကယ်
အိတ်ဇောပူများက အငွေ့ဟပ်လေသည်။ မနက်ခင်း
နေရောင်မှာပင် ပူပြင်းလှသည့် နေအရှိန်က နေ့လည်
အပူရှိန်နှင့် မထူးခြားပေ။ နေပူကျဲကျဲအောက်
လုပ်ကိုင်နေရသော လုပ်သားများကိုမြင်ရပြန်တော့
သူရို့ ခမျာ ကိုယ်တွေထက် အပူဒဏ်ပိုခံရပါလား။
ကိုယ်ချင်းစာကာ စိတ်မကောင်းဖြစ်ရပြန်သည်။
ရုံးရောက်၍ လုပ်ငန်းများလုပ်စဉ် မနက်ခင်း
မှာ ရုံးအဆောက်အအုံကကြီးမား၍ အပူ
သက်သာသည်။ နေ့လယ်မှာတော့ လေပူတိုက်၍
ပူရပြန်သည်။ ထိုင်ခုံများ၊ နံရံများကအစ
ပူလေသည်။ အထူးသဖြင့် ထိုင်သည့် ထိုင်ခုံမှာ
သစ်သားခုံဖြစ်ပါက သက်သာသည်။ ပလပ်စတစ်
ထိုင်ခုံဖြစ်ပါက ဒုက္ခရောက်ပေသည်။ နွေရာသီ မှာ
ပလပ်စတစ်ထိုင်ခုံများကို ကြာရှည်စွာထိုင်ဖူးကြပါသလား။ အတော်အန္တရာယ်များလှသည်။
ပလပ်စတစ် ထိုင်ခုံသည် ခဏထိုင်ပါက မည်သို့မျှမခံစားရပေ။ ယခုလို နွေရာသီ ပူသည့်အချိန်တွင်
ပလပ်စတစ် ခုံကိုကြာရှည်စွာ ထိုင်မိပါက တင်ပါး
နေရာတွင် ချွေးများဖြင့်စိုရွှဲကာ အကွက်ကြီးဖြစ်နေသည်။ ပလပ်စတစ် သည် ခန္ဓာကိုယ်မှချွေးကို
စုပ်ယူမှုမရှိချေ။ ပလပ်စတစ် ခုံများကို ကြာရှည်
စွာထိုင်မိမှ သစ်သားခုံများ၏တန်ဘိုးကို သိရှိလာ
သည်။ ရုံးသူ ရုံးသားများအားလုံး ပလပ်စတစ်ခုံများကို မထိုင်ကြပါ။ သစ်သားခုံ အစုတ်များကို
ပြန်လည်ပြုပြင်ကာ ထိုင်ကြသည်။
သစ်ပင်များ၏တန်ဘိုးသည် လူတို့အတွက်
မည်မျှတန်ဘိုးထားရ၍ အရေးပါသည်ကို ပိုဂရု
ပြုမိလာသည်။ ယခုလို ပူပြင်းသည့်နွေရာသီ၊
ရေကြီးရေလျှံဖြစ်သည့်အခါ၊ မုန်တိုင်းတွေ
တိုက်ခတ်သည့်အခါများမှာ ပို၍သတိတရထားကာ တန်ဘိုးထားလာရပါသည်။ ကမ္ဘာမြေ ငြိမ်းချမ်း
အေးမြဖို့ သစ်ပင်များကို တန်ဘိုးထားကြပါစို့ လား။