နယုန်လတွင် ရွှေစာတော်ပြန်မေးလို့  ဟုဆိုသည့် အတိုင်း ရှေးအခါက စာပြန်ပွဲကိုကျင်ပကြသည်။ ဆန်းကြယ်အရောင် တောက်ပြောင်ဝင်းဝါ သုဓမ္မာဝယ် သံဃာတော်များ ဟောကြားမိန့်မြွက် မေးဖြေလျက်တည် ဟုစာဆို ဦးယာက စာတော်ပြန်ပွှဲကို စာပန်းချီခြယ်သခဲ့လေသည်။ စာတော်ပြန်ပွဲဆိုသည်မှာ တိုင်းပြည်အတွက် အားထားရမည် ပညာရှင်များ ပေါ်ထွန်းရေးအတွက် စာမေးပွဲ စစ်မေးခြင်းဖြစ်သည်။ စာတော်ပြန်ပွဲကို ညောင်ရမ်းခေတ် သာလွန်မင်းတရားကြီး လက်ထက်တွင် စတင်ကျင်းပခဲ့ပေသည်။နယုန်လကား မြန်မာ့လယ်ယာလောက နိုးထ စကာလ ဖြစ်ပေသည်။