ကျွန်တော်လေးစားရတဲ့ အဖေ။ အဖေက ကဗျာတွေ စာတွေရေးတတ်သလောက် ကျွန်တော်က စာတစ်ကြောင်းတောင် ဖြစ်မြောက်မရေးတတ်။မကြိုးစား မလေ့လာခဲ့တာတွေလဲ ပါတာတော့။steemit သုံးပြီးနောက်ပိုင်း စာတွေရေးတတ်အောင် အခုမှပြန်သင်နေရတယ်။ကြိုးစားမှူ့ကတော့ နောက်မကျသေးဘူးလို့ထင်ပါတယ်။အခုလက်ရှိတော့ ကြိုးစားပြီးတော့ ရေးသားနေတုန်းပါ။နောက်တစ်ချိန်တော့ စာကောင်း ကဗျာကောင်းတွေရေးနိုင်မှာပါ။အဖေ့ခြေရာကိုမှီနိုင်ဖို့တော့ တော်တော်ကြိုးစားရအုံးမယ်။
အပေါ်ကပုံတွေက အဖေ ဆုရတုန်းကပုံတွေပါ။၂၀၁၈ ၊ ၂၀၁၉ မွန်အမျိုးသားနေ့ ကဗျာပြိုင်ပွဲတွေမှာ ဆုရထားတာပါ။အလွတ်တန်းကဗျာ ၊ အထက်တန်းကဗျာ စတဲ့ အတန်းတွေမှာ ဝင်ပြိုင်ထားတာပါ။၂၀၁၈ မွန်အမျိုးသားနေ့မှာ မင်းနိုင်စိုး ( ပရဟိတ - ရာမညနိုင် ) ကလောင်အမည်နဲ့ ဝင်ပြိုင်ခဲ့ပြီး
၂၀၁၉ မွန်အမျိုးသားနေ့မှာတော့ ကလောင်နှစ်မျိုးနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ပရဟိတရာမည - နိုင် ( ယဉ်စနိုင်းမြေ ) နဲ့ အမတ်ဒိန် ဆိုတဲ့ ကလောင် အမည်တွေနဲ့ပါ။အဖေဟာ စာအရေးအသား ကောင်းသလို ဆုတံဆိပ်တွေ အများအပြားလဲရရှိခဲ့ပါတယ်။ကျွန်တော်ကတော့ သင်ယူဆဲ ကြိုးစားဆဲ မှီနိုင်မယ်လို့တောင် မထင်မိဘူး။
Please @automation @cleverbot
Author @naythan
Game play link👇👇👇