မျှော်လင့်ချက်လေး
စတီးမစ်အဖွဲ့သားများအားလုံးမင်္ဂလာပါခင်ဗျား။
စတီးဈေးကိုမျှော်ရတာလည်းလည်ပင်းတောင်ရှည်ချင်လာပါပြီ။
ဈေးကတက်လာမယ်လုပ်လိုက်ပြန်ကျလိုက်နဲ့။
စတီးဈေးကိုမျှော်ရတယ်ဆိုတာကလည်းရောင်းစရာရှိလို့တော့မဟုတ်ပါဘူး။
Botတွေနဲ့လည်ပတ်နေရတာဆိုတော့ဈေးတက်မှအမြတ်ကကျန်နိုင်မယ်လေ။
အာ့ကြောင့်မို့မျှော်နေရတာပါ။
ဈေးကျသွားရင်ကိုယ်botတဲ့ဟာလေးကအရင်းပါမရတော့ဘူး။
Botတွေပဲအားကိုးနေရတာဆိုတော့တက်မှအဆင်ပြေမှာမို့ပါ။
ဒီတိုင်းသာbotပေးပြီးတိုင်းဈေးကကျကျသွားရင်းရှိတဲ့sbdလေးလည်းကြာရင်လုံးပါးပါးတော့မှာပါပဲ။
ဒါကြောင့်မို့စတီးဈေးများတက်လာမလားလို့မချင့်မရဲမျှော်လင့်တော့မျှော်လင့်မိတာပေါ့။
ဒါပေမယ့်လည်းစိမ်းကားသူကြီးကခုထိကိုတက်မလာနိုင်သေးဘူး။
အရိပ်အရောင်ပြလိုက်ပြန်ကျလိုက်နဲ့။
လိုက်တမ်းပြေးတမ်းကစားနေသလားမှန်ရတယ်။
မနက်ခင်းပိုင်းဝင်ကြည့်လိုက်လို့တက်နေပေမယ့်ညဖက်ရောက်ရင်ပြန်ကျပြန်ရော။
ဒီလိုနဲ့မျှော်လင့်နေရတာပါပဲ။
မျှော်လင့်ချက်လေးကတော့ရှိနေဆဲပါပဲ။
တနေ့နေ့ဈေးတက်လာလိမ့်မယ်လို့ပေါ့။