Steemmonsters ဂိမ်း ဆော့တဲ့သူတွေ ဘယ်ရောက်သွားပီလဲမသိဘူး။ ကိုယ်တယောက်ထဲ သရဲခြောက်မှာတောင်ကြောက်နေရတယ်။
အမယ် ကိုယ့်လူတွေသာမရှိတော့တာ BATTLE ထဲတွေ့နေတဲ့သူတွေက ဆရာကြီးတွေဗျ၊ လွယ်လွယ်နဲ့ တိုက်လို့မနိုင်ဘူး။
စာလဲမရေးဖြစ် steem ပေါ်ကိုလဲတော်တော်နဲ့မရောက်ဖြစ်ပေမေ့လည်း နေ့စဉ် Quest လေးတော့ တိုက်နေပါသေးတယ်။ ဒီနေ့တော့ ရာသီချိန်ပြီးသွားပါပြီ။ ဆရာကြီးတွေနဲ့ပဲတွေ့တွေ့နေရတော့ ဒီရာသီ ခရီးမရောက်ခဲ့ဘူး Gold 1 နဲ့ပဲ ကျေနပ်ခဲ့ရတယ်။
ရလာတဲ့ကဒ်တွေက အားရစရာမရှိတော့လည်း ဘာတတ်နိုင်မှာလဲလေ။ ဒါလေးတွေပဲ ရတဲ့ဈေးနဲ့ထုတ်ရမှာပေါ့။ SM ခြောက်ကပ်လာတာ ဒါအဓိကအကြောင်းရင်းပါပဲ။ အများကြီးရင်းနှီးပြီး Level တွေမြှင့်ထားတာ ရလာတဲ့ကဒ်တွေက ဘာမှသုံးစားမရတော့ အားပြတ်ကြပြီပေါ့။
တခြားဟာတွေလဲလုပ်ချင်စိတ်မရှိတော့ပါဘူး။ steem နဲ့အဆက်သွယ်ပြတ်မသွားအောင် နေ့စဉ် Quest လေးတိုက်ရင် ခရီးနှံနေပါဦးမယ်။