ဒီနေ့တော့ Quest စောစောစီးစီးပြီးသွားပါပြီ။ ရတဲ့ကဒ်တွေက အားမရှိဘူး။ Gold တုန်းကတောင် ဟုတ်သေးတယ်၊ ကောင်းတဲ့ကဒ်လေးတွေပါသေးတယ်။ Diamond ထဲကိုရောက်ပြီးမှ ၁၂ ကဒ်ရပေမေ့ ကဒ်ကောင်းတွေမပါဘူး။ season ပြီးခါနီးမို့နဲ့တူတယ်။ ဘာဖြစ်ဖြစ် ရလာတဲ့ကဒ်တွေကိုေ ပါက်ဈေးအတိုင်းရောင်းလိုက်တော့တာပဲ။
Season ပြီးဖို့ ၂ရက်ပဲလိုပါတော့တယ်။ ကိုယ်တွေ D-2 မှာလည်နေတာ ၃-၄ ရက်ရှိပြီ၊ ဘယ်လိုမှတက်လို့မရောက်နိုင်ဘူး။ တနေ့ကို ဖလား ၁၀၀ ရဖို့ကို မလွယ်ဘူးဖြစ်နေတယ်။ season ပြီးခါနီးမို့ လူတိုင်းက level မြှင့်ပြီး ဖလားတင်နေကြတော့ ပွဲကပိုပိုကြပ်လာတယ်။ ကိုယ်တွေလဲ နိုင်သလောက်တင်နေတာပဲ။ ဒီနေ့ ဒီချိန်မှာတော့ ဖလား 3350 ရနေပါပြီ။ ဘယ်တော့ပြုတ်ကျမလဲ မပြောတတ်ဘူး။D-I ကိုရောက်ဖို့ နောက်ထပ် 50 လိုနေသေးတယ်။ D-I ကိုရောက်ရင် ရာသီအပြီးမှာ ကဒ် 60 ရမှာပေါ့လေ။ ချိန်ပီယံဆိုတာတော့ ဒီရာသီ မမျှော်မှန်းနိုင်တော့ပါ။
အချိန်က ၂ရက်ကျန်ပါသေးတယ်။ မလျော့သောဇွဲနဲ့ ဆက်လက်ချီတက်နေဆဲ့ပါ။ D-I ကိုရောက်မလား မရောက်ဘူးလားဆိုတာတော့ ပိတ်ကားပေါ်မှာစောင့်ကြည့်ပေါ့ဗျာ။
Monsters ဂိမ်းဆော့သူတိုင်း ကံကောင်းကြပါစေ
တန်ဖိုးကြီးကဒ်တွေပိုင်ဆိုင်နိုင်ကြပါစေ
ကိုယ်တွေကတော့ ဘာလာလာရောင်းထုတ်တာပဲ ဟဲဟဲ
Images Credit - Original Source
@kyawhlaing