စာမရေး ပိုစ့်မတင်ဖြစ်တာ အတော်ကြာသွားပြီ။ steem ဈေးကတက်မယ်တက်မယ်စောင့်ယင့် တဖြည်းဖြည်းကျကျသွားတော့ စိတ်ဓာတ်တွေကလည်း ဟိုးးအောက်ဆုံးကိုရောက်နေပါပြီ။ ဒီလိုအခြေနေမျိုးမှာ စာရေးလို့တမျိုး ဂိမ်းတွေဆော့လို့တဖုံ အားမလျှော့ဘဲ steemit platform ပေါ်ဆက်လျှောက်နေကြတဲ့သူတွေကို မချီးကျူးပဲ မနေနိုင်ပါဘူး။ ဘယ်လိုအခြေနေမျိုးကိုပဲရောက်ရောက် ရပ်တည်နေကြတာ လေးစားဂုဏ်ယူပါတယ်။
ကိုယ်တွေက စာရေးပျင်းတော့ အဆက်ပြတ်မသွားအောင် SM ပဲ ဆော့ဖြစ်ပါတော့တယ်။ SM လည်း ဆော့သူတွေနည်းပါးလာပါပြီ။ ရလာဒ်က ထင်သလောက်ဖြစ်မလာတော့ ဆော့သူနည်းလာတာလဲ အပြစ်မဟုတ်ပါဘူးလေ။ ရှိတဲ့လူတွေနဲ့ပဲ ကိုယ်တွေလည်းဆော့ဖြစ်နေပါတယ်။
Here is my daily quest booster pack Reward
ဒီနေ့ကံကောင်းတယ်လို့ပြောရမှာပေါ့။ တနေ့တာ quest ရဲ့ Rewards မှာ တန်ဖိုးကြီးကဒ်တစ်ကဒ်ပါလာတယ်လေ။ $ 3.50 တော့ပေါက်နေပါတယ်။ steem ဈေးကျသလို card ဈေးတွေကလည်း ကျနေပါတယ်။ ကိုယ်တွေလည်း Level မြှင့်ဖို့စိတ်ကူးမရှိတော့ ရသမျှကဒ်တွေကို ထိုင်ရောင်းနေတာပါပဲ။