မင်္ဂလာနံနက်ခင်းပါ
ဒီနေ့ Steemmonsters ဂိမ်း Season ပြီးသွားတော့ ဒီဂိမ်းဆော့သူတိုင်း မိမိတို့ရောက်ရှိခဲ့တဲ့ League အလိုက် Reward ကဒ်တွေရကြမှာဆိုတော့ ကိုယ်တွေလဲ မနက်စောစောထဲကထပြီး တိုက်ပွဲတွေဆင်နွဲနေပါတယ်။ မနေ့ညက ကံမကောင်းစွာနဲ့ပဲ Quest မှာ ဖလားတွေအလှူပေးလိုက်ရတယ်လေ။ အားမရှိတဲ့အတွဲနဲ့လာတိုးတော့ ၅ပွဲနိုင်ဖို့ကို ၄ နာရီကျော်ကြာတိုက်လိုက်ရတယ်။ ပေးလိုက်ရတဲ့ဖလားတွေကို ပြန်ဆယ်ရင်း ညည့်နက်လာတော့ မျက်စိကဘယ်လိုမှမရတော့ဘူး။ ခနအနားယူပြီး မနက်စောစောထကာ နောက်ဆုံးအချိန်ထိ မရပ်မနား ဆက်တိုက်ပေမေ့လည်း ချန်ပီယံနဲ့လွဲခဲ့ရပါတယ်။
Diamond-1 နဲ့ပဲလှည့်ပြန်ခဲ့ရတာမို့ နှစ်သိမ့်ဆုအနေနဲ့ red ကဒ် 60 ရခဲ့ပါတယ်။ ကဒ်ကောင်းတွေမပါပေမေ့လည်း ရတဲ့ဈေးနဲ့ရောင်းရမှာပေါ့လေ။
လာမဲ့ရာသီမှာ Gold-II က စရမှာမို့ စစ်အင်အားတွေဖြည့် စွမ်းအင်တွေထည့်ရင်း ချန်ပီယံဖြစ်ဖို့အရေး တရွေ့ရွေ့ချီတက်ပါတော့မယ်။
Monsters ဂိမ်း ကစားသူတိုင်း ကံကောင်းကြပါစေ
တန်ဖိုးကြီးကဒ်လေးတွေ များများပိုင်ဆိုင်နိုင်ကြပါစေ
Images Credit - Original Source
@kyawhlaing