Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/tongyeong-%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%b1%e1%80%9b%e1%82%8a%e1%82%95%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8

https://playror.com/
နေရာပြောင်းရွှေ့ခြင်းကိုတော့ ဆက်လက်လုပ်ဆောင်ရပါပြီ တစ်နေရာကနေ တစ်နေရာပြောင်းရွှေ့ခြင်းက အချိန်ပေးရပါတယ် အခုလည်း ငါးနာရီဝန်းကျင်လောက် အချိန်ကုန်မယ်လို့ သိရပါတယ် ဒါဆိုရင်တော့ မနက်ဖန်မှ နေရာသစ်ကိုရောက်ပါလိမ့်မယ် ယနေ့အတွက်တော့ အလုပ်မလုပ်နိုင်ငတော့ပါဘူး နေရာတစ်ခုကနေ အခြားနေရာတစ်ခုကို မကြာခဏပြောင်းရွှေ့နေခြင်းဟာ အလုပ်သိပ်မဖြစ်ပါဘူး တစ်နေရာတည်းမှာ ကြာကြာနေပြီး အလုပ်တွေလုပ်ရင် ပိုကောင်းပါတယ် ဒါပေမယ့် အခုလိုအပ်နေတာက နေရာအစုံကို ရောက်ဖူးထားအောင် လုပ်ဆောင်ရမယ်လို့နားလည်ထားလို့ပါ သွားရောက်ဖူးတဲ့ နေရာဒေသက သုံးလေးနေရာလောက်သာရှိပါတယ် အဲ့ဒီနေရာတွေ အကုန်လုံးကို ယခု ဒုတိယအကြိမ် ထပ်မံသွားရောက်နေခြင်းဖြစ်ပါတယ် နေရာဒေသ အသစ် စက်စက်ကိုတော့ နောက်ရက်မှာ စတင်သွားလာမှာဖြစ်ပါတယ် နေရာဟောင်းတွေမှာက သွားလာဖူးထားလို့ အခြေအနေ ကြိုသိနိုင်ပေမယ့် နေရာအသစ်မှာက မသွားလာဖူးတော့ အခြေအနေ လုံးဝ ကြိုမသိနိုင်ပါဘူး ကိုယ့်ရဲ့စစ်သားတွေ အထိနာမှာကို မလိုလားတဲ့အတွက် စွန့်စားမှုတွေ သိပ်မလုပ်ရဲသေးပါ စစ်အင်အားဖြည့်တင်းရာနေရာကိုတော့ ရှာဖွေရပါဦးမယ် စစ်အင်အားကို ဖြည့်တင်းပြီးမှသာ နေရာအသစ်ကို စွန့်စားသွားရောက်မှ သင့်တော်မှာဖြစ်ပါတယ်
ယခုပြောင်းရွှေ့လိုက်သောနေရာဟာဆိုရင်တော့ ပင်လယ်ကမ်းစပ်နဲ့ နီးစပ်သော နယ်မြေဖြစ်ပါတယ် လွင်ပြင်နဲ့ တောင်တန်းတွေ ထိစပ်ရာနေရာဖြစ်လို့ လယ်ယာမြေတွေ များစွာ ဖြစ်ထွန်းပြီး အစာရေစာ ပေါများရာအရပ်ဖြစ်ပါတယ် သီးပင်စားပင်တွေနဲ့ စိုက်ခင်းတွေက မျက်စိတစ်ဆုံးမြင်တွေ့ရပါတယ် အဲ့ဒီအရပ်မှာတော့ ထူးခြားတဲ့ အရာတွေ ရှာဖွေတွေ့ရှိနိုင်ပါတယ် အခုမိုင်းတွင်းမှာက ငွေတုံးတစ်ခုသာ အားကိုးရာဖြစ်ပါတယ် ဒါကြောင့် ပြောင်းရွှေ့လိုက်ရခြင်းဖြစ်ပါတယ်

https://playror.com/
မိုငးတွင်းမှာ ငွေတုံး အနည်းငယ်ရခဲ့ပါတယ် ဈေးကွက်ကို ပို့ကြည့်တာတော့ ဈေးသိပ်မရတော့တာတွေ့ရပါတယ် ယခင်က ငွေတုံးတွေ ရောင်းရင် ရွှေတွေ အများကြီးရပါတယ် အခုက ဈေးကျသွားတာကိုသတိထားမိပါတယ် ဈေးမကိုက်တော့ပါဘူး အချိန်တွေကြာပြီး အကျိုးအမြတ်နည်းလွန်းရင် အဆင်မပြေတော့ပါ ဒါကြော်င့်နေရာအသစ်မှာ အခြားအရာတွေ ရှာဖွေရပါဦးမယ် သတင်းတစ်ခုကြားတာတော့ ငါးအကြေးခွံလို ရေသူမရှိရာအရပ်မှာတော့ စီးပွား ကောင်းတယ်လို့ သိရပါတယ် ထိုနေရာကိုလည်း အရောက်သွားရပါါဦးမယ် တိုက်ခိုက်မှုတွေလည်း ရှိတဲ့အတွက် စစ်သားတွေကို သေချာလေးစစ်ဆေးပြီး လိုအပ်တာတွေဖြည့်ဆည်းပေးရပါဦးမယ် ဒါကြော်င့ စစ်အသုံးစားရိတ်အတွက် ရွှေအမြောက်အများကို ကြိုးစားရှာဖွေနေရပါတယ်
ဂိမ်းကတော့ ယခုတိုင်လေးနေဆဲပါဘဲ ဒီထက်ပေါ့ပါးလာရင်တော့ ကစားလို့ အင်မတန်ကောင်းမှာပါ အခုတော့ တစ်နေရာကနေ တစ်နေရာ မြင်နိုင်ဖို့ကို စကောရွှေ့ဖို့အတွက် တော်တော်ခက်ခဲနေပါတယ် လူကြိုက်များလာရင်တော့ ထိုအားနည်းချက်ကို ပြုပြင်လာမယ်ထင်ပါတယ် အခုတော့ သည်းခံလို့ ကစားနေရပါတယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/tongyeong-%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%b1%e1%80%9b%e1%82%8a%e1%82%95%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8