ယနေ့ steemit Myanmar မှ မိတ်ဆွေများ အတွက် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ ဆောင်ရန်ရှောင်ရန်များကိုဖော်ပြပေးလိုက်ပါတယ်။
အမျိုးသမီးတွေအတွက် မျက်နှာအဆီပြန်ခြင်းက ဆယ်ကျော်သက်အရွယ်ကနေ သွေးဆုံးချိန်ထိအောင် ကြုံတွေ့နေကြပါတယ်။ အဆီပြန်လွန်းပါက အသားအရေကို အလွန်ပြောင်ပြီး ချွဲကပ်စေပါတယ်။ အဆီပြန်ချင်းကို လုံးဝပြောက်ကင်းအောင်ကုသနိုင်ဖို့တော့မလွယ်လှပါဘူး။ ဒါပေမယ့်ထိန်းသိမ်းဖို့နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်နော်။
အဆီပါဝင်မှုများတဲ့မိတ်ကပ် skin care တွေကိုရှောင်ပါ။ အဆီပြန်သူတွေအနေနဲ့ moisture ပါတဲ့ပစ္စည်းတွေက အဆီပြန်ခြင်းကို ပိုမိုအားပေးပါတယ်။ ရေဓာတ်ပါဝင်နှုန်းများတဲ့ skin care နဲ့ cosmetic တွေကို အသုံးပြုပေးသင့်ပါတယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက အရေးအကြောင်းတွေ တော်ရုံမဖြစ်ဘူးဆိုတာ အမြဲမမှန်ပါဘူး၊ မျက်နှာအရေပြားအထူအပါးပေါ်မူတည်ပြီးမှသာ အရေးအကြောင်းတွေက နည်းများဖြစ်တတ်တာပါ။ ဒါကြောင့် အဆီပြန်တဲ့အသားအရေကို ဂရုစိုက်သင့်ပါတယ်နော်။
စိတ်ဖိစီးမှု stress တွေက အဆီပြန်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အသက်ကိုဝအောင်ရှူပြီး စိတ်ဖိစီးမှုကို နည်းအောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပေးသင့်ပါတယ်နော်။
မျက်နှာကို ညအိပ်ရာမဝင်မီ လက်ထိပ်လေးတွေနဲ့ နှိပ်နယ်ပေးပါ အဆီပြန်ခြင်းကို သက်သာစေပါတယ်။
အဆီမပါတဲ့ အောက်ခံမိတ်ကပ်ရည်တွေကို သုံးပါ။ ခရင်မ်ပုံစံထုတ်ထားတဲ့ မိတ်ကပ်မျိုးကို လုံးဝရှောင်ပေးပါ၊ ဘရပ်ရှ်နဲ့လိမ်းရတဲ့ ပေါင်ဒါပုံစံမျိုးကို အသုံးပြုနိုင်ပါတယ်။
မျက်နှာကို ခြောက်သွေ့စေမယ့် မိတ်ကပ်ဖျက်ဆေးနှင့် မျက်နှာသစ်ဆပ်ပြာတွေကိုရှောင်ပါ။ ဒါတွေက သင့်အသားအရေခြောက်သွေ့မှုထက် ရေဓာတ်ဆုံးရှုံးမှုဖြစ်စေလို့ ပိုမိုဆိုးရွားနိုင်ပါတယ်။
အဆီပြန်လွန်းတာကြောင့် မျက်နှာကိုလည်း ဆပ်ပြာတွေနဲ့ ခဏခဏသစ်တာမျိုးကို ရှောင်ပါ။
အဆီစုပ်စက္ကူတွေအသုံးပြုခြင်းကိုလည်းရှောင်ပေးပါ။ အဆီပြန်ခြင်းကိုပိုမိုဆိုးရွားစေပါတယ် ....steemit Myanmar မှ မိတ်ဆွေများ စိတ်ချမ်းသာ ကိုယ် ကျန်းမာကြပါစေ .... have a good time ....
Credit ကျန်းမာရေး နှင့် အစားအသောက်