ပန်းသီးရဲ့ ကျန်းမာရေး စွမ်းပကား။
ပန်းသီးရဲ့ ထူးခြားတဲ့ ကောင်းကျိုးတွေကတော့......
၁။ ပန်းသီးကို ဝါးစားခြင်းက ပါးစပ်တွင်းရှိ သွားရည်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးလို့ သွားပိုးစားခြင်းကို လျော့ကျစေပြီး ဖြူဖွေးကျန်းမာလှပတဲ့ သွားတွေကို ရရှိစေပါတယ်။
၂။ လေ့လာတွေ့ရှိချက်တစ်ခုမှာဆိုရင် ပန်းသီးဖျော်ရည်သောက်ခြင်းက အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ ကင်းဝေစေတဲ့အပြင် အသက်ကြီးလာလို့ ဦးနှောက်မှာ အရေအကြောင်းဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
၃။ ပန်းသီး အနည်းဆုံး တစ်နေ့ ၁လုံးစားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူတွေထက် ဆီးချိုရောဂါ Type 2 ဖြစ်နိုင်ချေ ၂၈ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။
၎။ ပန်းသီးမှာပါဝင်တဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်တွေက အူအတွင်းရှိ အဆီတွေနဲ့ နှောင်ဖွဲ့လိုက်ပြီး ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။
၅။ ပန်းသီးမှာ Antioxidants တွေ အများအပြားပါဝင်လို့ အသားအရေကောင်းစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို လည်း ကာကွယ်ပေးပါတယ်။
ဒါကြောင့်လည်း “ပန်းသီး ၁နေ့ ၁လုံးစားခြင်းက ဆရာဝန်နဲ့ ဝေးဝေးနေရအောင် လုပ်ပေးတယ်” လို့ ပြောကြတာပါ။
Steemit myanmar မှ friends များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသကြပါစေ
Nanda Min Khant ( steemit myanmar)
Photo credit.....