Myanmar Steemit Community မှ ညီအကိုမောင်နှမ နှင့် ဆရာများအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်
အရင်အပိုင်း (၃)မှာတော့ကျွန်တော့ ဘဝအတွေ့အကြုံကိုအခြေခံ လို့ကျွန်တော့်သားသမီးများကို သွန်သင်ဆုံးမပုံကို တင်ပြခဲ့ပါတယ်။ကျန်တော်ကြုံတွေ့နေရတဲ့ လက်တွေ့ဘဝကို အခြေခံလို့ရေးသား နိုင်ခဲ့တာမို့ တန်ဖိုးထားပျော် ရွင်မိပါတယ်
ဒီနေ့မှာတော့ ကျွန်တော့်ဘဝရဲ့ အလှည့်အပြောင်းစတင်ခဲ့တဲ့ မမေ့နိုင်တဲ့ အကြောင်းအရာနဲ့ အဲ့ဒီက ရခဲ့တဲ့စိတ်ခံစားမှု အခြေအနေကို သင်ခန်းစာယူနိုင်စေဖို့
ရေးသားတင်ပြမှာဖြစ်ပါတယ်
ကျွန်တော် ငယ်စဉ်ကပြည့်စုံစွာ မွေးဖွားခဲ့ပေမယ့် ကုသိုလ်ကံနည်းခဲ့လို့ အဖေ နဲ့အမေ နဲ့ အတူတူအိပ်ရတဲ့ရက် ဟာတစ်ပတ်မှာ ၂ ရက်သာရှိခဲ့ပါတယ် အဲ့ဒီ့
အကြောင်းကို အပိုင်း (၂) မှာရေးသားခဲ့ပြီးပါပြီ https://steemit.com/myanmar/@nandaminkhant/koybawae-kang-testesang-apong-2-2017829t125155612z
ဒီလိုနဲ့ကျွန်တော် ၄ တန်း ရောက်တဲ့အထိ အဖွားနဲ့ အိပ်ခဲ့ရသလို သောကြာနေ့
ညအဖေလာခေါ်မှာမို့ အပျော်ဆုံးရက်တွေဟာ သောကြာနေ့တွေ ဖြစ်ခဲ့ဖူးပါတယ် တစ်နေ့မှာတော့ ကျွန်တော် ကျောင်းကအပြန် အိမ်မှာအမေ့ နဲ့ ညီလေး ကိုတွေ့လိုက်ရပါတယ် ကျွန်တော် အပျော်လွန်ပြီး လွယ်အိတ်တောင် မချနိုင်ပဲ
အမေ့ဆီ ပြေးသွားခဲ့ပါတယ် ကျွန်တော်ပျော်နေသလောက် အမေ့မျက်နှာမကောင်းဘူးဆိုတာ တွေ့လိုက်ရပါတယ် ညီလေးကတော့ ဘာမှမသိပဲ ၅ နှစ်ပြည့်ခါနီးအရွယ် ဆိုတော့ လျောက်ဆော့နေတာတွေ့ရပါတယ် ကျွန်တော်ပြန်ရောက်လာလို့ အဖွားနဲ့အမေ ပြောလက်စ စကားတွေရပ်သွားတာထင်ပါတယ်
အမေက သားလာပါဦးအမေ့ဆီ သားလေးနေကောင်းရဲ့လားလို့ နွမ်းလျတဲ့ မျက်နှာနဲ့ မေးပါတယ် ကောင်းပါတယ် မေကြီး သားတို့နဲ့လာနေတာလားလို့လဲ သိချင်စွာမေးမိပါတယ် အမေဘာမှ ပြန်မပြောပဲ ကျွန်တော့်ကိုရင်ခွင်ထဲပွေ့ဖက်လို့ ငိုပါတော့တယ် ဘာကြောင့်ငိုမှန်း မသိပေမယ့် ကျွန်တော် အလိုလို ဝမ်းနည်းလာပြီး အတူတူ ငိုမိပါတယ် (ခုရေးနေချိန်မှာတောင် သတိရလို့ မျက်ရည်ကျမိပါတယ်😢 အမေ့ကို ကျွန်တော် အရမ်းချစ်တယ်😢 )
အမေနဲ့ညီလေး ကျွန်တော်တို့ဆီ ရောက်ပြီး ၂ ရက်ကျော်လို့ ၃ ရက်မြောက်ညနေမှာ အဖေရောက်လာပါတယ် အဲ့ဒီအချိန်က အဖွားအိမ်က ခြေတဲရှည်အိမ်
လိုဆောက်ထားတာပါ အောက်မှာ ၃ ပေလောက် မြင့်တာမို့ အိမ်ပေါ်တက်ဖို့အုတ်လှေကား ၃ ထစ် ရှိပါတယ် အဖေကို အဲ့အုတ်လှေကားကနေ အမေက တံခါးမဖွင့်ပေးပဲ အထဲကသာစကားလှမ်းပြောနေပါတယ် ပြောလဲပြောငိုလဲငို ပေါ့ ကျွန်တော်မှတ်မိတာတစ်ခုကတော့ အမေ့ဘေးနားမှာ ထင်းခုတ်တဲ့ ဓားမကြီးချထားတာပါပဲ ကျွန်တော့်နဲ့ညီလေးကိုကို အဖွားက ဖက်ပြီးအိမ်ခန်းထဲခေါ်သွားပါတယ် အမေ့အသံကြားနေရတာကတော့ ရှင် သစ္စာမဲ့တဲယောကျာင်္း တစ်ယောက် ပဲ ကျွန်မ မပေါင်းနိုင်ဘူးလို့သာ တွင်တွင် အော်နေပါတော့တယ်
နောက် ၃ ရက်မြောက်မှာ အဖေနဲ့အမေ ရက်ကွက်ရုံးမှာပဲ ကွာရှင်းခဲ့ကြပါတယ်
ရုံးမှာကျွန်တော့် အဖေပြောခဲ့တာက သားအငယ်ကောင်သူ့ပေးပါ မပေးပါက မယားစရိတ်နှင့်တကွ မည်သည့်ပစ္စည်းမှ ခွဲဝေမပေးနိုင်ကြောင်း သဘောတူမှ ကွာရှင်းပေးပါမယ်တဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ အမေကတော့ ရဲဝံ့စွာပဲ မည်သူမှ မပေးနိုင်ကြောင်း မည်သည့်ပစ္စည်းမှလဲ မယူလိုကြောင်း ကွာရှင်းပေးဖို့သာအဓိက ဖြစ်ကြောင်း ပြောပြီး အများရှေ့မှာကွာရှင်းခဲ့ကြပါတယ် အမေ့ကို ဆင်ထားတဲ့လက်ဝတ်လက်စားနဲ့ အမေစုထားတဲ့ငွေကြေး အနည်းငယ်သာယူခဲ့ပါတယ်
အဲ့ဒီ့နောက်ပိုင်းကျွန်တော်တို့ မိသားစုအတွက် စားဝတ်နေရေး အတွက် ဘာမှမလုပ်ခဲ့ရတဲ့၊ မလုပ်ဘူးတဲ့ အမေကိုယ်တိုင် ဦးဆောင်ရပါတော့တယ် အဖွားကလဲ ဈေးထဲကဆိုင်ရောင်းပြီး အနားယူလို့ ကျွန်တော့်အဒေါ်အပျိုကြီး ကလုပ်
ကျေျးွနေတာပါ မထောက်ပံ့နိုင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်တို့ ညီအကို နှစ်ယောက်ကိုတော့ ထိန်းပေးပါတယ် မိန်းမသားဖြစ်ယုံမက စီးပွားရေး ဘာမှမလုပ်ဖူးတဲ့အမေဟာ အားငယ်နေမယ် ထင်ခဲ့ပေမယ့် စိတ် ဓာတ်မာကျောစွာ ဖြတ်သန်းခဲ့ပါတယ် အမေ့အမအကြီးဆုံး ယောကျာင်္းခဲအို ဖြစ်သူရဲ့ အကြံပေးချက်အရ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချ လက်ထဲရှိတဲ့ပိုက်ဆံပေါင်းပြီး (င/*** )ကားတစ်စီး ဝယ်ခဲ့ပါတယ် ဆီထုတ်ပြီး ပြန်ရောင်းစားရင် အိမ်စရိတ်အေးဆေးဆိုပဲ အဲ့ဒီအချိန်က အစိုးရဆီဆိုင်တွေက တစ်လ ကို ဆီဂါလံ ၁၂၀ လား ၉၀ လား (တစ်ခုခုပဲ သိပ်မမှတ်မိတော့လို့ပါ ) ပေးပါတယ် ၁၉၈၈ အရေးအခင်းမတိုင်မီကာလ ကပါ ။ဝယ်ကာစက အဆင်ပြေနေပေမယ့် သိပ်မကြာပါဘူး ကားအဟောင်းတွေ နယ်ပို့မယ် ဆိုတဲ့ သတင်းထွက်လာပါတယ် သေချာပြန်ပြင်ထားရင် လွတ်နိုင်တယ် ဆိုလို့လက်ထဲရှိတဲ့ ပိုက်ဆံအနည်းငယ် နဲ့
ကားလေးကိုသလိုက်ပါတယ် ဒါပေမယ့်လဲ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ
ကားလေးဟာ နယ်ပို့တဲ့ထဲ ပါသွားခဲ့ပါတယ် ကျွန်တော် တို့အရမ်းအားငယ်ခဲ့ရပါတယ် တခြားသူတွေ အဖေအမေစုံပေမယ့် ကျွန်တော်တို့ညီအကို ဝဋ်ကြွေးအရ အဖေစုံအမေစုံ မနေခဲ့ရပါဘူး တဖြည်းဖြည်းလဲ စီးပွားရေး ကျပ်တည်းလာခဲ့ပါတယ် အဖေကလဲ သူ့ကတိထားခဲ့တဲ့အတိုင်း ဘာမှမထောက်ပံ့ခဲ့ပါဘူး
ဒီလိုနဲ့ ၈၈ အရေးအခင်းကြီး ကို အားကိုးစရာ ယောကျာင်္းသား မရှိပဲ အဖွားရယ် ၊ အမေရယ် ၊ ကျွန်တော်တို့ညီအကို ၂ ယောက်ရယ် အိမ်ထဲက အိမ်ပြင် မထွက်ရဲပဲ ကြောက်ရွံ့အားငယ်စွာ ဖြတ်သန်းခဲ့ရပါတယ် ကျွန်တော့်စိတ်ထဲသိမ်ငယ်စိတ်တွေ အလိုလိုဖြစ်တည်လာခဲ့ သလိုကျွန်တော့ထက် စိတ် ဓာတ်မာကျောတဲ့ ညီလေးဟာ ဆတ်ဆတ်ထိမခံ စိတ်အရမ်ဆတ်တဲ့ဘက်ကို ကူးပြောင်းသွားပါတယ်
အဖေနဲ့ အမေ မကွဲခဲ့ကြရင် သိပ်ကောင်းမှာပဲ ဗျာ😢😢😢 ကျွန်တော် သိမ်ငယ်စိတ်တွေဝင်တာများတော့ သူငယ်ချင်းတွေကြား ငကြောက်လို့ အခေါ်ခံခဲ့ အစခံ ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ် တစ်ရက်မှာ ကျွန်တော့်သူငယ်ချင်းက သူ့လွယ်အိတ် အသစ် ကျောပိုးအိတ်ကို ကြွားပါတယ် ရိုးရိုးကြွားတာထက် မင်းမဝယ်နိုင်ပါဘူးကွာ လို့ကြည့်တဲ့အကြည့်ကို မခံနိုင်ဖြစ်ခဲ့ရပါတယ် ဒါ့ကြောင့် မုန့်စားဆင်းချိန်မှာ သူ့လွယ်အိတ်ကို ခဲတံ ချွန်တဲ့ဓား နဲ့ခွဲခဲ့ပါတယ် ရလာဒ်ကတော့အမေ့ကိုခေါ်ပြီး ဆရာမကြီးရုံးခန်းမှာ တောင်းပန်ရတာပါပဲ အဲ့ဒီ့နောက်ပိုင်း
ကျွန်တော်ဟာ သိမ်ငယ်စိတ်တွေ အကြောက်တရားတွေ ပျောက် ပြီး အရိုင်းဖက်ကို ကူးလာပါတော့တယ် ကျောင်းမှာလဲ ရန်ဖြစ် ရက်ကွက်ထဲလဲ ရန်ဖြစ် ကိုယ့်ဘဝကို အလိုမကျတာတွေကို ရန်ဖြစ်ရင်းနဲ့ ပေါက်ကွဲခဲ့ပါတယ် အမေရဲ့ ဆုံးမှု ကောင်းခဲ့လို့သာ လူမိုက်ဘဝနဲ့ ထောင်နန်းမစံ ခဲ့ရတာပါ
မိဘ နှစ်ပါး ကွဲကြ ပြဲကြရင်ကြားထဲ က ကလေးငယ်တွေဟာ မြေဇာပင် ဖြစ်ရပါတယ် အဲ့လိုမျှ မကသေး ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်နိုင်ပါတယ် ကျွန်တော် ယခုလက်ရှိ အိမ်ထောင်သည်ဘဝ ရောက်ခဲ့တဲ့အခါမှာ မိမိင်စဉ်က အတွေ့အကြုံဖြစ်ရပ်တွေကို အမြဲသင်ခန်းစာယူ လို့သားသမီးများကို သိအောင် ပြောပြလေ့ရှိပါတယ် နုနယ်တဲ့ ကလေးငယ်တွေရဲ့စိတ် အစွဲအလန်း
တွေဟာ ဖျောက်ဖျက်ရခက်သလို စိတ်ပိုင်းဆိုင်ရာတွေမှာ ဒုက္ခပေးတတ်ပါတယ် ဒါ့ကြောင့် စာဖတ်သူတို့ ကိုပေးချင်တဲ့ message ကတော့ အိမ်ထောင်မပြုခင် စဉ်းစားပါ အိမ်ထောင်ပြုပြီး ခလေးယူဖို့ကို စဉ်းစားပါ ကလေးယူပြီး လင်မယား ကွာရှင်းဖို့ကို စဉ်းစားပါလို့ ဖြစ်ပါတယ်
Steemit Myanmar မှ ညီအကိုမောင်နှမများအားလုံး ချမ်းသာထီပေါက်လို့ နိဗ္ဗာန်ရောက်နိုင်ကြပါစေခင်ဗျား
တကယ့် ဘဝ အတွေ့အကြုံဖြစ်ပြီး ကိုယ်တိုင်ရေးသား ခြင်းဖြစ်လို့ အမှားပါရင်ခွင့်လွတ်ကြဖို့တောင်းပန်ပါတယ်